Pages
▼
Sunday, August 14, 2011
ကန်ဒေါ်လာ၊ FEC နှင့် ပို့ကုန်ရငွေ တန်ဖိုးများ ဆက်တိုက်ကျ ကျပ်ငွေတန်ဖိုးတက်
ရန်ကုန်မြို့တော်
အခြေစိုက် စီးပွားရေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် တစ်ဒေါ်လာလျှင်
မြန်မာကျပ်ငွေ ခုနှစ်ရာအောက်အထိ ကျဆင်းသွားမည့် အခြေအနေများ
တွေ့မြင်နေရပြီး လက်ရှိတွင် ငွေမာဟု ခေါ်ဝေါ်သုံးစွဲခဲ့ကြသော
အမေရိကန်ဒေါ်လာကို ဝယ်ယူစုဆောင်းသည့် အလေ့အထ ပျောက်ကွယ်လုနီးပါး
ဖြစ်လာကြောင်း နိုင်ငံခြားငွေလဲဒိုင်အချို့က သုံးသပ်ပြောကြားသည်။
အမေရိကန်ဒေါ်လာ တန်ဖိုး ကျဆင်းမှုနှင့်အတူ FEC နှင့်
ပို့ကုန်ရငွေတန်ဖိုးများလည်း ဆက်တိုက်ဆိုသလို လိုက်ပါ ကျဆင်းလာကြောင်း
တွေ့ရသည်။ အမေရိကန် တစ်ဒေါ်လာသည် သြဂုတ်လ ၂ ရက်နေ့က ၇၆၇ ကျပ်ဈေးရှိခဲ့ပြီး
သြဂုတ်လ ၉ ရက်နေ့တွင် ၇၅၀ ကျပ်ဝန်းကျင်အထိ ဈေးနှုန်း ကျဆင်းလာခဲ့သည်။ ၂၀၁၁
နှစ်ဆန်းပိုင်းတွင် အမေရိကန်ဒေါ်လာ တန်းဖိုးသည် တစ်ဒေါ်လာလျှင် ၇၄၀ ကျပ်အထိ
ဈေးအနိမ့်ဆုံး ထိုးကျခဲ့ဖူးသည်။ “နိုင်ငံတကာ စီးပွားရေးကို
သုံးသပ်လိုက်ရင် ကမ္ဘာ့ရွှေဈေးတက်ဦးမယ်၊ ဒေါ်လာတန်ဖိုး ထိုးကျဦးမယ်။
မြန်မာ့ဈေးကွက်မှာတော့ ကျပ်ငွေတန်ဖိုး ထပ်ပြီးတော့ကို တက်နိုင်ခြေများတယ်။
အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ခုနှစ်ရာဝန်းကျင်နဲ့ ခုနှစ်ရာအောက်ထိ
ရောက်ဖို့များတယ်” ဟု ကျောက်တံတားမြို့နယ်တွင် နှစ်ပေါင်းများစွာ
နိုင်ငံခြားငွေလဲဒိုင်အဖြစ် လုပ်ကိုင်နေသူ စီးပွားရေးသမားတစ်ဦးက
သုံးသပ်သည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ဝေထားသော FEC ငွေကြေးသည်
တစ်ယူနစ်လျှင် ၇၂၀ ကျပ်ကျော် ဝန်းကျင်တွင် ရှိနေပြီး
ပို့ကုန်ရငွေတန်ဖိုးသည် အမေရိကန်တစ်ဒေါ်လာလျှင် ၇၈၀
ကျပ်ဝန်းကျင်တွင်ရှိကြောင်း သြဂုတ်လ ၉ ရက်နေ့ ဈေးကွက်အတွင်းမှ ရရှိသော
သတင်းအချက်အလက်များအရ သိရသည်ဟု ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ထုတ် The
Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ .

No comments:
Post a Comment
Note: Only a member of this blog may post a comment.