Wednesday, May 09, 2012

ဘင်္ဂလားဒေခ်ျ့တွင် ရှိသော ရခိုင် နှင့် ဗမာ လေးသိန်းကျော် ဘင်္ဂလီနိုင်ငံအစိုးရ နှင့် ဒေသခံ ဘင်္ဂလီများထံတွင် နှစ်စဉ် အကြမ်းဖက်ခြင်းခံရ



ဘင်္ဂလားဒေခ်ျ့တွင် ရှိသော ရခိုင် နှင့် ဗမာ လေးသိန်းကျော်  ဘင်္ဂလီနိုင်ငံအစိုးရ နှင့် ဒေသခံ ဘင်္ဂလီများထံတွင် နှစ်စဉ် အကြမ်းဖက်တိုက်ခိုက်ခြင်းခံနေရ
ရခိုင်ပြည်နယ် မောင်တော( တောင်ပြို ) တစ်ကြော နှင့် ချင်းပြည်နယ် နယ်စပ်ဘက်မှ စတင်အခြေပြု၍ ရခိုင်နှင့်ဗမာ အမျိုးသားများနေထိုင်ခဲ့ကြသည်မှ
ာ နှစ်ပေါင်း ရာနှင့်ချီခဲ့ပြီဖြစ်သည် ။ ရခိုင်အမျိုးသားတို့မှာ ရခိုင်ဘုရင်မင်းဗာကြီး
၊ စန္ဒာသူရိယမင်းဆက်များလက်ထက်ကပင် သော်ဒလီ (ရွာစား ၊ နယ်စား) များအဖြစ်နေထိုင်ခဲ့ကြပြီး ဗုဒ္ဓဘာသာကိုးကွယ်ကြသူများဖြစ်ြ
ကသည်။ ဗမာအမျိုးသားတို့မှာ ရေကြည်ရာမြက်နုရာ ကျင်လည်ကျက်စားသူများနှင့် မင်းကြီး
မဟာဗန္ဓူလ လက်ထက် ပန်းဝါတိုက်ပွဲတွင် နယ်ခြားစောင့်တပ်အဖြစ်ကျန်ရစ်ခဲ့သော တပ်မတော်သားနှင့် မိသားစုများဖြစ်ကြသည် ။ ထိုစဉ်အခါက ရခိုင်နှင့် ဗမာများမှာ အုပ်စိုးသူများအဖြစ်နေထိုင်ခြဲ့
ကပြီး ၊ အင်္ဂလိပ်လက်ထက်တွင်ဒေသ
ခံဘင်္ဂလီများနှင့် တန်းတူရည်တူနေထိုင်ခဲ့ကြသည် ။ သို့သော် ပါကစ္စတန်မှ ဘင်္ဂလားဒေခ်ျ့ဟု ခွဲထွက်ပြီးသည်အချိန်မှ စ၍ ရခိုင် နှင့် ဗမာ လူမျိုးများမှာ ဘင်္ဂလီ မူဆလင် အစွန်းရောက်များ ၏ တိုက်ခိုက်မှု့ကို နှစ်စဉ်ခါးစီး၍ ခံနေကြရသည်။
ပြေးစရာမြေမရှိ၍ ရွာလုံးကျွတ်မီးရှို့ခံရခြင်း ။ ရခိုင်ဗမာ အမျိုးသမီးများ မုဒိန်းကျင့်ခံရခြင်း ၊ အမျိုးသားများ ခေါင်းဖြတ်ခံရခြင်း ။ ရွာလုံးကျွတ် ထွက်ပြေးရခြင်း များမှာ ၁၉၅၀ ကျော်မှ ယခု ၂၀၁၁ အထိ နှစ်စဉ်ပင် ကြုံတွေ့နေရပေသည်။
ထို အကြမ်းဖက် ဘင်္ဂလီများအား ဘင်္ဂလားဒေခ်ျ့စစ်တပ်မှ မတားဆီးရုံတွင်မက မသိမသာအားပေးအားမြောက်ပင် ကူညီနေခဲ့သည် ။ထိုဒေသရှိ ရခိုင် နှင့် ဗမာများမှာ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများဖြစ်ကြသော်လည်း ၊ ဘင်္ဂလီနယ်မြေတွင် သားစဉ်မြေးဆက်နေထိုင်ခဲ့ကြသူများဖြစ်ကြသဖြင့် မြန်မာနိုင်ငံသို့ပြန်လာဖို့ရာ လူဝင်မှု့အခက်အခဲများစွာရှိသည့်
အတွက် သားစဉ်မြေးဆက် နိုင်ငံမဲ့သူများပမာ ဒုက္ခအ၀၀ ကို ခါးစဉ်း၍ ခံလာကြရသည် ။ ယခုအခါ မီဒီယာအားကောင်း
သော ရိုဟင်ဂျာအမည်ခံမွတ်ဆလင်များက မြန်မာနိုင်ငံတိုင်းရင်းသားဖြစ်ရန်သာမက မောင်တော ၊ ဘူးသီးတောင် နယ်မြေကိုမျက်စပြစ်နေသော်လည်း မြန်မာနိုင်ငံသား စစ်စစ် ဖြစ်သော်လည်း ဘင်္ဂလားချေ့်နိုင်ငံတွင်သားစဉ်မြေးဆက်
နေထိုင်ခဲ့မိ၍ ဒုက္ခရောက်နေကြရရှာသော ရခိုင်ဗမာ တိုင်းရင်းသားတို့၏ ဘ၀မှာ များစွာ စိတ်နာဖွယ်ရာကောင်းလေတော့သည် ။

မာဃလုလင်

.

0 comments: