Thursday, September 05, 2013

အသံတိတ် နှာစေး လိုင်းကြောင် မသိချင်ယောင်ဆောင်သူများအတွက်

 (Credit Nyi Thit )

၉၆၉ ပေါ်လာခါစ အချိန်ဟာ... 
အွန်လိုင်းပေါ်မှာ နာမည်မဟားဒယား ကြီးချင်နေကြတဲ့ 
အမျိုးသားရေး ၀ါဒီ အတုအယောင်တွေအတွက်..
ရွှေထီးဆောင်း ကာလတွေ ဖြစ်ခဲ့ပါတယ်...

မြန်မာပြည်မှာ ကုလား ဗမာ လူမျိုးရေး ပဋိပက္ခတွေ 
ငယ်ထိပ်ရောက်နေတဲ့အချိန် ဖြစ်တဲ့အတွက်.
အမျိုးဘာသာ သာသနာကွ၊ အမျိုးသား အကျိုးစီးပွားကွဆိုတဲ့ 
ခပ်ပေါပေါ စကားလုံးတွေနဲ့ တကယ် ခံယူချက်မရှိ၊ 
နာမည်ကြီးချင်ယုံ လူ လက်ခုပ်သံ ကြားချင်ယုံလောက် 
လုပ်ခဲ့ကြသူတွေ အများအပြား ပေါ်ထွက်ခဲ့ပါတယ်... 
မည်သူ မည်ဝါ ဖြစ်သည်ဟု နာမည်တပ် မပြောချင်ပါ....

ဒီနေရာမှာ အတုအယောင်လို့ ပြောရတာက အမျိုးသားရေးဝါဒီ 
အစစ်လည်း မဟုတ်လို့ပါ.. တကယ်ခံယူချက် ယုံကြည်ချက် ရှိရှိနဲ့သာ 
၉၆၉ ကို ထောက်ခံခြင်း မှန်ရင် အခုလို အချိန်မျိုးမှာ မီးခဲ ဖင်ခုထိုင်ထားသလို
ဖြစ်နေရမှာ ဖြစ်ပြီးမိမိတို့ ထောက်ခံတဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်ကို
ကိုယ်တတ်နိုင်တဲ့ ဘက်က ဆွဲတင်ဖို့ အသေအလဲ ကြိုးစားနေရမယ့်အချိန် ဖြစ်ပါတယ်..

သို့ပါသော်လည်း မထောက်ခံသူများဘက်က 
မည်သို့ မည်ပုံကြောင့် မထောက်ခံနိုင်ကြောင်း
ပြောကြားနေကြချိန်မှာ... 

အချက်အလက်ပိုင်း ယုတ္တိတန်မူ အပိုင်းမှာ ဘယ်လိုမှ ယှဉ်လို့ မရတဲ့အဆုံး.... 
၉၆၉ မထောက်ခံသူများဟာ ကုလား လော်ဘီတွေပါ သာသနာဖျက်တွေပါ 
ဆိုတာမျိုး ဗမာအချင်းချင်း ကုန်းတိုက်တာထက် ပိုပြီး ဘာမှ အဖြစ်ရှိအောင်
ကျေနပ်လောက်အောင် Data နဲ့ မတိုက်နိုင်ကြသလို
ကျိုးကြောင်း ဆီလျော်အောင် ရှင်းလင်းတာမျိုးလောက်အထိ အဖြစ်မရှိကြပါ.....

မောင်ညီသစ်ဟာ ၉၆၉ကို မထောက်ခံပေမယ့် ၉၆၉ အဖွဲ့အစည်းအတွက်တော့ 
ဝမ်းနည်းပါတယ်... ယင်းအဖွဲ့အစည်းကို အာပေးထောက်ခံပါတယ်ဆိုတဲ့ 
လူပုဂ္ဂိုလ်တွေထဲမှာ တကယ် ယုံကြည်ချက်ရှိလို့ ထောက်ခံတဲ့လူထက်
နာမည်ကြီးချင်လို့ ခဏ ယောင်ဝါးလုပ်တဲ့လူက ပိုများပါတယ်.. 
လူ လက်ခုပ်သံ ကျယ်ကျယ် ကြားရနိုင်မယ့် အချိန်မှာမှ ၉၆၉ ဆိုတဲ့ တံဆိပ်ကို
လည်ပင်းမှာ ဆွဲပြီး မြောက်ကြွမြောက်ကြွ ဖြစ်နေကြပေမယ့် 
အခုလိုပြည်တွင်းပြည်ပက ပြင်းပြင်းထန်ထန် အဝေဖန်ခံရချိန်၊ 
ကုလား - ဗမာ ပဋိပက္ခ အနည်းငယ် သွေးအေးသွားလို့ တော်ယုံ အသိဥာဏ်ရှိပြီး
စဉ်းစားဆင်ခြင်တတ်တဲ့ လူတွေရဲ့ မျက်လုံးထဲမှာ ၉၆၉ ကို negative ပြလာတဲ့အခါ .. 
အရင်က မြောက်ကြွမြောက်ကြွ ဖြစ်နေကြသူများဟာ ရူးချင်ယောင်ဆောင် 
လိုင်းကြောင်တွေ ဖြစ်သွားကြတာ မြင်နေရ့ပါတယ်.... 

ကျွန်တော်ကတော့ ၉၆၉ကို ထောက်ခံပါတယ် ဘာညာ သာရကာ 
ဆိုတဲ့ လူတွေရဲ့ စာတွေလည်း မတွေ့ရ မမြင်ရတော့ပါ... 
မည်သူမည်ဝါ ဖြစ်သည်ဟု နာမည်တပ် မပြောချင်ပါ.......

စေတနာမမှန် အခြေမခိုင်တဲ့ အဖွဲ့အစည်းတစ်ခုရဲ့ နိဂုဏ်း
မကြာခင် ရောက်လာတော့မှာ ဖြစ်သလို ယုံကြည်ချက် မရှိဘဲ 
နာမည်ကြီးချင်ယုံ ယောင်ဝါးလုပ်ကြတဲ့ အမျိုးသားရေး ၀ါဒီ အတုအယောင် 
သရဲဘောကြောင်တွေကြောင့် ခင်များတို့ ဒီတသက် ၉၆၉ ကောင်းကြောင်း
ထောက်ခံကြောင်း ချက်ကြလက်ကျ ရေးထားတဲ့ တုန့်ပြန်စာမျိုး ဖတ်ရဖို့ မရှိတော့ပါ..... 

ဖတ်ရရင်လည်း .. ထောက်ခံတယ် မထောက်ခံဘူး မပြောလိုပေမယ့်.. 
ဒါက ဒီလိုရှိပါတယ်ဆိုတာမျိုးလောက်ပဲဖြစ်ပါလိမ့်မယ်.... 

ဒီနေရာမှာ တစ်ခု ထပ်ပြောလိုတာက ကောင်းကောင်း ဆိုးဆိုး 
လူ အဆဲခံပြီး လက်ရှိ အချိန်ထိ ၉၆၉ လော်ဘီ လုပ်နေတဲ့ " ဦးဖာ" လောက် ဘယ်သူမှ 
ဇ မရှိကြဘူးလို့ပဲ သုံးသပ်ပါရစေ.....

အသံတိတ် နှာစေး... လိုင်းကြောင်ပြီး မသိချင်ယောင်ဆောင်နေကြသူများသို့...

ညီသစ်