Saturday, August 10, 2013

ရခိုင်သတင်းများ


(၉/၈/၁၃)နေ့ စစ်တွေမြို့ တွင် ဘင်္ဂလီကုလားများ အကြမ်းဖက်၍ ရဲဝန်ထမ်းတစ်ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရ
စစ်တွေမြို့၊အုန်းတောချေကျေးရွာ(ဘင်္ဂလီ) တွင် ယနေ့ နံနက်ပိုင်းက ကျေးရွာဗလီတွင် သူတို့အကြမ်းဖက်မူဆလင်များ ကျင့်သုံးသည့် ချာရီယာဥပဒေအရ စီရင်ခြင်းခံရ၍ သေဆုံးနေသော ဘင်္ဂလီကုလား တစ်ဦး၏ အလောင်းအား မိသားစုများတိုင်တန်း ချက်အရ ထိုကျေးရွာအနီးတွင် ဖွင့်လှစ်ထားသော ရဲစခန်းမှ ရဲဘော်များမှ ဗလီအတွင်းမှ ဘင်္ဂလီအလောင်းအား ထုတ်ပေးရန် တောင်းဆိုရာမှ ရဲဝန်ထမ်းများနှင့် ဘင်္ဂလီကုလားများ အချင်းများကြရာမှ ဘင်္ဂလီအင်အား ၁၀၀၀ ခန့်ဝိုင်းအုံလာသောကြောင့် ရဲစခန်းသို့ဆုတ်လာကြ စဉ် ဘင်္ဂလီကုလားများ အကြမ်းဘက်သောကြောင့် ရဲဝန်ထမ်းတစ်ဦးသေဆုံးပြီး၊ သုံးဦးဒဏ်ရာ ရရှိသွားပါသည်။ ရဲစခန်းအားလဲ မီးရို့ကြသောကြောင့် စခန်းတချို့တ၀က် ပျက်စီးသွားသည်ဟု သိရှိရပါသည်။ မြို့ပေါ်မှ လုံခြုံရေးအင်အားဖြည့်ရန် ကားများဖြင့် ဆင်းသွားရာ ကားလမ်းပေါ်တွင် ဘင်္ဂလီကုလားများသည် အုန်းပင်ပိုင်းများကို ချထားခြင်း၊ လမ်းများအား ကားသွားလာ၍ မရအောင် ကားလမ်းပေါ်တွင် ရေမြောင်းများဖြစ်အောင်ထိ လမ်းများအား ပိုင်းဖြတ်ထားခြင်းများ ကြုံတွေ့ရသောကြောင့် အခင်းဖြစ်ပွါးသည့်နေရာသို့ အချိန်နှောင်းမှ ရောက်သွားသောကြောင့် ရဲဝန်ထမ်းများ သေဆုံး၊ဒဏ်ရာရရှိသွားကြခြင်းဖြစ်ပါသည်။ ထိုအခြေအနေကို သုံးသပ်ခြင်းဖြင့် ထိုဘင်္ဂလီကုလားများတွင် ကြိုးကိုင်ညွှန်ကြားချက်များအတိုင်း စနစ်တကျစီစဉ်သွားခြင်း ဖြစ်သည် ဟုသုံးသပ်ကြပါသည်။ ထိုကျေးရွာမှတဆင့် ဘောဒူဖဘင်္ဂလီကုလားစခန်းတွင်လဲ ရဲစခန်းအားဝိုင်းရံခြင်းနှင့် သူတို့အားဆေးကုသပေးနေသော အင်ဂျီအိုများဖွင့်လှစ် ထားသော ဆေးပေးခန်းအား ဖျက်ဆီးခြင်း ဆရာဝန်နှင့်သူနာပြုများအား ရန်မူခြင်းကြောင့် ရဲစခန်းသို့ ထွက်ပြေးလာကြရသည်ဟု သိရှိရပါသည်။ ယခုအခါ လုံခြုံရေးတင်းကျပ်ထားပြီး ထိန်းသိမ်းထားသည်ဟု သိရှိရပါသည်။

Aung Mra Kyaw (Arakan News)

စစ်တွေ အထူးသတင်း
****************
သြဂုတ် ၉၊ ၂၀၁၃။
စစ်တွေမြို့ နယ် ဘောဒူဘကျေးရွာအုပ်စု ဘင်ဂလီဒုက္ခသည်စခန်းတွင်
ရခိုင်ပြည်နယ်အစိုးရတစ်ဖွဲ့လုံး ပိတ်မိနေကြောင်း ဒုဗိုလ်မူးကြီးထိန်းလင်း
ရခိုင် နယ်စပ်ရေးရာဝန်ကြီးထံမှ ဖုန်းအဆက်အသွယ် ရရှိပါသည်။
ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ပါဝင်ကြောင်း သိရပါသည်။
ဘင်ဂလီများမှ လမ်း တံတားများကို ဖျက်ဆီးမီးရှို့  အကြမ်းဖက်မှုများ
ပြုလုပ်နေကြောင်း စစ်တပ်နှင့် ရဲလုံထိန်းများ အင်းအားသုံးလျှက်
ဝန်းရံထားသော်လည်း ဘင်ဂလီများမှ လူအင်အား သာလွန်ကြောင်း
ရခိုင်ပြည်နယ် အစိုးရတစ်ဖွဲ့လုံး ပိတ်မိနေကြောင်း သတင်းရရှိသည်။
နောက်ဆုံးသတင်းရချိန် ည (၁၀း၀၅) ဖြစ်ပါသည်။
(Qing Minya)

ရဲစခန်း မီးရှို့ မှု လူစုခွဲရာ ဘင်္ဂလီ(၄)ဦး သေဆုံး

စစ်တွေမြို့နယ် ၊ အုန်းတောကြီး ဒုက္ခသည်စခန်းတွင် ဧရိယာဝင်းမှ အရာရှိရုံးထိုင်အဆောင်၊ ကင်းစောင့်ရုံ၊ အခြားအဆောင်နှစ်ခု စုစုပေါင်း (၄)ဆောင် မီးလောင်းသွားကြောင်း သိရှိရပြီး အစိုးရမှ သေနပ်ဖောက် လူစုခွဲမှုကြောင်း ဘင်္ဂလီကုလား (၄)ဦးသေဆုံးပြီး တစ်ချို့မှာ ဒဏ်ရာရရှိပြီး အရေးပေါ်ကျန်မာရေး စောင့်ရှောက်မှုများ ပြုလုပ်ထားရကြောင်း သိရှိရပါသည်။
အခင်းဖြစ်စဉ်မှာ အုန်းတောကြီးကျေးရွာ အနီးရှိ ချောင်းမှ ဘင်္ဂလီ အမျိုးသမီး အလောင်း တစ်လောင်း တွေ့ရှိခဲ့ရာ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းသို့ ယူဆောင်ကာ စစ်ဆေးမှု များ ပြုလုပ်ရန် ယူဆောင်ခဲ့ကြောင်း၊ အဆိုပါ အလောင်းအား ဘင်္ဂလီများ က မိမိတို့ထံ ပေးရန်တောင်းဆိုရာ မရရှိသဖြင့် ချောင်းဝ ရဲစခန်းအား မီးရှို့ဖျက်ဆီး လိုက်ကြောင်း သိရသည်။
ယနေ့ ညနေထိ အခြေအနေမှာ တင်းမာလျှက်ရှိသည်။ အုန်းတောကြီးဒုက္ခသည်စခန်းသို့ သွားသောလမ်းအားလည်း လုံခြုံရေးများမှ ပိတ်ထားပြီး အခြေအနေကို ထိန်းသိမ်းနေသည်ဟု ကျန်မာရေးဝန်ထမ်းတစ်ဦးမှ RSV အား ပြောပြသွားပါသည်။

စစ်တွေ အုန်းတောကြီးသတင်းနောက်ဆုံးအခြေအနေ
ပဋိပက္ခဖြစ်ပွားခဲ့သော နေရာမှာ ဘောဒူဘဒုက္ခသည်စခန်းနှင့် အုန်းတောကြီးဒုက္ခသည်စခန်းအနီးတစ်ဝိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခုအချိန်တွင် ပဋိပက္ခများ ထပ်မံမကြီးထွားလာစေဖို့ နယ်စပ်ရေးရာ လုံခြုံရေး ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် စစ်တွေအခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများမှ တာဝန်ရှိသူများ ဘင်္ဂါလီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနေကြောင်းသိရသည်။
အုန်းတောကြီးဒုက္ခသည်စခန်းဘက်သို့ မည်သည့် လုံခြုံရေးကားများမှ ဝင်ရောက်၍ မရအောင် လမ်းများကို သစ်ပင်ကြီးများနှင့် ကာဆီးထားခြင်းအပြင် ကတုတ်ကျင်းများ အပိုင်းပိုင်း တူးထားကြောင်းလည်းသိရသည်။
သြဂုတ်လ ၁၂ ရက်နေ့တွင် မစ္စတာ ကင်တားနား စစ်တွေကိုလာရောက်မည်ဖြစ်သည့်တွက် နိုင်ငံတကာတွင် အစိုးရကို အပြစ်ပုံချရန်နှင့် ကင်တားနား မျက်ရည်ကျစေရန် ကြိုတင် အကွက်ချလုပ်ဆောင်ခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများရှိနေသည်။

(RSV)

