Sunday, May 23, 2010

ရွေးကောက်ပွဲအနိုင်ရ(၂၀)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နှင့်ဒေါ်အောင်ဆန်းစုကြည်၊ဦးခွန်ထွန်းဦး အပါအ၀င်ယုံကြည်ချက်ကြောင့်မတရားအကျဉ်းချခံ နေရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးလွတ်မြောက်စေရေးအတွက်ချီတက်ဆန္ဒပြပွဲမှတ်တမ်း



၁၉၉၀ပြည့်နှစ်၊မေလ(၂၇)ရက်နေ့တွင်ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်(၄၈၅)နေရာကျင်းပပေးခဲ့သည့်အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မဲဆန္ဒနယ်(၃၉၂)နေရာ ၈၂% ဖြင့် အနိုင်ရရှိခဲ့ပါသည်။ ထို ရွေးကောက်ပွဲအနိုင်ရ(၂၀)နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ်နှင့် နအဖစစ်အုပ်စု၏၂ဝ၁ဝခုနှစ်ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ မတရားဖမ်းဆီးခြင်းခံနေရသည့် လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ဦးခွန်ထွန်းဦး အပါအ၀င်ယုံကြည်ချက်ကြောင့်မတရားအကျဉ်းချခံ နေရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးလွတ်မြောက်စေရေးအတွက် ညီညွတ်သောတိုင်း ရင်းသားများအဖွဲ့အစည်း(ဂျပန်) AUN – JPမှ ကြီးမှုးကျင်းပ၍အမျိုးသားဒီမိုကရေစီအဖွဲချုပ်(လွတ်မြောက် နယ်မြေ)ဂျပန်ဌာနခွဲ၊ဂျပန်ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသည့်အင်အားစုများ ပူးပေါင်းတက်ရောက်ပြီး ၁၉၉၀ ရွေးကောက်ပွဲကိုအကောင်အထည်မဖော်ပေးပဲနှင့်၂၀၁၀ ခွေးကောက်ပွဲကျင်းပမည်ကို ဂျပန်အစိုးရမှ အသိအမှတ်မပြုရန်နှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦးအပါအ၀င် ယုံကြည်ချက်ကြောင့် မတရား အကျဉ်းချခံနေရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးမတရားဖမ်းဆီးထားပြီးတရားစွဲဆိုခံထားရမှုများကို ဂျပန်အစိုးရမှ ထိထိရောက်ရောက်ဖိအားပေးဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ပါသည်၊၊ထိုနောက် 23း0တွင် Ebisuပန်းခြံမှ  UNရုံးရှေ့နှင့်လူစည်ကားရာမြို့နယ်များကိုဖြတ်ကျော်၍ ကြွေးကြော်သံများတိုင်ကာ ချီတက်ဆန္ဒပြခဲ့ရာလူပေါင်း ၄၀၀ကျော် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။ချီတက်ဆန္ဒပြပွဲကို Sadagaya ပန်းခြံတွင်အဆုံးသတ်ရပ်နားခဲ့ပါတယ် ။




သတင်း။။အာလူးလေး။ ဗွီဒီယို၊ဓါတ်ပုံ။ထွန်းမြင့်၊ကေသီသိန်း  

0 comments: