Tuesday, September 17, 2013

သမိုင်းတရားခံများ တာဝန်အမဲ့ဆုံး. ဘောလီဘောပုတ်မှုများ

၂၀၁၅ ခုနှစ်တွင် ယာယီသက်သေခံလက်မှတ် (White Card) ကိုင်ဆောင်ထားသူများ အနေဖြင့် မဲပေးခွင့် ပြုမပြုသည် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန သတ်မှတ်ချက်အပေါ်တွင်သာ မူတည်သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးတင်အေးက ယမန်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကို ကျင်းပပေးရသူများသာဖြစ်ပြီး မဲပေးခွင့်ရှိသူ သတ်မှတ်ရန်အတွက် ဥပဒေပြုသော လွှတ်တော်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနတို့၏ ဥပဒေများ၊ စိစစ်မှုများအရသာ ဆောင်ရွက်ရသူများ ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။ 

သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကမူ ရွေးကောက်ပွဲတွင် မဲပေးခွင့် ရှိမရှိ ဆိုသည်မှာ ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ချက်တွင်သာ မူတည်မည်ဖြစ်ကြောင်း ဇွန် ၂၉ ရက်က ပြောကြားခဲ့ဖူးပါသည်။

Ref : emg