Pages
▼
Friday, August 05, 2011
စားကြဦးမလား ကြက်ကင်ပူပူလေး
နေပြည်တော်
 ဈေးအချို့ရှိ ကြက်သားနှင့် ကြက်ကင်များတွင် ရေရှည် စားသုံးပါက ကင်ဆာရောဂါ
 ဖြစ်ပွားစေနိုင်သော ဓာတုဆိုးဆေးများ ဆိုး၍ ရောင်းချကြောင်း ဓာတ်ခွဲစစ်ဆေး 
တွေ့ရှိခဲ့သည်ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) 
တာဝန်ရှိသူများထံမှ သတင်း ရရှိပါသည်။ အ၀ါရောင် ဆိုးဆေး (Auramine-O) 
အမျိုးအစား စက်မှုလုပ်ငန်းသုံး ဓာတုဆိုးဆေး (အထူးသဖြင့် ချည်၊ သိုးမွှေး၊ 
ပိုးထည်၊ စက္ကူ၊ သားရေများကို အရောင်ဆိုးသော ဓာတုဆိုးဆေး) များကို 
ကြက်သားနှင့် ကြက်ကင်များတွင် လတ်ဆတ်သည်ဟု ထင်ယောင်ထင်မှား ဖြစ်စေနိုင်သည့်
 အရောင်ရရှိရန် အသုံးပြုကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ 
ဓာတုဆိုးဆေးမှာ စားသုံးသူများကို လတ်တလော အဆိပ်အတောက် မဖြစ်စေသော်လည်း 
ရေရှည်တွင် အသည်းနှင့် ကျောက်ကပ်ရောဂါ ဖြစ်စေခြင်း၊ ခန္တာကိုယ် 
ကြီးထွားမှုကို ထိခိုက်စေခြင်းနှင့် ကင်ဆာရောဂါတို့ကို 
ဖြစ်ပွားစေနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရသည်။
 ကြက်သားနှင့် ကြက်ကင်မှာ မြန်မာနိုင်ငံတွင် စားသုံးမှုများလေ့ရှိသော နေ့စဉ်
 စားကုန်တစ်ခု ဖြစ်သည့်အတွက် ဆိုးဆေးဆိုး၍ ရောင်းခြင်းမှာ 
စားသုံးသူများအတွက် အန္တရာယ်ကြီးမားကြောင်း၊ အရောင်ပါသည့် ကြက်သားများအား 
ဝယ်ယူစားသုံးရန် မသင့်ကြောင်း FDA မှ တာဝန်ရှိသူတစ်ဦးက သတိပေး 
ပြောကြားခဲ့သည်။ ''ဇူလိုင်လ နောက်ဆုံးပတ်ထဲမှာ နေပြည်တော် ဈေးအချို့က 
အရောင်ပါတဲ့ ကြက်သားနဲ့ ကြက်ကင်တွေကို ဓာတ်ခွဲ စစ်ဆေးတဲ့အခါ Auramin-O 
လို့ခေါ်တဲ့ စက်မှုလုပ်ငန်းနဲ့ ချည်ထည်လုပ်ငန်းတွေမှာ သုံးတဲ့ ဆိုးဆေး 
အသုံးပြုထားတာကို တွေ့ရှိခဲ့ရတယ်။ ဒီဆိုးဆေးက စားသောက်ကုန်တွေမှာ 
သုံးစွဲဖို့ ခွင့်မပြုတဲ့ ဆိုးဆေးပါ။ ရေရှည်စားမိရင် ကင်ဆာ ဖြစ်စေနိုင်တယ်။
 ဆိုးဆေးက ဈေးအရမ်းပေါသလို၊ ဆိုးထားရင် နနွင်းမှုန့် အရောင်နဲ့ 
ဆင်တူပါတယ်''ဟု FDA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ 
နေပြည်တော်ဈေးများရှိ ကြက်သားနှင့် ကြက်ကင် အရောင်းဆိုင်များကို ဆိုးဆေး 
အသုံးပြုခြင်း ရှိ၊ မရှိ ဆက်တိုက် စစ်ဆေးလျက်ရှိပြီး သက်ဆိုင်ရာမှ 
ဆိုးဆေးအသုံးပြု ရောင်းချသည့် ဆိုင်များကို သတိပေး အရေးယူမှုများ 
ပြုလုပ်နေကြောင်း ၂၀၁၁ ခုနှစ် သြဂုတ်လ ၅ ရက်နေ့ထုတ် Bi Weekly Eleven 
ဂျာနယ်တွင် ဖော်ပြထားပါသည်။ .
No comments:
Post a Comment
Note: Only a member of this blog may post a comment.