Friday, September 06, 2013

ဦးသိန်းစိန် အစိုးရရဲ့ မြန်မာပြည်အပေါ် သစ္စာဖောက်တဲ့လုပ်ရပ်


Hawdeka Khalaylay


ကျောက်ဖြူကူမင်းပိုက်လိုင်းကြီးပြီးလို့ ဂါတ်စ်တွေ စလွှတ်နေပြီဆိုမှ 1mmBTU ကို 9USD နဲ့ ရောင်းနေတာတဲ့ ၊

ကမ္ဘာ့ဂါတ်စ်ဈေးမှာ 1mmBTU ကို ပုံမှန်ဈေး 18USD လောက်ရှိတယ် ကြားပါတယ် ၊

ဂါတ်စ်ရောင်းတဲ့ စာချုပ်ကို သာ ၂၀၁၀ ဦးသိန်းစိန် အစိုးရ စတက်ကတည်းက မြန်မာပြည်သူပြည်သားတွေကို ချပြရင် ဒီပိုက်လိုင်းကြီး ပြီးမှာကိုမဟုတ်ဘူး ၊

ခုတော့ 1mmBTU ကို 9USD ပဲရမယ်တဲ့ ၊

ဒီစာချုပ်ကို ချုပ်ခဲ့တဲ့ သူတွေကို မြန်မာပြည်ကိုရောင်းစာမှု နဲ့ အပြစ်ပေးရမယ် ၊

ဦးသိန်းစိန် အစိုးရဟာ ဒီစာချုပ်ကို မြန်မာပြည်က ပြည်သူပြည်သားတွေကို အချိန်မီ ချမပြ ခဲ့ပဲ ထိန်ချန်ကွယ်ဝှက်ခဲ့တယ် ၊

ဒီလုပ်ရပ်ဟာ မြန်မာပြည်ကို သစ္စာဖောက်တဲ့ လုပ်ရပ်ပဲ ၊

တရုတ်နိုင်ငံကိုလည်း နိုင်ငံကြီးပီပီသသ လူကြီးလူကောင်းပီပီသသ အိမ်နီးချင်းပီပီသသ ပုံစံ နဲ့ မြန်မာပြည်ကို တန်းတူ ဆက်ဆံပါလို့ ပြောပါရစေ ၊

တရုတ်ပြည်ကို ဒီပုံစံ နဲ့ မြန်မာပြည်က ဂါတ်စ် တွေ ပို့ နေတာတွေကို လက်မခံ နိုင်ပါဘူး ၊

ဒီတော့ ကျနော်တို့တစ်တွေ 

၁ ၊ မြန်မာ တရုတ် ဂါတ်စ် အရောင်းအဝယ်စာချုပ်ကို မျှတအောင် အသစ်ပြန်လည်ချုပ်ရမယ်

၂ ၊ အရင်စာချုပ်ကို ၂၀၁၀ ကနေ ၂၀၁၃ အထိ ထိန်ချန်ကွယ်ဝှက်ထားတဲ့ ကြံရာပါ ဦးသိန်းစိန် အစိုးရ ရဲ့ လုပ်ရပ်ကို မြန်မာပြည်ကို သစ္စာဖောက်တဲ့ လုပ်ရပ်အဖြစ် သမိုင်းတွင်အောင် သတ်မှတ်ရမယ် ၊

၃ ၊ ဒီစာချုပ်ကို ချုပ်ခဲ့တဲ့ သူတွေကို မြန်မာပြည်ကိုရောင်းစားမှု = နိုင်ငံတော်ပုန်ကန်မှု နဲ့ အပြစ်ပေး အရေးယူရမယ် —