Friday, May 28, 2010

စစ်ရိပ် ၊ စစ်ငွေ့ သမ်း နေ သည့် ကိုရီးယား ကျွန်းဆွယ် တွင် နှစ်ဖက်တပ်လှန့် ထားမှု ကြောင့် နိုင်ငံခြား အလုပ်သမားများ ပြည်တော်ပြန်


မတ်လ ၂၆ ရက်နေ့ က တောင်ကိုးရီးယား စစ်သဘောင်္နစ် မြုပ်ခဲ့ရခြင်း သည် ကွန်မြူနစ် မြောက်ကိုရီးယား
၏ လက်ချက် ဖြစ်သည် ဟု စုံစမ်း စစ်ဆေး ချက် များ ထွက် ပေါ်လာပြီး ကိုရီးယား ကျွန်း ဆွယ်တွင် စစ်ရေး
တင်းမာ မှု များ ပေါ်ပေါက်လာ သည် ဟု ဆိုလ်းမြို့ ရှိ စားသောက်ဆိုင် တစ်ခု တွင် မန်နေဂျာ အဖြစ် လုပ်ကိုင်
သည့် ကိုထွန်းထွန်း က Freedom News Group သို့ ပြောသည်။
တောင်ကိုရီးယား နိုင်ငံတွင် လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေ များ နှင့် ပတ်သက်၍ ကိုထွန်းထွန်းက
နှစ်ဖက် စလုံး စစ်ရေး အသင့် ပြင်ထားကြတယ် ဘယ်လို ဖြစ်လာမလဲ တော့ မသိဘူး ။လမ်းတွေ မှာ တော့ အရေးပေါ် သတိပေးတဲ့ ဥသြ တွေ ကို ပြန်ပြင် နေတယ်။ ဖိလစ်ပိုင်၊ဗီယက်နမ် နဲ့  မလေး က လာ အလုပ်လုပ်
တဲ့ သူ တွေ တော့ ပြန်ကုန် ပြီ “ဆိုလ်း မြို့ ၏ အခြေအနေနှင့် ပတ်သက်၍ သူက ပြောသည်။
မြောက်ကိုရီးယား နိုင်ငံ ကမူ ထို သဘောင်္နစ်မြုပ်မှု သည် ၎င်းတို့ လက်ချက် မဟုတ်ကြောင်း ငြင်းဆိုထားသော်
လည်း လွန်ခဲ့သည့် သီတင်းပတ် မှ စ၍ နှစ်နိုင်ငံ နယ်စပ်ရှိ ၎င်း တို့  ၏ ပန်မွန်ဂျုံ အပါအ၀င် နှစ် နိုင်ငံ နယ်စပ်
တွင် စစ်ရေး တိုး မြှင့် လုပ်ဆောင် မှု များ ပြုခဲ့သည်။
နစ်မြုပ်သွားခဲ့သည့် တောင် ကိုရီးယား စစ်သင်္ဘော အား နိုင်ငံတကာ မှ သီတင်း သုံးပတ် ကျော်ကြာ စစ်ဆေး
ချက်အရ မြောက်ကိုရီးယား ၏ တော်ပီဒို လက်ချက် ဖြစ် သည် ဟု စစ်ဆေးတွေ့ ရှိခဲ့ကြသည်။
အမေရိကန် အစိုးရက မိတ်ဆွေ တောင် ကိုရီးယား နိုင်ငံ အား စစ်ရေး အကူအညီ များ ဆက်လက် တိုးမြင့် ပေးရန် စီစဉ် နေပြီသည်။.ယနေ့  နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြောက်ကို ရီးယား အား ကမ္ဘာ
က ထိုက်သင့် သော တုံ့ ပြန်မှု လုပ်ရန် ဆော်သြထား ပြီး တရုတ် နိုင်ငံ အား လည်း မဟာမိတ် နိုင်ငံ များ နှင့် အတူ ရှိရန် တိုက်တွန်း ထားသည်။
ဂျပန် နှင့် တောင် ကိုရီးယား နှစ်နိုင် ငံ ကာကွယ်ရေး ၀န်ကြီး များက မူ တာဝေးပစ် ဒုံးကျဉ် များ နှင့် မဟာဗျူဟာ မြောက် လက်နက် များ ကို အသင့်ရှိရန် အမိန့် ပေးထားသည်။အမေရိကန် ကာကွယ်ရေး
ဝန်ကြီး ရောဘတ် ဂိတ် သည် ယနေ့ ပင်တဂွန် စစ်ဌာန ချုပ် ဉ် ဂျပန် နိုင်ငံခြားရေး ၀န်ကြီး နှင့် တွေ့ ဆုံ
စဉ် နှစ် ကိုရီးယား ကျွန်းဆွယ် နှင့် ပတ်သက် ၍ ဆွေးနွေးခဲ့သည်။
ကိုရီယား ကျွန်းဆွယ် တွင် အခြေအနေ တင်းမာ မှု ကြောင့် ရေနံ စိမ်း ဈေးနှုန်းများ မှာ လည်း ဆက်လက်မြင့်တက်လျှက် ရှိသည်။
 သတင်း Freedom News Group

0 comments: