Tuesday, June 14, 2011

မြန်မာပြည်တွင် ဈေးကြီးပေးရသော Free Calling Visa ဆိုသည်ကို မလေးရှားအစိုးရက အသိအမှတ်မပြုကြောင်း သံရုံးက ကြေညာ



မလေးရှားရောက် မြန်မာလူမျိုးများ အပါအ၀င် နိုင်ငံခြားသား အလုပ်သမားများ အလုပ်သွားရန် ကားပေါ်သို့ တိုးဝှေ့တက်နေကြစဉ်

ရန်ကုန် ၊ ဇွန် ၈ သတင်း(mmdailynews)


မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်သူများက သက်ဆိုင်ရာ အေဂျင်စီများသို့ မြန်မာငွေကျပ် ဆယ်သိန်းကျော်ခန့် အထိ ပေးနေရသော အလွတ်ခေါ်ဗီဇာ ခေါ် Free Calling Visa ဆိုသည်မှာ မလေးရှားအစိုးရက လုံးဝ အသိအမှတ် မပြုကြောင်း၊ ထိုသို့ အလုပ်သမားများ ပို့ဆောင်နေခြင်းသည် တရားမ၀င် နည်းလမ်း ဖြစ်ကြောင်း မလေးရှားသံရုံးမှ သတင်းထုတ်ပြန်လိုက်သည်။

မလေးရှား အစိုးရအနေဖြင့် အလုပ်လာရောက် လုပ်ကိုင်သူများ အတွက် Calling Visa ကိုသာ ခွင့်ပြုထားပြီး အဆိုပါ ဗီဇာကသာ တရားဝင် ဖြစ်ကြောင်း၊ Free Calling Visa ဆိုသည်မှာ တရားမ၀င် ဗီဇာ တစ်ခု ဖြစ်၍ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာခဲ့ပါက အလုပ်သမား အနေဖြင့် နစ်နာမှုများ ရှိလာနိုင်ကြောင်း သိရှိရသည်။

Free Calling Visa ဆိုသည်မှာ မလေးရှားမှ အလုပ်ရှင်နှင့် မြန်မာနိုင်ငံမှ အေဂျင်စီတို့ နှစ်ဦးနှစ်ဖက် အကျိုးအတွက် ညှိနှိုင်းဆောင်ရွက်ကြခြင်း ဖြစ်သည်ဟု ကြားသိရသည်။ Calling Visa ဖြင့် ခေါ်ယူပါက အလုပ်သမား တစ်ဦးချင်းစီအတွက် အလုပ်ရှင်မှ ပေးသွင်းကျခံရသော စားရိတ်များသည် Free Calling Visa ဖြင့် ခေါ်ယူပါက မပေးရသဖြင့် နောက်ပိုင်းတွင် မလေးအလုပ်ရှင်များက Free Calling Visa ဖြင့်သာ ခေါ်ယူကြတော့ကြောင်း သိရသည်။



အဆိုပါ နည်းလမ်းသည် ရိုးရိုး Calling Visa ထက် ပို၍ ငွေကုန်ကြေးကျ များကြောင်း၊ မြန်မာငွေ ၁၃ သိန်းခန့် ကုန်ကျကြောင်း၊ တရားမ၀င်သည့် လမ်းကြောင်းဖြစ်သောကြောင့် အလုပ်ရရှိရန် မသေချာသဖြင့် လက်ရှိအလုပ်အကိုင် ရှိနေပြီး မွေးရပ်မြေ အလည်အပတ် လာရောက်သူများ ပြန်ထွက်ရန်၊ မိသားစု ဆွေမျိုး စသူတို့ဆီ အလည်အပတ် သွားရန်သာ သုံးသင့်ကြောင်း၊ အလုပ်အသစ် စလုပ်မည့်သူ အနေဖြင့် မသေချာသော အေဂျင်စီကို အားကိုးလိုက်ပါက ပြောထားသော လစာထက် လျော့နည်း၍ ရခြင်း၊ အလုပ်မမြဲခြင်း၊ အလုပ်မရခြင်း စသော ပြဿနာများ ကြုံတွေ့နိုင်သဖြင့် ဆင်ခြင် သတိထားဖွယ် ဖြစ်ပေသည်။
 .

0 comments: