Pages

Friday, March 22, 2013

မိထ္ထီလာမြို့ အရေးအခင်း ရဲများ လက်ပတောင် အရေးခင်းလောက် လက်မတွက်ကြတာလဲ

ဟာဂျူလီ ကသာ

စစ်အာဏာရှင်လက်ထက်က ဘာဖြစ်လို့ လူမျိုးရေးကို ဦးမတည်ခဲ့ကြတာလဲ၊အခုစစ်အာဏာရှင် မအုပ်ချုပ်တော့မှ အိမ်မီးရှို့၊လူတွေသတ် ထိန်းမရသိမ်းမရဖြစ်နေတယ်လို့ ထင်မြင်လာအောင် ဘာကြောင့်လုပ်ချင်နေကြတာလဲ၊စစ်အာဏာရှင်ပြန်ဝင်လာအောင်
မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ မတန်ပါဘူးလို့မြင်လာအောင် ဘာကြောင့် လုပ်ချင်နေကြတာလဲ၊အဓိက ကိုယ့်ဘာသာ ကိုယ့်လူမျိုးကို ကာကွယ်ချင်ရင် ကိုယ့်နိုင်ငံသားတွေကို ကာကွယ်တဲ့ ဥပဒေတွေ ပေါ်လာအောင် ၀ိုင်းလုပ်ကြရမှာ.၊မတရားလုပ်တဲ့ ကုလားရှိရင် ဥပဒေနဲ့
ပြင်းထန်စွာ အရေးယူနိုင်ဖို့ ဖိအားပေးကြရမှာ၊ဥပဒေကို ကိုင်တွယ်တာ ကိုယ့်မြန်မာတွေပါ၊အုပ်ချုပ်သူ ကိုယ့်မြန်မာတွေ ဥပဒေတစ်ရပ်ပေါ်လာရေး ဖိအားပေးရမယ့်နေရာမှာ ဒီမိုကရေစီလမ်းကြောင်းပြောင်းရေး စောင်းပေးတဲ့ ဖြစ်စဉ်မို့လို့ ဆန့်ကျင်ပါတယ်၊အဲဒီလို ကိုယ့်နိုင်ငံသားကို ဥပဒေအရ ကာကွယ်တဲ့ဥပဒေဖြစ်ပေါ်လာဖို့ဆိုရင်တော့ ကျွန်တော်ဘာပဲလုပ်ရလုပ်ရ ၀င်ပူးပေါင်းလုပ်ဆောင်ဖို့ အဆင်သင့်ပါပဲ၊မနှစ်တုန်းက ဥပဒေအရ ဖမ်းဆီးထောင်ချထားတဲ့ လူမျိုးခြားတွေကို အစိုးရက လွတ်ငြိမ်းချမ်းသားခွင့်ပေးခဲ့တုန်းက ကျွန်တော့်ဆန့်ကျင်ခဲ့ပါတယ်၊အဲဒီတုန်းက အခုတလွဲမျိုးချစ်တွေ ဘာကြောင့် မကန့်ကွက်ခဲ့ကြတာလဲ..