ဗြိတိန်ဖေဖေ၊ မေမေများ ၅၅ ရာခိုင်နှုန်းက သူတို့ သားသမီးများ၏ ဖေ့ဘွတ်တွင်ရှိသော ကိုယ်ရေး အချက်အလက်များကို ကြည့်ရှု စစ်ဆေးခြင်းမှာ သီလမကျိုးဟု ခံယူထားသည်။
ကွန်ပျူတာ ကုမ္ပဏီ Bullguard Internet Security ၏ လေ့လာချက်အရ မိဘများက ဤသို့ စုံစမ်း ထောက်လှမ်းရခြင်းမှာ သူတို့ သားသမီးများနှင့် စကားပြောဆိုရာတွင် “ကိုးလို့ကန့်လန့်၊ ခိုးလိုးခုလု” မဖြစ်စေရန် အတွက်ဟု ဆိုသည်။ မိဘ လေးပုံတပုံကမူ ကလေးများ၏ ဘ၀မှန် အခြေအနေကို သိရှိစေဖို့ရာ ဤနည်းလမ်းသာ ရှိနေတော့သည်ဟု ခံယူထားကြသည်။

ဖေ့ဘွတ်မှာ စာရေးတော့မလို့လား၊ သတိထား။ မေမေ ကြည့်နေတယ်
ဒစ်ဂျစ်တယ် ခေတ်ကာလ သားသမီးများကို ပြုစု ပျိုးထောင်ရန်အတွက် ကလေးများအကြောင်း မသိလို့ မရပါ။ ဤသို့ သိရှိစေရန်မှာ ဒီပလိုမေစီ နည်းလမ်း မျိုးစုံကို မိဘများက အသုံးချ နေရပြီဖြစ်သည်။ ဒစ်ဂျစ်တယ် ဆက်ဆံရေးကို မျက်ကွယ်ပြု၍ မရ။ သားသမီး ပျိုးထောင်မှုမှာ ပို၍ အနုပညာ ဆန်လာသည်။ သူတို့လေးတွေက ဂျင်မပေါက်၊ စွန်မလွှတ်၊ အိုးပုတ်၊ ဂျိုးရုပ် မကစားတော့ဘဲ ကလစ်လုပ်ရင်း၊ စခရင်းကိုနမ်းရင်းသာ ကြီးပြင်း လာနေသည်မို့ တမုံ့။
မိဘ ၂၀ တွင် ၁ ဦးမှာ သူငယ်ချင်း အကောင့်ဖြင့် သူတို့ သားသမီး စာမျက်နှာတွေကို ၀င်ဖတ်ရှုကြပါသတဲ့။ ဘာတွေ ဖြစ်နေသလဲဆိုတာကို မသိလို့ကလည်း မရ။
သားသမီးနှင့်လည်း မျက်နှာ မပျက်ချင်။
ဖေ့ဘွတ်နှင့် မိုင်စပေ့ လူမှုကွန်ယက် စာမျက်နှာများသည်လည်းကောင်း၊ တွစ်တာကဲ့သို့သော မိုက်ခရို ဘလော့ဂင်းသည်လည်းကောင်း ရွှေရင်သိမ်းသစ် ၁၃ နှစ်များ အကြားတွင် အထူး ရေပန်းစားနေပါသတဲ့။
“ဟေ့ မိပေါက်… ဒီမှာကြည့်စမ်း ကိုယ့်မှာ အွန်လိုင်း သူငယ်ချင်း ခြောက်ထောင်ကျော်တော့မယ်။ ၀ိုင်းစုခိုင်သိန်းကို မှီတော့မယ်ကွ။ .. ကိုယ့်ကိုဘာမှတ်လဲ။ ဖိုတိုရှော့နဲ့ ကိုယ့်နှုတ်ခမ်းကို ၀တ်မှုန်ရွှေရည်လိုမျိုး ပြင်ထားတဲ့ပုံ တင်လိုက်ဦးမယ်။ ညည်းဟာရော…”
“ဟင့်အင်း။ မိတေ… ကိုယ်က ပုန်းနေရတာလေ။ သိတယ်မဟုတ်လား…။ လာချိတ်တာတွေက အများကြီးပဲ…။ အီစီကလီ လုပ်လို့ ၀သွားပြီကွ… ခီ်ွးခွီး”
စစ်တမ်း လေ့လာမှုအရ မိဘ ၅၅ ရာခိုင်နှုန်းမှာ ကလေးများအပေါ် စုံစမ်းထောက်လှမ်းကြပြီး ၄၀ ရာခိုင်နှုန်းကမူ သူတို့ မစပ်စုဟု ဆိုကြသည်။
မိဘ ၅ ရာခိုင်နှုန်းက ကွန်ပျူတာကို သုံးတတ်ပါမူ ထောက်လှမ်းပါလိမ့်မည်ဟု ဆိုကြသည်။
ဖေဖေ၊ မေမေ ၄၁ ရာခိုင်နှုန်းက သားသမီးများ၏ ကိုယ်ရေး info updates ကို အစဉ်အမြဲ စောင့်ကြည့် နေကြပြီးလျှင် ၃၉ ရာခိုင်နှုန်သော မိဘများက ပင်မ စာမျက်နှာ Wall ပေါ်တွင် သူတို့ သူငယ်ချင်းများ ရေးသားထားသည်တို့ကို ဖတ်ရှုကြကြောင်း လေ့လာတွေ့ရှိကြသည်။
ဓါတ်ပုံများကိုလည်း ကြည့်ရှုကြပါသတဲ့။
မြန်မာ ဒစ်ဂျစ်တယ် မေမေကော မနေ့က သမီးအွန်လိုင်းမှာ ဘယ်သူနဲ့ စကားပြောခဲ့သလဲ သိပါရဲ့လား။
အဲ… မေမေကကော အွန်လိုင်းပေါ်မှာ…..။
မောက္ခ ဒစ်ဂျစ်တယ် မိသားစုရေးရာ
.
No comments:
Post a Comment
Note: Only a member of this blog may post a comment.