Monday, January 14, 2013

အယူတိမ်းသူများ

ဘင်္ဂလီကျူးကျော်သူများကို တားဆီးဆန့်ကျင်တိုက်ဖျက်ရေး အဖွဲ့

ဗုဒ္ဓဘာသာတိုင်းပြည်မှာနေပြီး သံဃာတော်ကို လေးစားရိုသေရမှန်းမသိဘဲ ဘာသာခြားအယူကြောင့် ရိုင်းပျစွာဆဲရေးကြတော့ လူဖြစ်ရှုံးရုံတင်မကဘူး အ၀ီစိကို လက်ယက်ပြီး ဆင်းနေသလိုပါပဲ။ အယူမှားတာဟာ အင်မတန်ကြောက်ဖို့ ကောင်းပါတယ်။ ဗုဒ္ဓဘာသာမြန်မာများ မိမိတို့ရင်သွေးများကို အယူမှားပြီး ဘာသာခြားမဖြစ်ရအောင် ငယ်စဉ်ကတည်းက ဘာသာရေးစာပေများကို လေ့လာသင်ကြားနိုင်အောင် ဗုဒ္ဓဘာသာကိုသေချာသဘောပေါက်နားလည်အောင် အားပေးကြပါ။

သို့ /
ရက်စွဲ၊ ၂၂.၁၂.၂၀၁၂
တိုင်းရဲမင်းကြီး ဒကာကြီး ဦးအောင်နိုင်သူ
မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး
မန္တလေးတိုင်းဒေသကြီး ။

အကြောင်းအရာ။ ။ သံဃာတော်များအား ဆဲရေးတိုင်းထွာကာ သာသနာအား စော်ကားမှုအပေါ် အရေးယူပေး ပါရန်တိုင်ကြားခြင်း။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဆင်ဖြူမယ်ကျောင်းတိုက်နေ ဦးဇင်းဦးသုစိတ္တ (၉/အမရ(သ) ၀၀၃၇၆၂)မှ လေးစားစွာ တိုင်ကြားအပ်ပါသည်။
ဦးဇင်းတို့သည် ၁၅.၈.၂၀၁၂ ရက်နေ့က အောင်မြေသာစံမြို့နယ်တရားရုံးသို့ ဒကာရင်းဖြစ်သူ ဦးဇော်မျိုးအောင်တို့အမှု ရုံးချိန်းသွားရာတွင် တစ်ဖက်လူများ၏ ရန်ရှာနေမှုကြောင့် ပြဿနာမဖြစ်စေရန်နှင့် ဦးဇော်မျိုးအောင်အား ဆင်ဖြူမယ်ဆရာတော်ကြီး၏ လမ်းညွှန်မှုဖြင့် စောင့်ရှောက်ရန်အတွက် လိုက်ပါခဲ့ပါသည်။
ညနေ (၄း၄၀)နာရီခန့်တွင် ဦးဇင်းတို့မှ ဟိုင်းလတ်ကားဖြင့် ရုံးရှေ့မှထွက်ခွာစဉ် ဥပဒေရုံးဘက်အခြမ်းမှ ထွက်လာသော နေဝင်းနှင့်စန်းမောင်ဆိုသူတို့က ဦးဇင်းတို့ကားအနီးသို့ကပ်၍ စန်းမောင်က “ဟေ့ကောင် ဘုန်းကြီးတွေ -ီး ပဲ ၊ မအေ -ိုးတွေ”ဟုဆဲဆိုပြီး ၎င်းဘေးတွင်နေသူများကို “ဘာ ဘုရားသားလဲ ငွေပေးရင် အဲဒီလိုကောင်တွေ ခေါ်လို့ရတယ်ကွ၊ အရေခြုံထားတဲ့ အလကားကောင်တွေ ”ဟု ပြောဆိုပြီး၊ နေဝင်းက “ငါ -ိုးမ ကတုံးတွေ”၊ “သူများပေးစာ ကမ်းစာ စားတဲ့ သူတောင်းစား -ီးကတုံးတွေ”ဟု ဆဲဆိုခဲ့ပါသည်။ နေဝင်း၊ စန်းမောင်တို့ဘေး၌ ရှိနေသူ မဇာခြည်အောင် ဆိုသော အမျိုးသမီးမှလည်း မကြားဝံ့မနာသာဖြင့် “ဒီလိုကတုံးတွေကို ငါ့….ကြားထဲမညှပ်ဘူး၊ စောက်ကောင်တွေ နင်တို့မျက်နှာကို ပွတ်လိုက်မယ်”ဟု ဆဲဆိုပြန်ပါသည်။ စန်းမောင်က “တို့အဖွဲ့ကို ဘယ်သူမှမယှဉ်နိုင်ဘူး၊ လာယှဉ်ရင် ထောင်ထဲပို့ပစ်မယ်”ဟု ၎င်းအနီးရှိ လူနှစ်ယောက်ကို လှမ်းပြောပါသည်။ ၎င်းတို့ ဆဲဆိုပြောကြားချက်တွေကြောင့် ဦးဇင်းတို့နှင့် တစ်ပါတည်းပါလာခဲ့ကြသော (၁) ဦးသုဇန (၂) ဦးသာသန (၃) ဦးတေဇဝန္တ (၄) ဦးကုဝေရ တို့မှာ ပြဿနာကြီးထွားမည်စိုး၍ ဘာမျှမတုံ့ပြန်ပဲ ငုံ့ခံပြီး ပြန်လာခဲ့ရပါသည်။
သို့ဖြစ်ပါ၍ ဦးဇင်းတို့အား မကြားဝံ့မနာသာ ဆဲဆိုပြီး ဘာသာ၊ သာသနာကို စော်ကား၍ သံဃာ့ကျက်သရေ သာသနာ့ကျက်သရေ ညှိုးနွမ်းအောင် ပြုလုပ်ပြောဆိုသူ နေဝင်း၊ စန်းမောင်နှင့် မဇာခြည်အောင်တို့ကို သာသနာညှိုးနွမ်း ဥပဒေအရ အရေးယူပေးပါရန် တိုင်းကြားအပ်ပါသည်။
တိုင်ကြားသူ
၁။ ဦးဇင်းသုစိတ္တ (၉/အမရ (သ) ၀၀၃၇၆၂)
ဆင်ဖြူမယ်ပရိယတ္တိစာသင်တိုက်၊
အမရပူရ။

အသိသက်သေ
၁။ ဦးသုဇန (၉/အမရ(သ)၀၀၃၅၂၁)
၂။ ဦးသာသန(၉/အမရ(သ)၀၀၃၅၂၆)
၃။ ဦးတေဇဝန္တ (၉/အမရ(သ)၀၀၃၄၈၃)
၎။ ဦးကုဝေရ (၉/အမရ(သ)၀၀၄၁၆၉)
၅။ ဦးဇော်ဝင်း (၉/အမရ(နိုင်)၀၉၇၈၃၆)
(လူသက်သေ) ယုံကြည်အားကိုးစွာဖြင့်
ထိရောက်စွာအရေးယူပေးမည်
မျှော်လင့်လျက်…

ဘဒ္ဒန္တဝိစိတ္တာဘိဝံသ(ဝီရသူ)
ဓမ္မသဟာယကျောင်း နာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေး ။

မိတ္တူကို -
၁။ ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နေပြည်တော်။
၂။ ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ။