Tuesday, September 18, 2012

အာရပ်ကမ္ဘာတွင် အုတ်အော်သောင်းနင်းဖြင့် ဒေါသတကြီး ဆန္ဒပြမှုများကို ပေါ်ပေါက်စေခဲ့သော ရုပ်ရှင်ဇာတ်လမ်းတိုအား YouTube ဝက်ဘ်ဆိုက်မှ ဖယ်ရှားပေးရန် အိမ်ဖြူတော်၏ တောင်းဆိုမှုကို Google က ငြင်းဆန်


 
Planet Myanmar Network
 
အာရပ်ကမ္ဘာတွင် အုတ်အော်သောင်းနင်းဖြင့် ဒေါသတကြီး ဆန္ဒပြမှုများကို ပေါ်ပေါက်စေခဲ့သော ရုပ်ရှင်ဇာတ်လမ်းတိုအား YouTube ဝက်ဘ်ဆိုက်မှ ဖယ်ရှားပေးရန် အိမ်ဖြူတော်၏ တောင်းဆိုမှုကို Google က ငြင်းဆန်လိုက်ကြောင်း The Washington Times သတင်းက ပြောကြားသည်။ သို့သော် အချို့နိုင်ငံများတွင် ကြည့်ရှုမရနိုင်အောင် ကန့်သတ်သွားမည်ဟု Google က ပြောကြားသည်။

အစ္စလာမ်ဘာသာဝင်တို့၏ တမန်တော်မိုဟာမက်အား လှောင်ပြောင်သရော် ရိုက်ကူးထားသေ
ာ အဆိုပါရုပ်ရှင်ဇာတ်လမ်းတိုမှာ အင်တာနက် ဝက်ဘ်ဆိုက်များတွင် အများအပြား ပြန့်နှံ့နေပြီးဖြစ်ကြောင်း၊ မိမိတို့၏ လမ်းညွှန်သတ်မှတ်ချက်အတွင်း အကျုံးဝင်သောကြောင့် YouTube တွင် ဆက်လက် ထားရှိသွားမည်ဟု Google က ကြေညာချက်ထုတ်ပြန်သည်။ အာဖဂန်နစ္စတန်၊ ပါကစ္စတန်နိုင်ငံတို့တွင် YouTube ဝက်ဘ်ဆိုက်အား ဝင်ရောက်ကြည့်ရှု၍မရအောင် ပိတ်ပင်ထားရန် အာဏာပိုင်များက ညွှန်ကြားထားကြောင်း သိရသည်။
.