Monday, January 07, 2013

စစ်သားဆိုရင်၊ Do or Die တွေကိုပဲ စစ်သားလို့မြင်တယ်

Saya Myo Win

ဗိုလ်ချုပ်အောင်ဆန်းရဲ့သက်တမ်းတလျှောက် " ကျွန်တော်ဟာ တိုင်းပြည်အတွက် အသက်ကိုပေးဆပ် တာဝန်ထမ်းရွက်နေပါတယ်" လို့ ပြောတာများ ကြားဘူးကြပါသလားခင်ဗျာ။

ကျွန်တော် စစ်တပ်အကြောင်းမကောင်း မပြောချင်ပါဘူး။ ဒါပေမဲ့ တချို့က၊ကျွန်တော့ wall မှာ၊လာလာရိတယ်။ ကွန်မင့်တွေလာလာပေးတယ်။ကျုပ်တို့ဟာ တိုင်းပြည်အတွက် အသက်စွန့်ပြီး တာဝန်ထမ်းဆောင်တယ်။ တိုင်းပြည်ကိုအချစ်ဆုံး....ခင်ဗျားတို့ဟာ လေပေါတွေ....။သတ္တိမရှိပဲ
လေသေနတ်နဲ့စစ်တိုက်နေတဲ့သူတွေ.. ဘာသိလို့လဲ။ဘာလဲ။အဆဲပါခံရသေး။

ခရီးတခါတလေထွက်ရင်၊ လမ်းလုံခြုံရေးယူထားရတဲ့ နေပူမရှောင် မိုးရွာမရှောင် တကယ့်စစ်သားတွေကို တွေ့ဖူးပါတယ်။
တကယ်လဲ အနေဆင်းရဲ... အစားဆင်းရဲတွေပါ။
ကွမ်းယာလေး၊ဆေးလိပ်လေး၊ ပါရင်ပါသလို ပေးဖြစ်ပါတယ်။
ဒါပေမဲ့ ဒီfb ပေါ်က လေပေါ၊၀ါဒဖြန့်စစ်သားတွေနဲ့တော့ မတူဘူး။
အရှောင်အတိမ်း၊အကွယ်အကာ၊ ဘာမှမပါတဲ့ စကားကိုပဲပြောတတ်တယ်။
ကျုပ်တို့ဟာ တိုင်းပြည်အတွက် အသက်စွန့်လွှတ်ပေးဆပ်ထားတယ်လို့
ရှေ့တန်းက ဘယ်စစ်သားမှ ကြွားလုံးမထုတ်ဘူး။


ကျွန်တော်တို့ အရပ်သားတွေလဲပြောတတ်ပါတယ်။ ခင်ဗျားတို့ကို ဘယ်သူ အသက်စွန့်ခိုင်းတာလဲ... ကိုယ့်ရာထူးတိုးဘို့အရေး တခုတည်းကိုတွေးပြီး အထက်ကခိုင်းတဲ့အတိုင်း အချိန်မဆိုင်းပဲ ရိုင်းမှန်းသိလဲ လုပ်ခဲ့ရတာပဲမဟုတ်လား။(စစ်သားစကားနဲ့ပြောရရင်တော့ အထက်အမိန့်မို့ စစ်သားဆိုတာ အမိန့်နာခံရမယ်လို့တော့ ...)

ကုန်ထမ်းသမားဟာ အားကိုရင်းရမှာပဲ။
စာရေးဆရာဟာ ဦးနှောက်နဲ့အတွေးအခေါ်ကိုရင်းရမှာပဲ။
ဆရာဝန်/အင်ဂျင်နီယာဆိုတာ အတတ်ပညာကို ရင်းရမှာပဲ။
ကုန်သည်ပွဲစားဆိုတာ ငွေကိုရင်းရမှာပဲ။
သံဃာဆိုတာ သီလသိက္ခာကိုရင်းရမှာပဲ။
စစ်သားဆိုတာ အသက်ကိုရင်းရမှာပဲ။

ဘာထူးဆန်းလို့လဲ။

ကိုယ့်ကိုယ်ကို ဗလကြီးလို့အမည်ပေး ၀ိတ်တွေထုတ်ပြပြီးမှတော့...
အခြောက်လို စကားနွဲ့နွဲ့တွေပြောမနေကြပါနဲ့ဗျာ။

ကျုပ်ကလေ၊ စစ်သားဆိုရင်၊ Do or Die တွေကိုပဲ စစ်သားလို့မြင်တယ်။