Wednesday, June 30, 2010

မိုင်းလားတပ်ဖွဲ့နယ်မြေ၌ အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံ ဖြုတ်ချဖျက်ဆီး

ပီးခဲ့သည့်အပတ်က မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း အမည်မသိလူတစု နအဖ ပြည်ထောင်စုအလံကို ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်ကာ လူမြင်သာသည့်ကားလမ်းမဓါတ်တိုင်တွင် ချည်ထားကြောင်း စုံစမ်းသိရှိရပါသည်။

“ကျိုင်းတုံအခြေစိုက် တြိဂံစစ်တိုင်းရုံး ဂျီဝမ်းအသစ်နဲ့အဖွဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် မိုင်းဟိုင်းမြို့မှာ နှစ်နိုင်ငံမြို့နယ် အဆင့် နယ်စပ်ကိစ္စဆွေးနွေးပွဲ မသွားခင်မှာဘဲဖြစ်တာ၊ ဘယ်သူ့လက်ချက်မှန်းမသိဘူး၊ နအဖ ရဲ့ ဌာန ဆိုင်ရာရုံး ၄ ခုက အလံ ၄ ခုစလုံး ညအချိန်ဖြုတ်ချပြီး အပိုင်းပိုင်းဖြတ်တယ်၊ တချို့အစအနတွေ လမ်းပေါ်ကြဲပစ် ထားတယ်။ တချို့အပိုင်း ဟာကိုဓါးနဲ့ချိုဒ်ပြီးဓါတ်တိုင် မှာသွားချည်ထားတယ်” - ဟု ကျိုင်းတုံမြို့ခံတဦးက ပြောပြပါသည်။

မဆလ/န၀တ/နအဖ ၏ ပြည်ထောင်စုအလံ
မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၈၉၆ နှင့် တပ်မဟာ ၃၆၉ တို့ ပူးပေါင်းထိန်းချုပ်သည့် ဆီလူးမြို့ရှိ နအဖ၏ ကျန်းမာ ရေးဌာန၊ ပညာရေးဌာန၊ စိုက်ပျိုးရေးဌာန နှင့် တိရစ္ဆာန်ဌာနရုံးများ၏အလံများ ဂျွန် ၂၁ ရက် ညဥ့်နက် ပိုင်းက ဖြုတ်ချဖျက်ဆီးခံရ ခြင်းဖြစ်သည်။

“ဗမာစစ်တပ်ကဘဲ မိုင်းလားတပ်ဖွဲ့ကို အကြောင်းမရှိ အကြောင်းရှာ၊ ရန် ရှာချင်လို့ လံကြုပ်ဖန်တီး တာဖြစ်နိုင် သလို အသွင်ပြောင်းဖို့ အမြို့ဖိအားပေးခံနေတာကို အမြင်ကပ်လို့ ဒေသခံတပ်မှူးတပ်သားတွေ လုပ်တာလဲ ဖြစ်နိုင်တယ်”- ဟု တရုတ် နယ်စပ် အကဲခတ်သူတဦးကပြောပါသည်။

အဆိုပါကိစ္စကို မိုင်းလားတပ်ဖွဲ့သိလျှင်သိခြင်း အခင်းဖြစ်သည့် နေရာသို့ မိုင်းလား ဗဟိုဌာနချုပ်မှအာဏာပိုင်များသွား ရောက် စစ်ဆေးခဲ့ကြကြောင်း၊ မဆလ/န၀တ အလံ ဖျက်ဆီးသည့်တရားခံကိုလည်း အမြန်ဆုံးဖမ်းမိရန်စုံစမ်းမေးမြန်း နေကြောင်း- မိုင်းလား တပ်ဖွဲ့ အရာရှိတဦး ကပြောပြပါသည်။

ဂျွန် ၂၄ ရက် တရုတ်ပြည် ယူနန်နယ် ဆစ်ဆောင်ပန်းနားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၏ မိုင်းဟိုင်းမြို့ နှစ်နိုင်ငံ (မြို့နယ် အဆင့်) တရုတ် - မြန်မာ နယ်စပ်အရေးဆွေးနွေးပွဲမှအပြန် မိုင်းလားမြို့ ညအိပ်ရပ်နားစဉ် တြိဂံစစ်တိုင်း ရုံး ဂျီဝမ်းသစ် ဒု-ဗိုလ်မှူးကြီးတင့်ဆွေနှင့်အဖွဲ့ မိုင်းလားအာဏာပိုင်များနှင့် တွေ့ဆုံရာ၌လည်း နယ်ခြားစောင့် တပ်အရေးထက်အလံဖျက် ဆီးခံရသည့် ကိစ္စကို ဦးစားပေးပြောသွားကြောင်း နီးစပ်သည့်အသိုင်းအ၀ိုင်းက ပြောပါသည်။

တြိဂံတိုင်း ဂျီဝမ်းသစ်နှင့်အဖွဲ့အား မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ ဆန်းပေ နှင့် စ၀်ဆန်လူတို့ လက်ခံတွေ့ဆုံစဉ် တင်ပြစရာ တောင်းဆိုစရာများရှိလျှင် ပြောနိုင်ကြောင်း၊ အထက်သို့ တင်ပြပေးမည်ဖြစ်ကြောင်း ဒု-ဗိုလ်မှူးကြီး တင့်ဆွေမှကမ်းလှမ်း သော်လည်း ဘာမျှဆွေးနွေးစရာမရှိကြောင်း ၂၅/၆/၂၀၁၀ နေ့ ပြောဆိုကြပြီး ယခင် ကကဲ့သို့ ထမင်းဝိုင်းထိုင်အတူ စားသောက်ခြင်းပင်မရှိဟု ကြားသိရ၏။ ယခုတွေ့ဆုံမှုသည် ဧပြီ ၂၈ ရက်နေ့ နအဖနောက်ဆုံးသတ်မှတ်ရက် နောက်ပိုင်း ပထမဆုံးအကြိမ်တွေ့ဆုံကြခြင်းဖြစ်သည်။
သတင်း။။သျှမ်းသံတော်ဆင့်  

Tuesday, June 29, 2010

စစ်အစိုးရလက်ထက် သရဲတောင် ဘုံပျောက်



    လှိုင်သာယာမြို့နယ်ရှိ ရွှေသံလွင်စက်မှုဇုန်အတွင်း စက်ရုံတစ်ရုံ၌ ပရိတ်တရားနာစဉ် ထိတ်လန့်မှုတစ်ခု ဖြစ်ပွားခဲ့သည့်အတွက် အလုပ်သမားများအား အိမ်ပြန်ခွင့် ပေးခဲ့ရသည်ဟု ယင်းစက်ရုံမှ တာဝန်ရှိသူများ၏ ပြောပြချက်များအရ သိရှိရပါသည်။

