Tuesday, May 03, 2011

သေခြင်းတရား



အိုစမာဘင်လာဒင် သေတယ်
စိုင်းဘာဘာ သေတယ်
ကဒါဖီ တကောင် သေဖို့ကျန်သေးတယ်
ကိုကြီးကျောက် လည်း သေတယ်..

ဂျပန်မှာ လည်း သေတယ်
တာလေ မှာလည်း သေတယ်
နာဂစ် မှာ လည်း သေတယ်
အီဂျစ်မှာ လည်း သေတယ်

စစ်တိုက်တဲ့ သူတွေ သေတယ်
အိမ်ထဲမှာ နေတဲ့ သူတွေလည်း သေတယ်..

သာမန်လူတွေ သေတယ်
သာမန်ထက် လွန်တဲ့ လူတွေလည်း သေတယ်...

လူကောင်းတွေ သေတယ်
လူယုတ်တွေ လည်း သေတယ် 
( ဒါပေမဲ့ တော့..အချိုးအစား မမျှဘူးပေါ့)

ပြီးတော့..
ချစ်တတ်သူ တွေ သေသလို
အချစ်တွေ လည်း သေတယ်...

စမ်းချောင်းလေး တစင်း က သံဝေဂ ရတယ်
Men may come and men may go
But I go on forever.

ဒေါ်အောင်ဆန်းစုကြည် ရဲ့ သံသယ ကလည်း လှ တယ်
Love comes and goes
But kindness remains. 
..
So .. 
where shall we go.
..

K
Monday 2 May 2011,  12:08 pm.
မှတ်ချက်။။မူရင်းက ကဒါဖီ တကောင် သေတယ်လို့ရေးထားပါတယ် အမှန်တကယ်မသေသေးလို့
ကျတော်ကတော့ ကဒါဖီ တကောင် သေဖို့ကျန်သေးတယ်
လို့ပြင်ရေးမိပါတယ် မKရေ ခွင့်မတောင်းပဲပြင်မိတာတောင်းပန်ပါတယ်။.

0 comments: