Wednesday, July 24, 2013

အခုမှ..အသံ သဲ့သဲ့ကလေး..ထွက်လာတယ်.. မျိုးချစ်တို့ရေ...ဆဲလိုကဆဲနိုင်ပါပြီ..

(DVB)

ရခိုင်ပြည်နယ်မှာ မည်သည့်နိုင်ငံသားမှန်း ဖော်ထုတ်လို့ မရသေးသူ၊ 
ကိုယ်တိုင်လည်း မည်သည့်နိုင်ငံသားမှန်း ..
အထောက်အထား တစ်စုံတစ်ခု မပြနိုင်သေးသူတွေကို..
White Card ထုတ်ပေးထားပြီး ၂၀၁၀ ရွေးကောက်ပွဲတုန်းက.. 
မဲပေးခွင့်ပြုခဲ့ကြောင်း ..
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ၀န်ကြီး ဦးခင်ရီက 
ပထမ ဦးဆုံးအကြိမ် ၀န်ခံ ပြောဆို ပါတယ်။

ဇူလိုင် ၂၁ ရက်နေ့ ရန်ကုန်မှာ သမ္မတ ဦးသိန်းစိန်နဲ့ 
ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ တာဝန်ရှိသူတွေ
တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။ 

အခု လုပ်ရပ်ဟာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက 
ကိုယ့်ပါတီ အနိုင်ရရေးကို ကြည့်ပြီး လုပ်ခဲ့တဲ့
စစ်အစိုးရနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ အလွန်မှားယွင်းတဲ့ 
လုပ်ရပ်ဖြစ်ပီး ဒီကနေ့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့
အလွန်ဆိုးရွားတဲ့ အခြေအနေ ဖြစ်ပေါ်လာအောင် 
လုပ်ခဲ့သလိုလည်း ဖြစ်တယ်လို့ ..
အင်န်အယ်လ်ဒီ ပြည်သူ့လွှတ်တော် အမတ် ဦးဖြိုးမင်းသိန်းက
ဒီဗွီဘီကို ပြောပါတယ်။

Pa Yit