    ဖြစ်စဉ်မှာ ဇွန်လ၂၁ရက်နေ့ မနက် ၉နာရီတွင် စက်ရုံဖွင့်လှစ်သည့် အထိမ်းအမှတ်အဖြစ် စက်ရုံအလုပ်သမား တစ်ထောင်ကျော် ပရိတ်တရားနာနေစဉ် စက်ရုံအလုပ်သမားအချို့မှာ အကြောင်း တစ်စုံတစ်ရာ မရှိဘဲ ငိုယိုသည့်ဖြစ်ရပ်များကြောင့် အလုပ်သမားအများစုမှာ ထိတ်လန့်ကာ မိမိအိမ်သို့ပြန်လိုကြောင်း ခွင့်တောင်းခဲ့ကြခြင်းကြောင့် တစ်နေ့တာအလုပ်ရပ်နားကာ အိမ်သို့ပြန်လွှတ်ခဲ့ရသည်ဟု စက်ရုံမှတာဝန်ရှိသူက ရှင်းပြခဲ့ပါသည်။

    ''ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ရဲ့အယူအဆအရ စက်ရုံဖွင့်လှစ်တဲ့ အထိမ်းအမှတ်အနေနဲ့ သံဃာတော်တွေပင့်ပြီး ပရိတ်တရားတော်နာခဲ့တယ်။ အဲဒီအချိန်မှာပဲ အလုပ်သမားတစ်ချို့ဟာ အကြောင်းပြချက် တစ်စုံတစ်ရာမရှိကြဘဲ တုန်တုန်ရီရီဖြစ်ပြီး အသံနက်ကြီးနဲ့ အော်ငိုခဲ့ကြတယ်။ တစ်ချို့ပြောချင်တာ တွေပြောတယ်။ လူငယ်အချင်းချင်းကြတော့လည်း တစ်ယောက်ကငိုတော့ ကြောက်လန့်ပြီး ငိုကုန်ကြတယ်''ဟု စက်ရုံရှိ ကိုယ်တွေ့ကြုံခဲ့ရသူ အလုပ်သမားတစ်ဦး က ပြောပြခဲ့ပါသည်။

    ''အလုပ်သမားတွေ အော်ငိုကြတဲ့အခါ ကြားမိတာကတော့ ငါတို့နေစရာမရှိလို့ နေစရာပေးပါဆိုပြီး ပြောတာကြားတယ်။ ကျွန်တော်သိသလောက်တော့ စက်ရုံမဆောက်ခင်က အဲဒီနေရာမှာ သရက်ပင်ကြီးတစ်ပင်ရှိတယ်။ စက်ရုံဆောက်တော့ အဲဒီအပင်ကို ခုတ်လိုက်ရတယ်။ အဲဒီအချက်ကြောင့်လည်း ဖြစ်နိုင်တယ်လို့ ထင်ပါတယ်''ဟု စက်ရုံအလုပ်သမားတစ်ဦး က ပြောပြခဲ့ပါသည်။

    ထို့ပြင် စက်ရုံမှာ ၂၀၁၀ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အလုပ်သမား တစ်ထောင်ဝန်းကျင် လုပ်ကိုင်နေကြကာ ယင်းစက်ရုံမှာ ဇာထိုး၊ ပန်းထိုးစက်ရုံဖြစ်ကြောင်း သိရှိရပါသည်။

    ''ဒီနေ့တစ်နေ့ပဲ ကြောက်လန့်နေတဲ့ အလုပ်သမားတချို့ကို အိမ်ပြန်လွှတ်ခဲ့တယ်။ နောက်နေ့ ပုံမှန်အ တိုင်း အလုပ်ပြန်ဆင်းကြမှာပါ။ အထိတ်တလန့် ဖြစ်သွားခဲ့တဲ့ အလုပ်သမားတွေ တချို့တော့ ဆေးခန်းရောက်ကုန်ကြတယ်။ ကျွန်မကတော့ ဒါမျိုးနဲ့ပတ်သက်ပြီး တစ်ခါမှလည်း မကြုံခဲ့ဘူးသလို အယုံအကြည်လည်း မရှိခဲ့ဘူး။ ပြီးတော့ အကြီးအကျယ် ထိခိုက်တာမျိုး ဘာမှလည်းရှိခဲ့တာ မဟုတ်ဘူးလေ''ဟု စက်ရုံကြီးကြပ်ရေးမှူးက ပြောပြခဲ့ပါသည်။

    ယင်းဖြစ်ရပ်နှင့် စပ်ဆက်ကာ လှိုင်သာယာစက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက " လှိုင်သာယာ စက်မှုဇုန်ခွဲတွေထဲမှာတော့ ကျွန်မလုပ်သက် သုံးလေးနှစ်အတွင်းမှာ ဒီလိုဖြစ်ရပ်မျိုး တစ်ခါမှ မကြားဖူးဘူး''ဟုပြောကြားခဲ့ပါသည်။ 
 News/ Eleven Journal

ရေလမ်းကြောင်း ထိန်းသိမ်းခြင်း လုပ်ငန်း များကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ကန်ထရိုက်စနစ်ဖြင့်ခွင့် ပြု သွားမည်

ရန်ကုန်ဆိပ်ကမ်းသို့ သင်္ဘောကြီးများ ဝင်ထွက် သွားလာနိုင်ရေးအတွက် ရန်ကုန် မြစ်ကြောင်းကို ပြုပြင်ရန် ထိုင်းကုမ္ပဏီ တစ်ခုက တာဝန်ယူ လုပ်ဆောင်ရန် ကမ်းလှမ်းထားကြောင်း သတင်းရရှိပါသည်။ ရန်ကုန် ဆိပ်ကမ်းသည် river port တစ်ခု ဖြစ်သောကြောင့် ရေစူးနက်သော ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ရောက် ဆိုက်ကပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။ ထို့အပြင် Monkey point ဟုခေါ်သော အတွင်း သောင်ခုံနှင့် Elephant point ဟုခေါ်သော အပြင်သောင်ခုံများ ပါရှိနေရာ ရန်ကုန်မြစ်အတွင်း ဝင်ရောက်မည့် သင်္ဘောကြီးများသည် ပင်လယ် ဒီရေတက်ချိန်ကို စောင့်၍ သွားလာရကြောင်း သိရသည်။ ရန်ကုန်မြစ်တွင် သင်္ဘောကြီးများ သွားလာရ လွယ်ကူ အဆင်ပြေစေရန်အတွက် ထိုင်းကုမ္ပဏီ တစ်ခုမှ မြစ်ကြောင်း ပြုပြင်ရန် လာရောက် ကမ်းလှမ်းမှုများ ရှိနေပြီး လက်ရှိ အချိန်ထိမူ အဆိုပါ ကမ်းလှမ်းမှုအား လက်သင့်ခံခြင်း ရှိ၊ မရှိ တိကျစွာ မသိရှိရသေးကြောင်း သိရသည်။ အဆိုပါ ကမ်းလှမ်းချက်တွင် ပါရှိသည့် လုပ်ဆောင်မည့် အချက်များနှင့် ဖြစ်ပေါ်နိုင်သည့် အကျိုးအပြစ်များအား ရေကြောင်းဆိုင်ရာ ကျွမ်းကျင် ပညာရှင်များက လေ့လာမှု ပြုလုပ်ရန်လည်း ရှိကြောင်း သိရသည်။ အဆိုပါ လေ့လာမှုပြုလုပ်မည့် ပညာရှင်များတွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ မြန်မာ့ ရေကြောင်းပညာ တက္ကသိုလ် စသည်တို့မှ ရေကြောင်းဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်မည် ဖြစ်ကြောင်းလည်း သိရသည်။ “ထိုင်းကုမ္ပဏီက ပြောလာတဲ့ အချက်တွေကို ကြည့်ပြီး ဒါဟာ ဖြစ်နိုင်ခြေရှိ၊ မရှိ ပြန်ပြီး လေ့လာသွားရမှာပါ။ ဥပမာပြောရရင် သောင်ခုံ နှစ်ခုကို တူးလိုက်ရင် ရေစူးများတဲ့ သင်္ဘောတွေ ဝင်နိုင်မှာလား။ ဒီလိုလုပ်လို့ မြစ်ကြောင်းကို ဘယ်လို သက်ရောက်လာမလဲ။ သောင်တူးတယ် ဆိုတာကလည်း လနဲ့ချီကြာမှာလေ စသည်ဖြင့်ပေါ့။ ဒါတွေကို သုံးသပ် လေ့လာသွားမှာပါ ”ဟု မြန်မာ့နိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်မှ ဆရာတစ်ဦးက ပြောပြခဲ့သည်။ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် လက်အောက်ရှိ ရန်ကုန် ဆိပ်ကမ်းများအား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပြုမှုနှင့်အတူ ရန်ကုန်မြစ်အတွင်းရှိ အတွင်းစည်းခုံနှင့် အပြင်စည်းခုံ သောင်တူးခြင်း လုပ်ငန်း၊ ရေလမ်းကြောင်း ထိန်းသိမ်းခြင်း လုပ်ငန်း များကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ကန်ထရိုက်စနစ်ဖြင့် ဆောင်ရွက်ခွင့် ပြုသွားမည် ဖြစ်ပြီး ရန်ကုန်မြစ်အတွင်း ဝင်ရောက်၊ ထွက်ခွာ သွားလာနေသည့် ပြည်တွင်း၊ ပြည်ပ သင်္ဘောများထံမှ မြစ်ကြောင်း ထိန်းသိမ်းခ ပြန်လည် ကောက်ခံသွားရန် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

စစ်အစိုးရကို ICC တင်သင့်ဟု ပြည်သူ့ခုံရုံး ဆုံးဖြတ်

သတင်း - မဇ္ဈိမသတင်းဌာန
ရေးသားသူ - ဆလိုင်း ဟံသာစန်း
ဓာတ်ပုံ- သန်းမျိုးထွေး၊ ဒီမိုဝေယံ
တနင်္လာနေ့၊ ဇွန်လ 28 ရက် 2010 ခုနှစ်
မြန်မာစစ်အစိုးရသည် အမျိုးသမီးများအပေါ် လူသားချင်းစာနာမှု ကင်းမဲ့စွာ ရာဇဝတ်မှု ကျူးလွန်နေသည်မှာ ထင်ရှားသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC သို့ တင်သင့်ကြောင်း ဂျပန်နိုင်ငံရှိ ပြည်သူ့ခုံရုံးက ယမန်နေ့တွင် ဆုံးဖြတ်ခဲ့သည်။ ဂျပန်နိုင်ငံ တိုကျိုမြို့ Aoyama တက္ကသိုလ်တွင် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ပြည်သူ့ခုံရုံးတွင် ကိုယ်တိုင်ကျူးလွန်ခြင်း ခံခဲ့ရသူ ကာယကံရှင် မြန်မာနိုင်ငံသူ ၄ ဦး၏ ထွက်ဆိုချက်များ၊ နှစ်ဘက်ရှေ့နေ လျှောက်လဲချက်များ ကြားနာပြီးနောက် အဖွဲ့ဝင် ၅ ဦးပါ တရားသူကြီးအဖွဲ့က ယခုလို ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ “တရားသူကြီးတွေက ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့တယ်။ အဲဒီထဲမျာ စစ်အစိုးရက အမျိုးသမီးတွေနဲ့ ပြည်သူတွေအပေါ် လူသားမဆန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန် နေတယ်ဆိုတာကို ကြားနာချက်တွေ နားထောင်ခြင်းအားဖြင့် တွေ့ရှိရတယ်။ ပြီးတော့ ICC ကို တင်သင့်တယ်ဆိုတာ ပါတယ်” ဟု အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သဘာပတိ အဖွဲ့ဝင် ဒေါ်သင်းသင်းအောင်က မဇ္ဈိမကို ပြောသည်။ တရားသူကြီးများအဖြစ် ဂျပန်ဗဟို တရားသူကြီးချုပ်ဟောင်း Mr. Hamada ၊ ဂျပန်နိုင်ငံ Chiba တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Ms. Goto ၊ Aoyama တက္ကသိုလ်မှ ဥပဒေ ပါမောက္ခ Mr. Niikura ၊ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီရေးလိုလားသူ ရှေ့နေများအဖွဲ့ အတွင်းရေးမှူး Ms. Shikida နှင့် ရှေ့နေ Mr. Kubori တို့က ဆောင်ရွက်ခဲ့ကြသည်။ ယမန်နေ့က ချမှတ်ခဲ့သော တရားသူကြီးအဖွဲ့၏ ဆုံးဖြတ်ချက် ၈ ချက်တွင် မြန်မာစစ်အစိုးရသည် လူသားမဆန်သော ရာဇဝတ်မှုများ ကျူးလွန်နေသည်မှာ ထင်ရှား ကြောင်း၊ ကုလသမဂ္ဂ UN အနေဖြင့် ဤအမှုများကို စုံစမ်းစစ်ဆေးရန် ကော်မရှင်တရပ် ဖွဲ့စည်းသင့်ကြောင်း ပါရှိသည်။ ထို့ပြင် UN အနေဖြင့် ခိုင်လုံသော အထောက်အထားများ ရရှိလာသည့်အခါ ICC သို့ လွှဲပြောင်း ပေးအပ်သင့်ကြောင်းနှင့် ဂျပန်အပါအဝင် နိုင်ငံတကာ အစိုးရများက မြန်မာပြည်တွင် ဖြစ်ပွားနေသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးကို ဝိုင်းဝန်းဆောင်ရွက်သင့်ကြောင်း ပါရှိသည်။ ယမန်နေ့ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီခွဲအထိ ပြုလုပ်ခဲ့သည့် ပြည်သူ့ခုံရုံး တရားခွင်တွင် မကြည်ကြည်ခင်၊ ဒေါ်ပုစိန်၊ နော် Sunset ကိုယ်စား WLB မှ ဒေါ်တင်တင်ညိုနှင့် WLB ကိုယ်စားလှယ် ဒေါ်မြရာဇာလင်းတို့က သက်သေထွက်ဆိုခဲ့ကြပြီး တရားလိုဘက်မှ ရှေ့နေ ၅ ဦးနှင့် တရားခံ စစ်အစိုးရဘက်မှ ရှေ့နေ ၃ ဦး လိုက်ပါဆောင်ရွက်ခဲ့သည်။ ထိုရှေ့နေများအားလုံးသည် ဂျပန်လူမျိုးများဖြစ်ပြီး တရားရုံးအသွင် ပီပြင်စေရန် ပွဲစီစဉ်သူများက လုပ်ဆောင်ထားခြင်း ဖြစ်သည်။ “ကျမကို ဖမ်းပြီး စစ်ကြောရေးက အမှောင်တိုက်ထဲမှာ ထားတာတွေ၊ လုံးဝမအိပ်ရဘဲ စစ်ကြောရေးလုပ်တာတွေ၊ နောက် ထောင်ထဲကို ရောက်တဲ့အခါမှာလည်း မြင်ခဲ့ရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ထွက်ဆိုချက်ပေးခဲ့ပါတယ်” ဟု နိုင်ငံရေး အကျဉ်းသူဟောင်း မကြည်ကြည်ခင်က ပြောသည်။ NLD ပါတီဝင်နှင့် ဗကသ အဖွဲ့ဝင်ဖြစ်သူ မကြည်ကြည်ခင်သည် ဇူလိုင် ၇ ရက် အထိမ်းအမှတ် လက်ကမ်းစာစောင် ထုတ်ဝေမှုဖြင့် ၁၉၉ဝ ခုနှစ်တွင် စစ်အစိုးရက ဖမ်းဆီး ခဲ့ပြီးနောက် ပုသိမ်မြို့ရှိ စစ်ထောက်လှမ်းရေးစခန်းအတွင်း တည်ရှိသည့် MI 4 စစ်ကြောရေးစခန်းတွင် ၂၈ ရက်ကြာ အမှောင်တိုက်အတွင်း အကျဉ်းချထားပြီး လူမဆန် သော နည်းလမ်းများဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဖြစ်သည်။ ထို့နောက် သူမကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ရာ ၁၉၉၂ ခုနှစ် မေလတွင် ထောင်မှ လွတ်မြောက်ခဲ့သည်။ တရားခွင်တွင် စစ်အစိုးရဘက်မှ ရှေ့နေများကလည်း ပြန်လည်ချေပ လျှောက်လဲခဲ့ကြကြောင်း ပွဲဖြစ်မြောက်ရေး တာဝန်ခံ BWU ဂျပန်ဌာနခွဲ ကိုယ်စားလှယ် ဒေါ်ချိုချိုအေးက ပြောသည်။ “တရားခံ နအဖဘက်က ရှေ့နေတွေက ဒီသက်သေခံ အထောက်အထားတွေက တကယ်ဟုတ်သလား။ အောက်ခြေစစ်သားတွေက လုပ်တာကို သန်းရွှေမှာ အပြစ်ရှိတယ် ပြောနိုင်သလား စသဖြင့် ချေပလျှောက်လဲကြတယ်” ဟု သူမက ပြောသည်။ ဂျပန်နိုင်ငံတွင် ပထမဆုံးပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ပြည်သူ့ခုံရုံးကို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB နှင့် ဂျပန်အခြေစိုက် လူ့အခွင့်အရေး ချက်ချင်းပေး (Human Rights Now) အဖွဲ့တို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်ပြီး ဂျပန်နှင့် မြန်မာပရိသတ် ၃ဝဝ ကျော် တက်ရောက်နားထောင်ခဲ့ကြသည်။ ယခုကဲ့သို့ အလားတူ ခုံရုံးမျိုးကို ပြီးခဲ့သည့် မတ်လဆန်းပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် WLB နှင့် နိုဗယ်ဆုရှင် အမျိုးသမီးများအဖွဲ့တို့ ပူးပေါင်း၍ လုပ်ဆောင်ခဲ့ကြသေးသည်။ ယင်းခုံရုံးတွင် မြန်မာအမျိုးသမီး ၁၂ ဦးတို့က စစ်အစိုးရကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများနှင့် ပတ်သက်၍ ၎င်းတို့၏ အတွေ့အကြုံများကို ဖော်ထုတ်အစစ်ခံခဲ့ကြသည်။ “ကျမတို့က နအဖကို ICC တင်နိုင်တဲ့အထိ နိုင်ငံတကာ မိသားစုကို စည်းရုံးလှုံ့ဆော်တာတွေ ဆက်လုပ်သွားမှာပဲ။ အဲလိုလုပ်မှသာလျှင် နအဖ စစ်ခေါင်းဆောင်တွေ အနေနဲ့ ငါတို့တော့ ရာဇဝတ်မှုတွေ ကျူးလွန်တာကို ဆက်လုပ်နေရင် အနာဂတ်မှာ တရားစွဲဆိုတာတွေ ခံရနိုင်တယ်ဆိုတဲ့ အသိနဲ့ နောက်ဆုတ်တာတွေ၊ ရပ်တန့်တာတွေ ဖြစ်လာမှာလေ” ဟု ဒေါ်သင်းသင်းအောင်က ပြောသည်။ ၁၉၉၈ ခုနှစ် ဇူလိုင် ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC သည် ပြည်နယ်ပါတီများ၊ နိုင်ငံတကာ အစိုးရများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ် တဦးချင်းစီတို့၏ ထည့်ဝင်ငွေများဖြင့် ရပ်တည်နေသည့် လွတ်လပ်သော အပြည်ပြည်ဆိုင်ရာ ဥပဒေ အဖွဲ့အစည်းတဖွဲ့ဖြစ်ပြီး နယ်သာလန်နိုင်ငံတွင် ရုံးချုပ်တည်ရှိသည်။ လက်စွဲဥပဒေအဖြစ် ကမ္ဘာ့နိုင်ငံများမှ သဘောတူညီထားသော ရောမဥပဒေကို ကျင့်သုံးပြီး ကမ္ဘာတဝှန်းရှိ လူမျိုးတုံး သတ်ဖြတ်မှုများ၊ ပြင်းထန်သော နိုင်ငံတကာ ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်သူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်သူများအား တရားစွဲဆို အပြစ်ပေးလေ့ရှိသည်။ ခုံရုံး၏ ရလဒ်များကို ယနေ့တွင် ပွဲစီစဉ်သူများက ဂျပန်အစိုးရထံ အပ်နှံသွားမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်း မရှိဘဲ ရွေးကောက်ပွဲ ကျင်းပပါက ထိုရလဒ်ကို အသိအမှတ်မပြုရန် တိုက်တွန်းသွားမည် ဖြစ်သည်။ ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနားက UN တွင် တင်ပြထားသည့် စစ်အစိုးရ၏ လူသားချင်းစာနာမှု ကင်းမဲ့စွာ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ကုလ စုံစမ်းရေး ကော်မရှင်တရပ်က စုံစမ်းစစ်ဆေးရေး အဆိုကို ထောက်ခံပေးရန် တိုက်တွန်း ပြောဆိုသွားမည်ဟုလည်း သိရသည်။

ဥပဒေကိုမထီမဲ့မြင်ပြုသူ ထက်ထက်မိုးဦးအား တရားရုံးက မဖမ်းရဲ ... ကြောက်လို့

သတင်း - မဇ္ဈိမသတင်းဌာန
ရေးသားသူ - ကျော်ခ


7 Day News ဂျာနယ် သတင်းထောက် မအေးသူစံနှင့် သရုပ်ဆောင် ထက်ထက်မိုးဦးတို့ အမှုရုံးချိန်း ယနေ့တွင် ၆ ကြိမ်မြောက် ရှိသွားသော်လည်း မင်းသမီးက တရားရုံးသို့ တကြိမ်မျှ မလာကြောင်း ယင်းဂျာနယ် အယ်ဒီတာတဦးထံမှ သိရသည်။ အမှုအား ရန်ကင်းမြို့နယ် တရားရုံးက ယခင်လ ၂၄ ရက်နေ့က စတင်ကြားနာစစ်ဆေးခဲ့ပြီး ယခုလ ၃ ရက်နေ့မှ နာကျင်စေမှု ပုဒ်မ ၃၂၃၊ ခြိမ်းခြောက်မှု ပုဒ်မ ၅ဝ၆ တို့ဖြင့် မအေးသူစံက စွဲဆိုခွင့်ရခဲ့ပြီး တလအတွင်း ရုံးခြိမ်း ၆ ကြိမ်ပြည့်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံကျော်ရုပ်ရှင်မင်းသမီးမှာ တရားရုံးသို့ တကြိမ်မျှ ရောက်မလာခဲ့ဟုဆိုသည်။ “တရားရုံးက ဒီဘက်ကို စစ်တာ ၃ ကြိမ်မြောက် ကတည်းက ပြီးသွားပြီပေါ့နော်။ ဒါပေမယ့် ထက်ထက်မိုးဦးဘက် အပိုင်းကို ခုထက်ထိ ဘာမှကို မလုပ်နိုင်သေးဘူး။ တရားရုံးက ခုထိ သူဆီကို သမ္မာန်စာ ရောက်အောင် မပို့နိုင်သေး ဘူး” ဟု 7 Day News အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။ ယခင်လ ၁၉ ရက်နေ့က ဆီဒိုးနား ဟိုတယ်၌ ပြုလုပ်ခဲ့သော ကုန်စည်ပြပွဲ တခုတွင် ထက်ထက်မိုးဦးက သူ့အား လာရောက် အင်တာဗျူးသည့် သတင်းထောက် မအေးသူစံ၏ မေးခွန်းများကို မနှစ်သက်ဘဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် သတင်းထောက်က တရားရုံးသို့ ဦးတိုက်လျောက်ထားခဲ့ခြင်း ဖြစ်သည်။ ရုပ်ရှင်မင်းသမီး ထက်ထက်မိုးဦးကလည်း သူ့ထံသို့ တရားရုံးမှ မည်သည့် အကြောင်းကြားစာမျှ မရောက်ခဲ့သဖြင့် အမှုနှင့်ပတ်သက်၍ ဘာမျှမပြောနိုင်ဟု ဆိုသည်။ “အဲဒီအမှုနဲ့ပတ်သက်လို့ ထက်ထက်ဘာမှ မသိသေးပါဘူး။ ထက်ထက်ကို တရားရုံးက ဘာအကြောင်းကြားစာမှလဲ မပို့ပါဘူး။ ဖုန်းလဲမဆက်ဘူး။ ဖုန်းဆို ၂၄ နာရီ ဖွင့်ထားတာပဲဟာ။ ရုံးချိန်းကကိုယ့်ကို မခေါ်ပဲနဲ့ ကိုယ်ကဘာမှမသိပဲနဲ့ ဘယ်ရုံးကိုသွားပြီး ဘာသွားလုပ်ရမှာလဲနော့” ဟု သူက မဇ္ဈိမကို ပြောသည်။ ရန်ကုန်အခြေစိုက် သတင်းစာဆရာ တဦးကမူ ထက်ထက်မိုးဦး၏ သတင်းထောက်တဦးအပေါ် ပြုမှုပုံသည် သတင်းနှင့် စာနယ်ဇင်းသမားများကိုသာမက ဥပဒေကိုပါ မထီမဲ့မြင်ပြုရာရောက်ပြီး တရားရုံးအနေဖြင့်လည်း ယခုကဲ့သို့ လွှတ်ထားပေးခြင်းသည် စားနယ်ဇင်းသမားများအနေဖြင့် ဥပဒေကြောင်းအရ အကာအကွယ်မဲ့နေသည်ကို ပြသရာရောက်နေသည်ဟု ဆိုသည်။ “ဒီပုံစံက လူသာမန်အချင်းချင်းပဲဖြစ်ပါစေ။ မီဒီယာသမားကိုဖြစ်စေ လည်းပင်းညှစ်လို့ရတယ်။ ရိုက်လို့ ရတယ်။ ဆံပင်ဆွဲလို့ရတယ်။ ပြီးရင် တရားရုံးကဆင့်ခေါ်ရင်လည်း လာစရာမလိုဘူး။ ခပ်အေးအေးနေလို့ရတယ် ဆိုတာဟာ မီဒီယာသမားနဲ့ သတင်းစာဆရာတွေအပေါ်မှာ အလားတူ ဒီလိုတိုက်ခိုက်မှုမျိုးဖြစ်အောင် လွှတ်ပေးထားတဲ့ သဘော မျိုးဖြစ်နေတာပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။ သတင်းထောက် မအေးသူစံက ထက်ထက်မိုးဦးအား ကျေးအေးပြီး တရားစွဲဆိုမှုကို ရုတ်သိမ်းပေးစေရန် စာပေနှင့် စာနယ်ဇင်းအဖွဲ့ အနေဖြင့် ကြားဝင်စေ့စပ်ပေးစေ လိုကြောင်း ဖော်ပြထားသည့် စာတစောင်အား ရုပ်ရှင်အစည်းအရုံးက ရန်ကုန်မြို့တွင် ယနေ့ ပြုလုပ်သည့် စာပေနှင့် စာနယ်ဇင်းအဖွဲ့ ဗဟိုကော်မတီ အစည်းအဝေးသို့ ပေးပို့ခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူ ကော်မတီအဖွဲ့ဝင်တဦးထံမှ သိရသည်။ ယင်းစာနှင့် ပတ်သက်၍မူ အစည်းအဝေး၌ တစုံတရာဆွေးနွေးခြင်းမရှိဟုလည်း သူကဆိုသည်။ “ကျနော်တို့ကို ပြန်ညှိခိုင်းတဲ့စာ ရောက်နေတာပေါ့နော်။ ကာယကံရှင်ကတော့ မတောင်းပန်ဘူးပေါ့နော်” ဟု သူက မဇ္ဈိမကို ပြောသည်။ ရန်ကုန်မြို့ခံ ဝါရင့်ရှေ့နေကြီးတဦးကမူ ရုံးချိန်းကို ၆ ကြိမ်လောက်ထိ ရှောင်နေသူ ယခင်က မတွေ့ဘူးသေးကြောင်း၊ ဥပဒေအရ အထောက်အထား ခိုင်လုံပါက ကာယကံရှင် နေထိုင်ရာ အိမ်သို့ တရားရုံးမှ တိုက်ရိုက်ဖြစ်စေ၊ ရပ်ကွက် ကော်မတီဥက္ကဌဖြင့်တွဲ၍ဖြစ်စေအကြောင်းကြားခြင်း၊ ရဲကို တာဝန်ပေး ဖမ်းခိုင်းခြင်းတို့ ဆောင်ရွက်နိုင်သည်ဟုဆိုသည်။ “အမှုလက်ခံပြီးတော့ ရုံးချိန်းသတ်မှတ်ပြီး သမ္မာန်စာဆင့်ခေါ်လို့ မလာဘူးဆိုရင် တရားရုံးရှေ့ကို ရောက်လာဖို့ ဝရမ်း ထုတ်ပြီးတော့ ရဲကိုတာဝန်ပေးပြီး ဆင့်ခေါ် ဖမ်းခွင့် ရှိတာပဲ။ အဲဒီလို တရားရုံးက လုပ်ပိုင်ခွင့်ရှိရဲ့သားနဲ့ ဘာဖြစ်လို့ မလုပ်သေးသလဲဆိုတာကတော့ စဉ်းစားစရာဘဲ” ဟု သူက မဇ္ဈိမကို ပြောသည်။ Type the rest of your post here.

