Saturday, January 05, 2013

‎(ဒါဟာ မတော်တဆဖြစ်ခဲ့တာ မဟုတ်ပါဘူး . . သေသေချာချာ အကွက်ဆင်လုပ်ခဲ့တာပါ)

Hawdeka Khalayla

၁၉၈၈ မတိုင်မှီက မြန်မာပြည်ဟာ ဆိုရှယ်လစ် နိုင်ငံ တစ်ခုပါ

၁၉၆၂ ခုကနေ ၁၉၈၈ထိ ဆိုရှယ်လစ် စနစ်ကို ကျင့်သုံးခဲ့ပါတယ်

ဆိုရှယ်လစ် စနစ် မအောင်မြင်ခဲ့ပါဘူး၊

ဒါပေမယ့် ဆိုရှယ်လစ် စနစ်ကိုအကောင်အထည်ဖော်တုန်းက ဆိုရှယ်လစ်အရင်းအမြစ်တွေ ၊ ဆိုရှယ်လစ်ပိုင်ဆိုင်မှုတွေ ၊ ဆိုရှယ်လစ်လက်ထက်ပွားတွေ ရှိခဲ့ပါတယ်

ဥပမာ စက်ရုံတွေ အလုပ်ရုံတွေ ရုံးတွေ အားကစားကွင်းတွေ မြေနေရာတွေ လုပ်ငန်းတွေ ယာဉ်တွေ စက်ပစ္စည်းတွေ အားလုံးအားလုံးပါပဲ . . ဆိုရှယ်လစ်စနစ်မှာ ပြည်သူပိုင်ပဲ ရှိပါတယ် . . အစိုးရပိုင်ဆိုတာ ဘာမှ မရှိပါဘူး . .

အဲဒီ ဆိုရှယ်လစ်ပိုင်ဆိုင်မှုတွေဟာ ပြည်သူပိုင်တွေပါ ၊ အများပြည်သူတွေရဲ့ ပိုင်ဆိုင်မှု အစစ်တွေပါ၊

ဒီတော့ တတိုင်းပြည်လုံးနဲ့ ဆိုင်ပါတယ် ၊ ဗမာပြေသူပြေသားတွေ အားလုံးနဲ့ဆိုင်ပါတယ် . .

ဆိုရှယ်လစ်စနစ်ကနေ ဈေးကွက်စီပွားရေး တံခါးဖွင့်စနစ်ကို ပြောင်းတော့မယ်ဆိုရင် ပြည်သူပိုင်တွေကို ပုဂ္ဂလိကပိုင် ပြုလုပ်ရပါမယ် . .

ဆိုရှယ်လစ်ပိုင်ဆိုင်မှုတွေကို ပုဂ္ဂလိကထံ လေလံတင်ပြီး ရလာတဲ့ ငွေကြေးတွေကို မူလပိုင်ရှင်အစစ်ဖြစ်တဲ့ ပြည်သူပြည်သားတွေကို အညီအမျှ ခွဲဝေပေးရမှာဖြစ်ပါတယ် . .

ဒါ သီအိုရီအရ မလွဲမသွေ လုပ်ရမယ့် အဆင့်တွေပါ . . .

အဲဒီပြည်သူပိုင်တွေကို အစိုးရပိုင် စစ်တပ်ပိုင်လုပ်ချင်ရင်တောင် ပြည်သူတွေဆီကနေ အစိုးရဘတ်ဂျတ် စစ်တပ်ဘတ်ဂျတ်ကို အသုံးပြုပြီး ပြန်ဝယ်ရမှာပါ . .

ဒီအတိုင်းရူးချင်ယောက်ဆောင်ပြီး ယူလိုက်လို့ မရပါဘူး . . .

ခုတော့ ၁၉၈၈ ကနေ ၂၀၁၀ထိ ၂၂ နှစ် ကြားကာလကို အသွင်ကးပြောင်းရေးလိုလို ၊ တည်ငြိမ်ရေးအတွက် ဆောင်ရွက်နေသလိုလို ၊ (ဘယ်ပြည်သူကမှ မခိုင်းပဲ) အေးချမ်းသာယာ ဖွံ့ဖြိုးရေးပဲ လုပ်နေသလိုလို နဲ့ ပြည်သူပိုင်ဥစ္စာတွေကို နည်းမျိုးစုံနဲ့ လူတစ်စုက
အစိုးရပိုင် ငါပိုင် လုပ်ခဲ့ကြပါတယ် . . .

ဝန်ကြီးဌာနအမည်ခံပြီး ပုဂ္ဂလိကပိုင်ပြုလုပ်ရေးခေါင်းစဉ်တပ်ကာ ရောင်းပါစားလိုက်ကြပါသေးတယ် . . .

ဒီ ၂၂ ကာလအတွင်းမှာ ဆိုရှယ်လစ်ပိုင်ဆိုင်မှုတွေကို ဗမာပြည်သူတစ်ဦးတစ်ယောက်မှ မခံစားလိုက်ရပါဘူး . . .

ဆိုရှယ်လစ် စနစ်ကို ကျင့်သုံးတယ်ဆိုတဲ့ ခေတ်ကာလတုန်းက ပြည်သူတွေ ချွေးနဲ့သွေးနဲ့ ရင်းနှီးမတည် ခဲ့တဲ့ ပြည်သူပိုင် ဥစ္စာတွေဟာ စာရင်းပျောက် အင်းပျောက် မရေမရာ မသေမချာ နဲ့ ဘယ်ရောက်လို့ရောက်မှန်းမသိ ဘာဖြစ်လို့ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါတယ် .

ဒါဟာ မတော်တဆဖြစ်ခဲ့တာ မဟုတ်ပါဘူး . . သေသေချာချာ အကွက်ဆင်လုပ်ခဲ့တာပါ ၊ အခု တွေးကြည့်လို့ ရနေပါပြီ . .

ပြည်သူတွေ အားလုံးပိုင်တဲ့ ဥစ္စာတွေကို လူတစ်စုက အကွက်ကျကျ ခိုးခဲ့ကြတာပါပဲ . .

တိုင်းပြည်နဲ့ချီပြီး ခိုးခဲ့ကြတဲ့ ပြစ်မှုကြီးပါပဲ . . .

ရာဇဝင်ရိုင်းခဲ့တဲ့ ပြစ်မှုကြီးပါပဲ . . .

ကျနော်တို့ မျိုးဆက်သစ်တွေ ဒီကိစ္စကို ဒီအတိုင်ပစ်ထားရင် ကျနော်တို့ သမိုင်း ရိုင်းသွားမှာပါပဲ . . .

၂၂ နှစ်ဆိုတာ ကြာခဲ့ပြီ ဆိုပေမယ် . . ခေတ်တွေ နဲ့ ကြည့်ရင် အချိန်တိုလေးပါ . .

ကျနော်တို့ ပြန်လည်တူးဆွပြီး ရပိုင်ခွင့်တွေကို ပိုင်ရှင်မှန်ဆီပြန်ပေးရမှာပါ . . .

လူတစ်စု ရဲ့ လုပ်ရပ်ကြောင့် ဗမာ့သမိုင်းကို အမည်းစက်အထင်မခံနိုင်ပါဘူး . . .

ကျနော်တို့ မျိုးဆက်သစ်တွေ သမိုင်းအပေါ် တာဝန်ကျေကြပါစို့လားဗျာ . . .