Tuesday, July 09, 2013

လက်ပန်တောင်းတောင် အလွမ်း ( Thetnai Win )

အော်....ဘာလိုလိုနဲ့ လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း စတင်အကောင်ထည်ဖေါ်ခဲ့တာ(၃)နှစ်
မြေလျော်ကြေးပေးတာ(၂)နှစ်၊စီမံကိန်းရပ်ဆိုင်းရေးအတွတ် ဆန္ဒပြတာ(၁)တောင်ရှိခဲ့ပါပြီကော၊
၃ နှစ်တာကာလအတွင်းမှာ ပဋိပက္ခတွေ၊ပြဿနာတွေ၊ဆန္ဒပြတာတွေ ဆိုတဲ့ဒုက္ခတွေသာ တွေ့မြင်
ခဲ့ရပြီး စိတ်ချမ်းသာ ပျော်ရွင်စရာဆိုတဲ့ သုခတွေ မတွေရှိခဲ့ရပါလား၊စီမံကိန်း စတင်ကထည်းက
မှားလာလိုက်ကြတာ ခုချိန်ထိ မှားယွင်းနေဆဲပါဘဲလား၊နိုင်ငံတော်အကျိုးစီးပွားလို့ပြောဆိုတာတွေ၊
နှစ်(၃၀)စီမံကိန်းကနေနှစ်(၆၀)စီမံကိန်းဖြစ်လို့ဖြစ်၊အကျိုးတူပူးပေါင်းဆောင်ရွက်မှုလို့ပြောလို့ပြော၊
အစိုးရနဲ့တပ်ရိုက်ချုပ်ဆိုတဲ့စာချုပ်မဟုတ်ပဲ သထ္တုတွင်းဝန်ကြီးဌာန နဲ့သာချုပ်ဆိုတဲ့စာချုပ်လို့ဆိုလာ
ပြန်နဲ့ နောက်ဆုံ့း အနှစ်ချုပ်လိုက်တော့ ဘယ်သူတွေကောင်းစားတာလည်းဆိုတာ မပြောသာပေမဲ့
ဒုက္ခရောက်နေသူတွေကတော့ ဒေသခံ ပြည်သူတွေပါ၊အခကြေးငွေယူပြီးဆန္ဒပြတယ်လို့ပြောတဲ့သူ၊
သွေထိုးလှုံ့ဆော်လို့ဖြစ်ရတာပါလို့ပြောတဲ့သူကပြော နဲ့ ကြာလာရင် မြေယာသိမ်းဆီးခံရတဲ့ဒေသခံ
တောင်သူတွေ သူပုန် ဖြစ်ရမဲ့ကိန်းတောင် ဆိုက်လာတော့မဲ့အချေပေါ့၊ဒါတောင် တရုတ်ကိုလည်း
ကြောက်ရသေးတယ်ဆိုတာ ပါလိုက်သေး၊သေခြာပြန်လည်ဆန်းစစ်ကြည့်လိုက်တော့ အတက်ကဖိ
အောက်ကလိမ် ပွေလိမ်ရှုတ်လာတော့ ဖြေလို့မ ရ ဖြေမရတော့ နင်းပြားတွေကိုနှိမ် နဲ့ လုံးခြာလိုက်
နေတာပေါ့၊ နောက်ဆုံး လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့၊
အစီရင်ခံစာထွက်လာ တချိန်ထဲမှာဘဲ ဖေါ်ဆောင်ရေးကော်မတီက ကပ်ပါလာသေးတယ်၊အဲဒါလည်း
ထပ်မှားပြန်ရော..စစ်ဆေးရေးကော်မတီ (၀ါ)တွေ့ဆုံဖြေရှင်းရေး ဆိုလည်းတော်သေး၊ဘာကြောင့်လဲ
ဆိုတော့ သူတို့မှားလုပ်ခဲ့တာတွေကို ပြန်လည်ဖြေရှင်းရအုံးမှာလေ၊တကယ်တော့ မိမိပိုင်ဆိုင်တဲ့
မြေယာတွေကိုဘယ်သူက လွယ်လွယ်ကူကူ စွန့်လွတ်ချင်မှာလည်း၊အဲဒီကိစ္စကို မသိကြတာလား?
သိရက်နဲ့ မိမိအကျိုးစီးပွား(၀ါ)မိမိတို့ရဲ့ အမှားကို ၀န်မခံရဲတာလား?တာဝန်ယူစိတ် တာဝန်ခံစိတ်
မရှိကြတာလား?၊တကယ်ဆိုရင် ဒေသခံတွေရဲ့ စိတ်နေသဘောထားလေးကိုတော့ ထည့်စဉ်းစား
သင့်ပါတယ်၊အရဲစွန့်ပြီး မေးလိုက်ခြင်ပါသေးတယ်၊နိုင်ငံတော် တိုးတက်ဘို့အတွတ် မိမိတို့ ရဲ့စည်းစိမ်
ကို ဘယ်လောက်စွန့်လွတ်ရဲလည်း၊ကိုယ်ခြင်းစာသင့်ပါတယ်၊မိမိရဲ့အိမ်ဝင်း/တိုက်တာ/အဆောက်
အဦး မရောင်းခြင်ပါဘူးဆိုရင် အာဏာနဲ့သိမ်းမှားလား?ညှိနှိုင်းမှာလား?အဖြေကရှင်းရှင်းလေးပါ၊
မိုးလွန်မှတော့ ထွန်ချရတာခက်သွားပါပြီ၊တကယ်တော့ဒေသခံတွေမှာ စိတ်ဒါဏ်ရာ သင့်နေ
ကြပါပြီ၊ နောက်ဆုံးတော့ သူတို့ရဲ့ စိတ်ဒါဏ်ရာကိုဘယ်သူလာကူမလည်းဆိုပြီး ကျိန်စာသင့်နေတဲ့
လက်ပန်တောင်းတောင်ကိုကြည့်ပြီး....နေမ၀င်ပါစေနဲ့လို့ဆုတောင်းရင်း..........။