ထိုသို့ မျက်စိ ဆရာဝန်ကြီး ဒေါက်တာ ဦးမိုးလွင်မှ စမ်းသပ်စစ်ဆေးရာတွင် လူနာများမှ မိမိတို့ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း ၀မ်းသာအားရနှင့် စေတနာရှင် ဆရာဝန်ကြီး၊ သူနာပြု ဆရာမများအား ကျေးဇူးတင်ရှိကြောင်း ပီတိဖြာလျက် ပြောကြားခဲ့ကြပါသည်။ ထိုသို့ ပြောကြားရာတွင် မျက်စိလူနာတစ်ဦး ဖြစ်သူ အမေကြီးတစ်ယောက်မှ နေကာမျက်မှန် ချွတ်ပြီး ပြီးချင်း သူ၏ ရှေ့တွင် မှတ်တမ်းဓါတ်ပုံ ရိုက်ရန် ပြင်ဆင်နေသော ကျော်သူအား တွေ့မြင်သည်နှင့် “ဟယ် တော် … ကျော်သူကို အရှင်လတ်လတ်ကြီး မြင်တွေ့ရပြီတော်။ ကျော်သူ ဇာတ်ကားတွေ အားရပါးရ ကြည့်ရတော့မယ် တော့” ဟူ၍ ၀မ်းသာအားရ မျက်ရည်လည်ကာ ပြောကြားခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်သည် အမြင်အာရုံ ပြန်လည်ရရှိသွားပြီဖြစ်သော အမေကြီးအား ဂါရ၀ပြု ကျေးဇူးတုံ့ပြန်သော အပြုံးဖြင့် ပြန်လည်ပြုံးပြပြီး မိမိ လုပ်ဆောင်ရမည့် မှတ်တမ်း ဓါတ်ပုံ ရိုက်ခြင်းကို ပြုလုပ်ခဲ့တော့သည်။
ကျွန်တော်၏ အပြုံးနောက်ကွယ်တွင် စကားလုံးပေါင်း မြောက်များစွာ ဦးနှောက်ထဲတွင် အစီအရီ ပေါ်ပေါက်လာသည်။ ထိုစကားလုံးများသည် နှုတ်မှ ထွက်ပေါ်လာခြင်း မရှိချေ။ ယင်း စကားလုံးများသည် “အမေရေ … ကျွန်တော့်ကို တီဗီဖန်သားပြင်၊ ရုပ်ရှင်ပိတ်ကားထက်မှာ ဘယ်တော့အခါမှ မြင်တွေ့ရတော့မှာ မဟုတ်တော့ဘူး အမေ။ နိုင်ငံတော်မှ ကျွန်တော့်ကို အနားပေး လိုက်ပြီ အမေ။ အနုပညာလောကမှ မောင်းထုတ်ခြင်း ခံလိုက်ရပြီမှာ (၃) နှစ်ရှိပြီ အမေ။ ရုပ်ရှင် အနုပညာရပ်ဆိုတာ အများပြည်သူကို ငိုခြင်း၊ ရယ်ခြင်း၊ ဒေါသထွက်ခြင်း၊ ပေါက်ကွဲစေခြင်း ဆိုတဲ့ အကုသိုလ်အလုပ် မိမိ အတ္တအကျိုးအတွက် လုပ်ဆောင်နေတဲ့ အတ္တဟိတအလုပ်၊ ပြည်သူလူထုကို လိမ်ညာနေတဲ့ အလုပ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ပရိတ်သတ် အများပြည်သူနဲ့ အမေတို့အတွက် အမေပြောလိုက်တဲ့အတိုင်း အရှင်လတ်လတ်ကြီးနဲ့ ပြည်သူတွေရဲ့ကြားမှာ ပြည်သူတွေရဲ့အနားမှာ ပြည်သူတွေအတွက် လိုအပ်သော၊ ပေးဆပ်နိုင်သော လူမှုရေးကိစ္စရပ်များကို ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်အချိန်ထိ ကြိုးစားဖြည့်ဆည်းပေးနိုင်တ
ထို့ကြောင့် … အကယ်၍များ အပြောင်းအလဲတစ်ခုခုကြောင့် ကျွန်တော်အား အနုပညာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်များ ရရှိခဲ့သော် ကျွန်တော်သည် အနှစ်သာရ မရှိသော၊ အကျိုးမရှိသော ဖျော်ဖြေရေးသက်သက်သာ ဖော်ကျူးသည့် အများပြည်သူအား လိမ်ညာသော ဇာတ်လမ်းများကို ရိုက်မည် မဟုတ်။ သမိုင်းစစ် သမိုင်းမှန်များ၊ အတ္ထုပ္ပတိများ၊ ဘာသာရေး လူမှုရေး သမိုင်းမှတ်တိုင် အစစ်အမှန်များကိုသာ အများပြည်သူအတွက် ပေးဆပ်ရိုက်ကူးသွားမည် ဖြစ်ပါကြောင်း စိတ်ကူးယဉ် မိပါတော့သည်။
0 comments:
Post a Comment