Wednesday, February 20, 2013

အမျိုးသားရေးဆိုတာ သူတပါးရဲ့ ကျူးကျော်ရန်စစော်ကားမှုကို ခုခံခြင်းဖြစ်ပါတယ်။ သူတပါးကို ကိုယ့်ဖက် ကျူးကျော်ရန်စ စော်ကားဖို့မဟုတ်ပါဘူး

Won Thar Nu


တစ်နေ့က အမျိုးသားရေးလုပ်တဲ့နေရာမှာ အမုန်းတရားကိုရှေ့တန်းမတင်ပဲ တရားဥပဒေဘောင်အတွင်းကနေ လုပ်ဖို့ စာရေးပြီး သတိပေးခဲ့တယ်။

ရေးရတဲ့ရည်ရွယ်ချက်က အဓိကရုဏ်းတွေဆီကနေ အမြတ်ထုတ်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေတဲ့လူတွေ ရှိနေတယ်ဆိုတာ သိထားလို့။ ခု သာကေတမှာ ကုလားဆိုင်တွေကို ၀င်ဖျက်တယ်ဆိုတဲ့ သတင်းထွက်လာတယ်။ ဘယ်သူနောက်ကနေ ကြိုးကိုင်နေတယ်ဆိုတာလည်း သိရတယ်။ မလုပ်သင့်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် ၀ံသာနုကနေ ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်။ မြန်မာတွေရဲ့ စရိုက်က ခွေးနှစ်ကောင်ကိုက်ရင်တောင် ၀င်ပါတတ်တော့ ခုလိုမျိုး တစ်ဦးတစ်ယောက် ဒါမှမဟုတ် အဖွဲ့တစ်ခုက ဦးဆောင်ပြီး ဥပဒေမဲ့ရမ်းကားလိုက်တာနဲ့ နဂိုရှိနေတဲ့အမုန်းတရားကြောင့် တခြားလူတွေပါ ၀င်ပါလာခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ဆက်နွယ်ပြီး ကုလား-ဗမာ အဓိကရုဏ်း ကြီးကြီးကျယ်ကျယ်ဖြစ်သွားရင် ဘယ်သူတွေနစ်နာမလဲ။ သာမန်ပြည်သူတွေပဲ အများဆုံးနစ်နာပါတယ်။ ပြုပြင်ပြောင်းလဲရေး ကြိုးစားနေတဲ့ သမ္မတဦးသိန်းစိန်အစိုးရ နာမည်ပျက်ပါတယ်။ ထိထိရောက်ရောက် ၀င်ပါနိုင်ခြင်းမရှိတဲ့ အတိုက်အခံပါတီတွေ နာမည်ပျက်ပါတယ်။ အွန်လိုင်းပေါ်က အမျိုးသားရေး လှုပ်ရှားသူတွေဟာ လူမျိုးရေးမုန်းတီးသူတွေအဖြစ် ဆိုးဆိုးဝါးဝါးနာမည်ပျက်ရပါတယ်။ အစိုးရအနေနဲ့လည်း နိုင်ငံတကာဖိအားတွေကြားမှာ မူဆလင်တွေကို နိုင်ငံရေးမှာ နေရာပေးရမယ့်ကိန်း ဆိုက်လာရပါတယ်။

ဘယ်သူတွေ အမြတ်ထွက်မလဲ။ မြန်မာ့နိုင်ငံရေးလောကမှာ တကျော့ပြန်ခြေချဖို့ ကြံစည်နေတဲ့ နာမည်ပျက်တပုံကြီးရှိတဲ့ လုပ်စားနိုင်ငံရေးသမားတွေကတော့ အစိုးရကိုထိုးနှက်တိုက်ခိုက်ဖို့အတွက် ခေါင်းစဉ်ရသွားပါတယ်။ ဘင်္ဂလီဒုက္ခသည်တွေကို ခုတုံးလုပ်ပြီး မြန်မာနိုင်ငံမှာ မူဆလင်တွေ ဖိနှိပ်ခံနေရပါတယ်လို့ နိုင်ငံတကာမှာ မျောက်ပြဆန်တောင်းနေတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ နာမည်ခံ မူဆလင်တွေအတွက် နှုတ်ခမ်းဆီဝေ့စရာ အကွက်ဆိုက်သွားပါတယ်။

ထပ်ပြောပါမယ်။ အမျိုးသားရေးဆိုတာ သူတပါးရဲ့ ကျူးကျော်ရန်စစော်ကားမှုကို ခုခံခြင်းဖြစ်ပါတယ်။ သူတပါးကို ကိုယ့်ဖက် ကျူးကျော်ရန်စ စော်ကားဖို့မဟုတ်ပါဘူး။ အဲဒါကြောင့် ဒီလိုမျိုး တရားဥပဒေမဲ့ ရမ်းကားမှုလုပ်ရပ်တွေကို ရပ်တန်းက ရပ်ပါ။

ခု တရားဥပဒေမဲ့ ရမ်းကားနေတဲ့အဖွဲ့ဟာ ပြည်ပအခြေစိုက် နာမည်ကြီးနိုင်ငံရေးသမားတစ်ဦးရဲ့ လက်ဝေခံတပည့်တွေကနေ ကုလား-ဗမာ အဓိကရုဏ်းဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ စတင်ဖန်တီးခြင်းဖြစ်ပါတယ်။ အွန်လိုင်းပေါ်က အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ လုံးဝပတ်သက်ခြင်းမရှိပါဘူး။

မြတ်သိန်းထွန်း
အယ်ဒီတာ
ဝံသာနု