Monday, May 07, 2012

အဆင်အခြင်မရှိ အထက်ဖားအောက်ဖိသော မင်းခစား ကပ်ပါးများ သံသရာတပတ်လည်လေပြီ



 
အမေရိကန်သမ္မတနဲ့ ကမ္ဘာ့ ခေါင်းဆောင်တွေ က ယနေ့ ဗမာပြည်မှာ စစ်တပ်ကခေါင်းဆောင်ပိုင်းတွေ အဖြစ်အပျက်တွေကို မီဒီယာကတဆင့်သိရှိနေကြပြီ။စစ်ခေ
ါင်းဆောင်တွေ က အာဏာတွေပြသနေကြတာ ဟာ နေ၀င်ချိန် နီးသထက်နီးလာတာ နမိတ်တွေပြနေကြပါပြီ။ ကျန်းမာရေးအကြောင်းပြလိုပြ ခေါင်းကြောမာခဲ့တဲ့ စစ်ခေါင်းဆောင်တွေက တိုင်းပြည်ရဲ့ ငွေတွေ သုံးပြီးသားစဉ်မြေးဆက်အ နားယူကုန်ကြပါပြီလေ။လောဘရမ္မက်ကြီးမားရမ္မက်ကြီးတဲ့ စစ်အဏာရှင်များ ရဲ့ ဆိုးဝါးတဲ့သတင်းတွေဆက်တိုက်ကြားရမြင်ရတော့မှာမို့ ကမ္ဘာ့ပြည်သူများက စိတ်ဝင်စားနေကြပါပြီး စောင့်ကြည့်ဖို့ လိုလာတာကို မြင်ကြရတော့မှာပါ။ ယခုလည်း ယနေ့ ၆ရက်နေ့ မနက်ပိုင်းနိုင်ငံတကာသတင်းတွေမှာ ဗမာပြည်ရဲ့ ဒု-သမ္မတ နှုတ်ထွက်လွှာတင်တဲ့ အံ့သြဖွယ်ရာသတင်း တင်းတွေ ကြားရတော့ သူတို့ အထဲမှာ ကြီးကြီးကျယ်ကျယ် ပြသနာများဖြစ်နေကြောင်း ထပ်မံနှိုးဆော်လိုက်ပါရ စေ။ ဒါကြောင့်မို့  တိုင်းပြည် ရဲ့ ပထမခြေလှမ်း ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့ အချိန်မှာ…အချိန် အတိုင်းအတာတစ်ခု အထိ စောင့်ပြီး ဗမာပြည်လူဦးရေ သန်း၆၀ကျော် ရဲ့ နိမ့်ကျလိုအပ်ချက် ဘ၀တွေ ရေငတ်နေပြီး အစာမကြေသေးတဲ့ပေးဆပ်ရန်ကျန်နေသေးတဲ့ ဘ၀တွေအတွက် အထာမကိုင်ဘဲ စေတနာပြိုင်ကြ ရရင် မကောင်းဘူးလား.လို့ တင်ပြလိုက်ချင်ပါရဲ့ ဗျာ…။ (အချိန်အခက်အခဲကြောင့် အနည်းငယ်သာ တင်ပြခွင့်နည်းခဲ့ပါတယ်)
 
ထွန်းဝေ
 .

0 comments: