Tuesday, November 27, 2012

ကြည့်နေပါ ဓာတ်ဆီ ဒီဇယ် ပုံပြင်အတိုင်း လာလိမ့်မယ်။

Soe Htike


နိုင်ငံတော်အနေဖြင့် မည်ရွေ့မည်မျှ အရှုံးခံလုပ်ကိုင်ခဲ့ကြောင်း၊ ဘလာဘလာဘဏ္ဍာနှစ်များတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မည်ရွေ့မည်မျှ အရှုံးပေါ်ခဲ့ကြောင်း၊ နိုင်ငံတကာတွင် ကျသင့်သည့် စရိတ်ထက် များစွာလျော့နည်းကောက်ခံခဲ့ပါကြောင်း၊ ယခင်ကပင် တိုးမြှင့်ကောက်ခံရန် စီစဉ်ခဲ့သော်လ
ည်း နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုအရ ယခုမှသာ တိုးမြှင့်ကောက်ခံရန် စီစဉ်ရခြင်း ဖြစ်ပါကြောင်း၊ ကောက်ခံရရှိသော ဘဏ္ဍာငွေများကိုလည်း သေချာစွာစိစစ်၍ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည် ဖြစ်ပါကြောင်း......
ရုပ်တည်ကြီးတွေနဲ့ ရှင်းပြကြပါလိမ့်ဦးမယ်။

ရှင်းရှင်းပြောမယ်ဗျာ။
အစကတည်းက တောင်းသလောက် ပေးနေရတာပဲ။
မလုပ်ခင်က စဉ်းစားလေ။ တတ်တဲ့သူတွေနဲ့ တိုင်ပင်လေ။
အချိန်နဲ့ ကောက်မလား။ ဒေတာနဲ့ ကောက်မလား။
ခုကျမှ "မကိုက်တော့လို့ပါ"ဆိုတာကတော့ ခွက်ကျတယ်ဗျာ။
နိုင်ငံတကာတည်း တကာနေရအောင် ကျုပ်တို့ဆီမှာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ဘယ်နေရာမှာများ နိုင်ငံတကာအဆင့်အတန်းကို မှီတာရှိလဲ။
အမျိုးမျိုး လှည့်ပတ်ပြီးလည်း တောင်းပြီးပြီပဲဗျာ။
လူမှုကွန်ယက်တွေက ကြောက်စရာ သိပ်ကောင်းနေလို့လား။
လူတကာ လက်ခုတ်တီးနေလည်း ကျုပ်တို့ လက်ပိုက်ကြည့်နေခဲ့တာ မယုံသေးလို့။
လူတကာ လက်အုပ်ချီလည်း ကျုပ်တို့ လက်သီးဆုပ်မဖြည်တာ မယုံသေးလို့။
ခင်ဗျားတို့ဟာ ယုံကြည်လို့ရတဲ့ အုပ်ချုပ်သူလူတန်းစား ဟုတ်သလား မဟုတ်သလား ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ပြန်မေးကြည့်ပါ။
သိပ်မကြာခင် သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ရလိမ့်မယ်။ ဘာပြောရမှန်းမသိဖြစ်နေရင် ကျုပ်အပေါ်က ရေးထားတာတွေကို ခင်ဗျားတို့ဆီမှာ ရှိပြီးသား ကိန်းဂဏန်းတွေ ဖြည့်လိုက်။
ကျုပ်တို့ ကြည့်နေတယ်။
ခင်ဗျားတို့ကို ဟားဖို့။
ခင်ဗျားတို့ကို ဆဲဖို့။