Pages
▼
Tuesday, September 06, 2011
တဂိုး နှစ် (၁၅၀) ပြည့် အထိမ်းအမှတ်ပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ရန်ကုန်မြို့ အိန္ဒိယ သံရုံးမှာ ကျင်းပနေတဲ့ ဘင်္ဂါလီ စာဆိုကြီး ရာဘန္ဒြာ နသ်တဂိုး Rabindranath Tagore ရဲ့ နှစ် (၁၅ဝ) ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲကို မနေ့ ညနေပိုင်းက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ကြည့်ရှုခဲ့ပါသည်။
အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည်
အိန္ဒိယသံရုံးက ဒေါ်အောင်ဆန်းစုကြည်ကို ပထမဦးဆုံး အကြိမ် တရားဝင် ဖိတ်ကြားခဲ့တာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။ " ကျနော် ၂၀၀၅ ခုနှစ် ကတည်းက ထောင်လွတ်လာပြီး သိသလောက် ပြောရရင် အဖွဲ့ချုပ်က လုပ်တဲ့ နိုင်ငံရေး အခမ်းအနားတွေမှာ အိန္ဒိယ သံရုံးက တက်ရောက်လေ့ မရှိဘူး၊ အဖွဲ့ချုပ်နဲ့လည်း ထူးထူး ခြားခြား ဆက်ဆံတာ မရှိဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက်မှာတော့ ဆက်ဆံမှု နည်းနည်းရှိလာတာ သတိထားမိပါသည်။
မကြာခင်က အိန္ဒိယ ၀န်ကြီး လာခဲ့တုန်းကလည်း ပါလာတဲ့ အရာရှိကြီး တစ်ယောက် ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံနှုတ်ဆက် ပါတယ်" အခုလို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ အစိုးရဘက်က တရားဝင် ဖိတ်ကြားတာကို မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားနေသူတွေ ကလည်း ကြိုဆိုကြ ပါသည်။
နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် တဂိုးရဲ့ နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲမှာ နိုင်ငံတကာ အနုပညာရှင်တွေနဲ့ မြန်မာ့ပန်းချီ အနုပညာရှင်တွေရဲ့ လက်ရာတွေကို ပြသထားပြီး စက်တင်ဘာလ (၂) ရက်ကနေ (၈) ရက်နေ့ထိ ကျင်းပမှာ ဖြစ်ပါသည်။


No comments:
Post a Comment
Note: Only a member of this blog may post a comment.