Friday, August 9, 2013
ရဲကင်း မီးရှို့ခံရမှု ရခိုင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံနှင့် မေးမြန်းချက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အုန်းတော ဒုက္ခသည်စခန်းမှာ ဒီနေ့မနက်ပိုင်းက ရဲကင်းနဲ့ လုံခြုံရေး အဆောက်အဦတချို့ မီးရှို့ခံလိုက်ရပါတယ်။
မွတ်စလင်ဒုက္ခသည်တွေနဲ့ ရဲတပ်ဖွဲဝင်တချို့ ပဋိပက္ခဖြစ်ပွားရာက စတင်ခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ဒီဗွီဘီကို ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးဝင်းမြို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။
ဒုက္ခသည် စခန်းမှာ ဘင်္ဂါလီတွေက ရဲစခန်းကို မီးရှို့လိုက်တယ်လို့ ကြားတယ်။ ဦးဝင်းမြိုင်တို့ ဘယ်လိုကြားလဲ။
“ဖြစ်စဉ်တွေက ဒီလိုပါ။ အုန်းတော်ဒုက္ခသည်စခန်း ချောင်းဝမှာ အမျိုးသမီးအလောင်းတလောင်း တွေ့လို့ဆိုပြီးတော့ ဒီနေ့ မနက် ၁၀ နာရီကျော်ကျော်လောက်မှာ ရဲတပ်ဖွဲ့တွေက ရဲလုပ်ထုံး လုပ်နည်းအရ စစ်ဆေးဖို့ သွားယူပါတယ်။ အဲဒီလို သွားယူတာကို ဘင်္ဂါလီတွေက အဲဒီအလောင်းကို သူတို့အပ်ရမယ်ဆိုပြီးတော့ တောင်းဆိုကြတယ်။ တောင်းဆိုတော့ မပေးတဲ့အတွက် သူတို့လူအုပ်တွေ တဖြည်းဖြည်းနဲ့ ထောင်ဂဏန်း လောက်ရှိလာပြီး အဲဒီက ရဲစခန်း ရဲကင်းကို မီးရှို့တယ်။ နောက်ပြီးတော့ အရင် နကသ (နယ်စပ်ကုန်သွယ်ရေး) တွေ နေခဲ့တဲ့ အဆောက်အဦ သုံးလေးလုံးကိုလည်း အဲဒီမှာ လူအုပ်နဲ့ ၀ိုင်းပြီးတော့ မီးရှို့တယ်။ အဲဒီအတွက် ရဲကနေပြီးတော့ ပထမတော့ ခြောက်ပြီး မိုးပေါ်ထောင်ပစ်တယ်။ သူတို့က ပိုအတင့်ရဲလာပြီး ပစ်ခတ်တဲ့အတွက် သုံးလေးဦးလောက် ဒဏ်ရာရသွားတယ်၊ သေဆုံးတာတော့ မရှိပါဘူး။”
အခုအခြေအနေတွေကို ထိန်းချုပ်ထားနိုင်ပြီလား။
“အခြေအနေကို ထိန်းချုပ်ထားတာပဲ။ ဒါပေမယ့် အဲဒီလုံခြုံရေး အဖွဲ့တွေက ပြန်မလာသေးပါဘူး။ ဒီဘက်က ကျနော်တို့ လုံခြုံရေးဝန်ကြီး ကိုယ်တိုင် အဲဒီဘက်ကို လိုက်သွားပါတယ်”
သေဆုံးသွားတဲ့ အမျိုးသမီးအလောင်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဘာတွေ သိရသလဲ။
“ကျနော်တို့က ဘာကြောင့်သေလဲဆိုတာ စစ်ဖို့ ရဲက သွားယူတာပါ။”
အဲဒါက ဘင်္ဂါလီအမျိုးသမီးပဲလား။
“ဟုတ်ပါတယ်။ ဘင်္ဂါလီအမျိုးသမီး အလောင်းသေလို့ ရဲက သတင်းရလို့ ဒီအလောင်းကို သွားယူတာပါ။”
အခုမြန်မာစံတော်ချိန် ၅ နာရီလောက်ရှိပြီ။ နောက်ဆုံးအခြေအနေ ဘာပြောနိုင်မလဲ။
“အခုငြိမ်ပြီးတော့ အဲဒီမှာတော့ ဘာမှထပ်ပြီး ပြဿနာ မဖြစ်တော့ပါဘူး။”ရဲကင်းနဲ့ နကသတွေ နေခဲ့တဲ့ စခန်းတွေ မီးရှို့တာ အကုန်လုံး ပြာကျသွားတာ ဘယ်လိုအနေအထား ဖြစ်သွားလဲ။“အဲဒါကျနော်လည်း မသိရသေးဘူး။ ကျနော့်တပည့်လည်း အဲဒီမှာ ပါသွားတဲ့အတွက် ပြန်မလာသေးတော့ အခြေအနေတွေကို အတိအကျ ကျနော် မပြောနိုင်သေးတာပါ။”
ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး အဖွဲ့အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ ဘာများပြောစရာရှိလဲ။
“မစ္စတာ ကင်တာနား လာမှာကို ပြဿနာဖြစ်အောင် လုပ်တယ်လို့ပဲ ကျနော်က ယူဆပါတယ်။ ကျနော်တို့က နှစ်ဦးနှစ်ဖက် ပြေလည်အောင် အကုန်လုံးလုပ်ပေးနေတာ သူတို့ဘက်က ဒီလိုလုပ်လုပ်လာတာတော့ မကောင်းဘူးပေါ့။”
ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တဲ့ သဘောလား။
“ကျနော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်။”
by ရွှေအောင် (ဒီဗွီဘီ)

သြဂုတ် ၉၊ ည ၁၁ နာရီ။
ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်တွင်
ညမထွက်ရ အမိန့် ထုတ်ပြန်လိုက်ကြောင်း
သတင်းရရှိပါသည်။
.