Monday, September 24, 2012

မြန်မာ-မွတ်စလင် ခေါင်းဆောင် ဆိုတဲ့ Muhammad Yunus သူဟာ ဘယ်သူလဲ....



အမည် - Dr. Muhammad Younis Ali Ahmad Arakani

အလုပ်အကိုင် - Politician

ရာထူး - President of the “Rohingya Solidarity Organization – Arakan Burma

နေရပ် - Bangladesh

ထို့အပြင် ရှာဖွေတွေ့ရှိရသည့် ဓာတ်ပုံများအရ ယင်းသည် နိုင်ငံတကာသို့ လှည့်လည်ပြီး အစ္စလာမ်မစ် ခေါင်းဆောင်များနှင့် တွေ့ ဆုံလေ့ရှိပြီး ယင်း မက္ကာသို့ ရောက်ရှိစဉ် အခမ်းအနားဖြင့် ကြိုဆိုခြင်း ခံခဲ့ရဖူးသည်။

ယင်း၏ Facebook စာမျက်နှာတွင် ယင်းအား ထောက်ခံသူတစ်ဦးက "Go ahead we r following u . don`t afraid any one to do best for the rohingya nation." (မြန်မာဘာသာပြန်မှာ - "ဆက်လက်ပြီး ချီတက်ပါ။ ကျွန်တော်တို့ နောက်ကနောက် အားပေးနေပါတယ်။ ရိုဟင်ဂျာ နိုင်ငံတော်ကြီးအတွက် အကောင်းဆုံးကို ဆောင်ရွက်ရာမှာ ဘယ်သူကိုမှ ကြောက်နေဖို့ မလို့ပါဘူး။" ဟု ရေးသားထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ယင်း၏ Facebook စာမျက်နှာမှာ -

https://www.facebook.com/pages/Dr-Muhammad-Yunus-Ali-Ahmad-Arakani/101554549887799

ထို့အပြင် နေ့ရက် အတိအကျ မသိရှိနိုင်သည့် ဓါတ်ပုံတစ်ပုံအရ ယင်းသည် ရခိုင်ပြည်နယ် ရိုဟင်ဂျာအရေးတွင် ပြည်ပမှ လှုံဆော်နေခဲ့ သူ အမေရိကန် အခြေစိုက် မြောက်အမေရိကတိုက် မြန်မာ-ရိုဟင်ဂျာအသင်း၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ ဝါကာအူဒင် (Wakar Uddin) နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ဒေါက်တာ ဝါကာအူဒင်သည် ရိုဟင်ဂျာများအရေး Lobby လုပ်နေခဲ့သူဖြစ်သည်။


(ရွှေလုံး)
.