Tuesday, February 19, 2013

တရားခံဘယ်သူလဲဟေ့

ဘာသာရေးကိစ္စတွေ ပွသယောင်းထအောင် ဖွဆွ နေကြချိန်မှာ ..

ရင်းမြစ်ကို ....သုံးသပ်ကြည့်မိတာက ...

နောက်ဆုံး .....

ကိုယ့်တာက ...... သောက်သုံးမကျကြတာပါလား......။

ငွေစလေး ပြလိုက်ရင် .. .အမှီးလေးနန့်ပြီး ......... လျှာနဲ့လျက်မတတ်..

ပသားပေးတတ်တဲ့ .. ဒေသအာဏာပိုင် .... သက်ဆိုင်ရာ ... ဌာနဆိုင်ရာ .. အရာရှိတွေရဲ့ ....

ခံယူချက်..... အာနည်းချက်နဲ့ .. ရပ်တည်ချက်က.....

ခင်ဗျားတို့ ဖွ ဆွနေတာတွေကို ပျက်ရယ်ပြုပြီး ........... ဖိုးသင်းမျောက်လို ....... ဟိုသင်း ဟို ဟာ ... လုပ်ပြနေတာက .... နှစ်ပေါင်းများစွာ သက်သေ သာဓက နဲ့ပါပဲ...။

ဖောင်ကြီးသင်တန်းတွေ.... သက်ဆိုင်ရာ သင်တန်းတွေမှာ ..... လည်ချောင်းကွဲမတတ် သစ္စာတွေ ဆိုပြ....... လူကြားကောင်းအောင် အသံကောင်းဟစ်ပြနေတာတွေ..။

ဒီထက်ကြီးတဲ့ အရာရှိကြီးတွေ .. အရပ်ဖက်မပြောင်းခင် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေမှာ သေလောက်အောင် သစ္စာတွေဆိုကြ .... ပြီးတော့ ယောင်းမမြင်းစီးထွက်ကြတာတွေ....။

ငွေစလေးမြင်ရင် .. သစ္စာကိုမေ့ပြီး ...ပသားပေးကြတာတွေ.....။ လုပ်ပိုင်ခွင့်ကို တလွဲသုံးပြီး စေလိုရာ စေနေကြတာတွေကို ...

ဖွဘုတ်မှာ ဘာသာရေး လူမျိုးရေး ... ကို ဝေဖန်နေပါတယ်ဆိုတဲ့ ဘယ်သကောင့်သားကမှာ ရူးချင်ယောင်ဆောင် ဘေးမဲ့ပေးနေတာကတော့ ကြည့်မကောင်းဘူးပေါ့ဗျား...။

ပွင့်လင်းစွာပြောမယ်ဗျာ...

၂၀၁၀ မှာ ဘင်္ဂလီ ရှစ်သိန်းကျော်ကို white card မပေးရင် .. ရခိုင်မှာ ဘယ်ကောင်မှ ... မာန်မထောင်ဘူး..။ လူဝါးမ၀ဘူး။ မီးပင်လယ် မဝေဘူး..။

immigration ကို ဥပဒေ နည်းဥပဒေတွေအရ တိတိကျကျ လိုက်နာစီမံရင် ဘယ်ကောင်မှ လွှတ်တော်ထဲအထိ ၀င်ပြီး မစွာရဲဘူး..။

သာသာနာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေတွေကို အဂတိမပါပဲ တိတိကျကျ လိုက်နာ ဆောင်ရွက်ရင် အခုဖြစ်နေတဲ့ သာကေတ ဘာသာရေးကိစ္စ .. ဘယ်တော့မှ မဖြစ်ဘူး..။

လက်ပံတောင်းကိစ္စ ... ရခိုင်ကိစ္စ.... တွေမှာ ညောင်မြစ်ကို တူးခွင့်မရှိရင် ... အခုလို စုံစမ်းရေးကော်မရှင်တွေ တိုင်ပတ်မနေဘူး.....။

အဓိက .. က ....

အဓိက ပဲ...

အဲဒီ အဓိက ကို ... ခင်ဗျားတို့ ..ကျွန်တော်တို့ ..မြင်ဖို့လိုတယ်....

Rule of Law ဆိုတာကို ဘယ်လောက်အရေးကြီးလဲလို့ သိလာလေလေ...

၂၀၀၈ နာဂစ်ဥပဒေကို ... တစ်ခုခု လုပ်ချင်စိတ် ပေါ်လာလေလေပဲ......။

ခင်ဗျားတို့လည်း ..မညာကြနဲ့...