Sunday, June 27, 2010

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ၃၄နှစ်ပြည့် အောက်မေ့ဘွယ်မှတ်တမ်း

စစ်အာဏာရှင်များ၏ ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး၏ ဘ၀မှတ်တမ်း

Salai Tin Maung Oo - Chin Student Leader
Salai Tin Maung Oo - Chin Student Leader 02

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး အကြောင်း ဦးအောင်စောဦး၏ အင်တာဗျူးဖြေကြားချက်
ရုပ်သံအင်တာဗျူးများ ဆက်လက်ကြည့်လိုပါက
ဒီဇိုင်းရုပ်ဖော်။။ကိုမျီုး

Thursday, June 24, 2010

၂၀၁၀(မတရား)ရွေးကောက်ပွဲကြီးပြီးရင် ဖာမြန်မာ ဖာနိုင်ငံတော်ကြီး အဓွန့်ရှည်တော့မယ်


ဒါကတော့Remixလုပ်ထားတာပါ
အဆိုတော် Shakira ရဲ့ အကကို ဒီလိုဒီလို မြန်မာမှု ပြုလိုက်တာကတော့ Dancers ခေမီကိုနဲ့ အဖွဲ့က ဇွန်လ (၁၉) ရက်နေ့က ကျင်းပခဲ့တဲ့ L ဆိုင်းဇီရဲ့ ဂီတဖျော်ဖြေပွဲမှာ ကမ္ဘာဖလား ဘောလုံးပွဲ သီချင်း Waka Waka နဲ့ မြူးမြူးကြွကြွလှုတ်လှုတ်ခါခါလေး ကပြခဲ့တဲ့ ဗီဒီယိုပါ။မူရင်း အဆိုတော်ကတာက ရင်သားလှုတ်ရမ်းပြီးမကပါဘူး။အတုခိုးတာက ကောင်းတာ အတုမခိုးပဲ မကောင်းတာဆိုအတုခိုးနေတာပါ။ ဒါကိုကခွင့်ပေးတဲ့ ခွင့်ပြုတဲ့ စစ်အစိုးရ စင်ဆာဌာနကိုလည်း အံ့သြမိပါတယ်။

ဒါကတော့ ၂၀၁၀ ဇွန် ၁၈ရက်မှ ၂၀ရက်နေ့အထိ တပ်မတော်ခန်းမ မှာ ပြုလုပ်သွားတဲ့ Sonyရဲ့ "Make Believe" EXPO 2010 ပွဲမှာ မြန်မာDancer တွေ ရဲ့ဟိုမရောက်ဒီမရောက် Sexy Dance ပါ။ ၂၀၁၀(မတရား)ရွေးကောက်ပွဲကြီးပြီးရင် ဖာမြန်မာ ဖာနိုင်ငံတော်ကြီး အဓွန့်ရှည်ပါတော့မယ် ဘဘသန်းရွှေနှင့် အပေါင်းအပါများ အသက်ရှေပါစေသောဝ်

Wednesday, June 23, 2010

မြန်မာ နျူးကလီးယားအရေး တရုတ်လက်ရှောင်



သတင်း - သျှမ်းသံတော်ဆင့်သတင်း
အင်္ဂါနေ့၊ ဇွန်လ 22 ရက် 2010 ခုနှစ်
မြန်မာစစ်အုပ်စုနှင့် မြောက်ကိုးရီးယားတို့ ပူးပေါင်း လုပ်ဆောင်နေသည့်
နျူးကလီးယားလက်နက်အစီအစဉ်နှင့် ပတ်သက် ၍ အယ်ဂျာဇီးယားသတင်းဋ္ဌာနက ဇွန်လ ၃ ရက်နေ့တွင် ရုပ်သံထုတ်လွင့်ပြသခဲ့ပြီးနောက် အနုမြူစွမ်းအင် အေဂျင်စီ IAEA က လေ့လာစုံစမ်းမှု ပြုလုပ်နေရသည့်တိုင် မြန်မာ့အိမ်နီးခြင်း တရုတ်အနေဖြင့် နှုတ်ဆိတ်လျှက်ရှိသည်။
၁၉ဂ၃ ခုနှစ်က အာဇာနည်ဗိမာန်တွင် ဗုံးဖေါက်ခွဲခဲ့အပြီး သံသမန်အဆက်အသွယ် ပြတ်တောက်ခဲ့သည့် မြန်မာနှင့် မြောက် ကိုးရီးယားနှစ်နိုင်ငံအား တရုတ်က ပြန်လည် ဆက်သွယ်ပေးခဲ့ရာ ယခု နျူးကလီးယားအရေးသည် တရုတ်အပေါ် အဓိက တာဝန်ရှိသူ အဖြစ် လေ့လာသူများက ရှုမြင်ကြသည်။

တရုတ်အစိုးရသည် အနောက်နိုင်ငံများ၏ ဖယ်ကျဉ်ခြင်းခံထားရသည့် မြန်မာစစ်အာဏာရှင်များကို သမရိုးကျစစ်ပွဲသုံး လက်နက်များ ပံ့ပိုးကူညီနေသည့်တိုင်အောင် နျူးကလီးယားကိစ္စတွင်မူ မြန်မာနှင့် တိုက်ရိုက် ပတ်သက်မှုကို လက်ရှောင် လိုကြောင်း တရုတ်နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ် သည်။

“တရုတ်က မြန်မာပြည်ကို သမရိုးကျစစ်ပွဲအတွက် လက်နက်တွေကို ထောက်ပံ့တယ် သမရိုးကျထက် ကျော်လွန်တဲ့ လက်နက်တွေကျတော့ နိုင်ငံတကာနဲ့ မျက်နှာပြ နေရလို့ မရောင်းပေးနိုင်တော့ မြောက်ကိုးရီးယားနဲ့ ဆက်ပေးတာဖြစ်တယ် မြောက် ကိုးရီးယားနဲ့ မြန်မာအစိုးရဆက်ဆံမှု အဓိက လက်သည်ဟာတရုတ်ပဲ ” လို့ သူက ဆိုသည်။

၁၉၈၃ ခုနှစ် ဗုံးဖေါက်ခွဲမှုအပြီး ရန်သူတော်များဖြစ်ခဲ့သည့် မြန်မာနှင့်မြောက်ကိုးရီးယားတို့ ပြန်ပေါင်းထုတ်ရသည့် အ ကြောင်း တစ်ခုမှာ အမေရိကန် ဆန့်ကျင်သည့် အုပ်စုကို တရုတ်က တည်ဆောက်လိုခြင်းကြောင့် ဖြစ်သည်။

ထိုအချက်သည် မြန်မာနျူးကလီးယားကိစ္စအပေါ် တရုတ်က လက်ရှောင်နေသည့် အကြောင်းဖြစ်ပြီး အကယ်၍ မြန်မာသာ မြောက်ကိုးရီးယားအကူအညီဖြင့် နျူးကရီးယား ပိုင်ဆိုင်လာပါက တရုတ်အတွက် မြွေပွေးခါးပိုက်ပိုက်ထားသကဲ့သို့ ဖြစ် မည်ဟု သူက ဆိုသည်။

“ဗမာစစ်တပ်မှာ ဗိုလ်သန်းရွေကစလို့ တပ်သားအဆုံး တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်အပြည့်ရှိတယ် မုံဆာလအရေး အခင်း  ကိုးကန့် အရေးအခင်းတုန်းကရော ဒီစိတ်ဓါတ်ကို ပြပြီးပြီ ဒါကိုတရုတ်က သတိမမူဘူး အကျိုးစီးပွားရှိတဲ့ အချိန်မှာ တရုတ် နဲ့ ပေါင်းတယ် အကျိုးစီးပွားမတူးရင် သူတို့မှာရှိတဲ့လက်နက်နဲ့ တရုတ်ကို ပြန်ချမှာပဲ ” လို့ ဆိုသည်။

ထို့အပြင် စစ်အုပ်စု၏ နျူးကလီးယားပိုင်ဆိုင်မှုသည် အနောက်အုပ်စုအတွက်သာမက တိုင်းရင်းသားပြည်သူများအတွက် များစွာ အန္တရာယ်ရှိကြောင်း သူက ဆက်ပြော သည်။

“ဗိုလ်သန်းရွှေတို့က ခေါင်းရှိတာမဟုတ်ဘူး လိုအပ်ရင် ၀နယ်လိုနေရာမျိုးကိုလည်း အနုမြူဗုံးကျဲရင်ကျဲမှာ သူတို့မှာဘာမှ ခိုင်မာတဲ့ အမျိုးသား သွေးစည်းညီညွတ်ရေး စိတ်ဓါတ် လုံးဝမရှိဘူး သူတို့ကို အာခံလို့ကတော့ ရှမ်းပြည်နယ် ကချင်ပြည် နယ်ကို အနုမြူဗုံးကျဲဖို့ အဆင်သင့်ပဲ ” လို့ ဆိုသည်။

မြန်မာစစ်အာဏာရှင်များ နျူးကလီးယားဗုံးပိုင်ဆိုင်လိုသည့် အဓိကကျသည့် အချက် ၂ ခုမှာ စစ်အုပ်စု အာဏာတည်မြဲ ရေးအတွက် အနောက်အုပ်စု၏ ၀င်ရောက် စွက်ဖက်မှုကို အာခံနိုင်ရန်နှင့် စစ်တပ်ကို သွေးထိုးမြှောက်ပင့်ရန်အတွက် ဖြစ် ကြောင်း လေ့လာသူများက ဆိုသည်။

၂၀၀၀ခုနှစ်ခန့်မှစ၍ မြန်မာစစ်အုပ်စုက နျူးကလီးယားလက်နက် စီမံကိန်းကို စတင်အကောင်အထည်ဖေါ်ခဲ့ရာ ၂၀၀၂ ခုနှစ်တွင် နျူးကလီးယား သုတေသနပြုလုပ်ရန် အတွက် မြန်မာသင်တန်းသားများကို ရုရှားနိုင်ငံသို့ စေလွတ်ထားကြောင်း နအဖနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖေါ်ပြောကြားခဲ့သည်။

အိုစမာဘင်လာဒင်၏ အကြမ်းဖက်အဖွဲ့နှင့် အဆက်အသွယ်ရှိသည်ဟု အမေရိကန် CIA က စွပ်စွဲထားသော ပါကစ္စတန် နျူးကလီးယား ပညာရှင်နှစ်ဦးအား မြန်မာနိုင်ငံက နိုင်ငံရေးခိုလှုံခွင့်ပေးထားကြောင်း ၂၀၀၁ ခုနှစ်ကုန်ပိုင်းတွင် သတင်းများ ထွက်ပေါ်လာသေးသည်။

မြန်မာစစ်အုပ်စုအား နျူးကလီးယားစီမံကိန်း အကူအညီပေးနေသည့် မြောက်ကိုးရီးယားတွင် နျူးကလီးယား ထိပ်ဖူး ၄ခုမှ ဂ ခုအထိ ပြုလုပ်နိုင်သည့် ပလူတိုနီယံ အလုံအလောက်ရှိပြီး ၉၉ ရာခိုင်နူန်းသော ပလူတိုနီယံများကို ၂၀၀၂ ခုနှစ်မှစတင်ပြု လုပ်ခဲ့ကြောင်း သိပ္ပံနှင့်နိုင်ငံတကာ လုံခြုံရေးအင်စတီကျု့၏ ၂၀၀ရ ခုနှစ် အစီရင်ခံစာက ဆိုသည်။

ယခုဆိုလျှင် ကမ္ဘာပေါ်တွင် မြောက်ကိုးရီးယားအပါအ၀င် နျူးကလီးယားထိပ်ဖူးပိုင်ဆိုင်သည့် နိုင်ငံ ၉ ခုရှိပြီး အီရန်နှင့် မြန်မာတို့မှာ နျူးကလီးယားထိပ်ဖူး ပိုင်ဆိုင်ရေး အတွက် ရုန်းကန်နေရဆဲဖြစ်သည်။
 

Sunday, June 20, 2010

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းနားများ

၂၀-၆-၂၀၁၀ တနင်္ဂနွေနေ့
ရုပ်သံမှတ်တမ်းများဆက်လက်ကြည့်ရှူ့လိုပါ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်(၆၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဘာသာပေါင်းစုံဆုတောင်းပွဲအား L.D.B မှဦး ဆောင်၍ (JAPAN-SHIZUOKA)ရှိ(GORTANBA)ငြိမ်းချမ်းရေးစေတီတွင် ဂျပန်ရောက် မြန်မာ့ဒီမိုကရေ စီအရေးလှုပ်ရှားသူများမှ လွတ်မြောက်ရေးဆုတောင်းပွဲအားကျင်းပခဲ့ကြပါသည်။ ။ သတင်း ရုပ်သံ/ဓါတ်ပုံ။။ကိုပွား

(၆၅)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ အထိမ်းအမှတ် အခမ်းအနား
(၆၅)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ အထိမ်းအမှတ် အခမ်းအနားကို Tokyo Toshimaku, Kumi Center 5F တွင် မြန်မာအမျိုးသမီးသမဂ္ဂ(ဂျပန်ဌာနခွဲ့)မှ ဒီကနေ့ကျင်းပခဲ့ရာ ဂျပန်ရောက် မြန်မာဒီမိုကရေစီလုပ်ရှားသူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။။ ဓါတ်ပုံ။။ဒီမိုဝေယံ၊လှမျိုး(၂)

Happy Birthday ပါ အမေ

ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရေးရာဇ၀င်နှင့် ဂုဏ်ထူးဆောင်ဆုများ ၂၀၁၀ အထိ




အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ထူးဆောင်ဆုများ

(No.) Daw Aung San Suu Kyi's International Awards, Honors and Appointments
1. 1990 Honorary Fellow St Hugh's College, Oxford, UK
2. 1990 Rafto Prize Thorolf Rafto Foundation,Norway
3. 1991 Sakharov Prize for Freedomof ThoughtEuropean Parliament
4. 1991 Nobel Peace Prize Nobel Foundation, Norway
5. 1991 Honorary Member International PEN - Norwegian Center
6. 1991 Humanities Human Rights Award ,US
7. 1991 Honorary Member PEN, Canada
8. 1992 Marisa Bellisario Prize Marisa Bellisario Foundation,Italy
9. 1992 Annual Award International Human Rights LawGroup, USA
10. 1992 Honorary President London School of EconomicsStudents' Union, UK
11. 1992 Honorary Member PEN, UK
12. 1992 Honorary Life Member University of London Union, UK
13. 1992 Honorary ProfessionalFellowshipLaw and Society Trust, Sri Lanka
14. 1992 International Simon Bolivar Prize,UNESCO
15. 1992 Prix Litteraire des Droits de Nouveaux Droits de l'Homme,France
16. 1992 Honorary Member World Commission on Culture andDevelopment - UNESCO
17. 1993 Member Academie Universelle desCultures, France
18. 1993 Rose Prize Labor Movement's InternationalForum, Denmark
19. 1993 Victor Jara InternationalHuman Rights AwardCenter for Human Rights andConstitutional Law, US
20. 1993 Member of the AdvisoryBoardFrancois-Xavier Bagnoud Centerfor Health and Human Rights, US
21. 1993 Honorary Doctorate of Law University of Toronto, Canada
22. 1993 Freedom of the City City of Giugliano, Italy
23. 1993 Bremen Solidarity Prize City of Bremen, Germany
24. 1993 Jawaharlal Nehru Award for International Understanding,India
25. 1993 Premio Mujer Progresista Federacion Mujeres Progresistas,Spain
26. 1994 Honorary Doctorate Free University of Brussels,Belgium
27. 1994 Honorary Advisor Forum of Democratic Leaders in the Asia-Pacific
28. 1995 Freedom of the City Aversa, Italy
29. 1995 Liberal International Prize for Freedom Britanints Liberal Democracy Party, UK
30. 1995 Honorary Doctorate of Laws Queen's University, Canada
31. 1995 Thakore Visiting ScholarAwardSimon Fraser University, Canada
32. 1995 Honorary Doctorate of CivilLawUniversity of Oxford, UK
33. 1995 IRC Freedom Award International Rescue Committee
34. 1996 Order of Australia, Australia
35. 1996 Asia Human Rights Award Federation of Human Rights ofAsia, Japan
36. 1996 W. Averell HarrimanDemocracy AwardNational Democratic Institute,US
37. 1996 Rajiv Gandhi Memorial Award Art and Culture Foundation, India
38. 1996 Empty Chair Award Women of the Year Lunch, UK
39. 1997 Honorary Doctorate of Legal Sciences Charles University, Czech Republic
40.1997 Honorary Doctorate of Letters Sydney University of Technology,Australia
41. 1997 Honorary Doctorate ofLettersCalifornia Chapman University,USA
42. 1997 Honorary Doctorate of Law University of Natal, South Africa
43. 1997 Honorary Doctorate of Law American University, US
44. 1997 Distinguished Alumni Award Delhi University, India
45. 1997 Honorary Citizenship City of Rome, Italy
46. Honorary Doctorate of Letters Glasgow University (UK)
47. 1997 Woman of the Year Award Pearl S. Buck Foundation, US
48. 1997 International Award St. Angela's Peace and Justice Group, Republic of Ireland
49. 1997 Profiles in Courage Award Kennedy Society of Denmark,Denmark
50. 1998 Honorary Doctorate of Law Cambridge University, UK
51. 1998 Freedom of the City Oxford, UK
52. 1998 Honorary Doctorate of Laws University of Wales, UK
53. 1998 Honorary Doctorate of Laws University of Bristol, UK
54. 1998 Honorary Doctorate of Laws University of Melbourne,Australia
55. 1998 Honorary Degree Catholic University of Louvain,Belgium
56. 1998 Honorary Degree University of Bath, UK
57. 1998 Honorary Degree University of Bath, UK
58. 1999 Freedom Award International Republican Institute, US
59. 1999 Freedom of the City of Dublin City of Dublin, Republic of Ireland
60. 2000 CAW Nelson Mandela HumanRights AwardCanadian Auto Workers, Canada
61. 2000 Presidential Medal of Freedom US
62. 2001 Collage United NationsAwardRichard Hillinger, Germany
63. 2001 International Social Welfare Prize  University of Southern California, US
64. 2002 UNESCO-Madanjeet SinghPrize for the Promotion ofTolerance and Non-ViolenceUNESCO
65. 2002 Al Neuharth Free Spirit ofthe Year AwardFreedom Forum, US
66. 2003 MTV Humanitarian Award MTV Europe, UK
67. 2004 Gwangju Human Rights Award May 18, Memory Foundation,South Korea
68. 2004 Honorary Doctorate of Laws Memorial University ofNewfoundland, Canada
69. 2004 Honorary Doctorate inPolitics, Philosophy, andEconomicsRangsit University, Thailand
70. 2005 Outstanding Women inBuddhism AwardOutstanding Women in BuddhismAward Committee
71. 2005 Honorary Doctorate inPolitical ScienceThammasat University, Thailand
72. Freedom of the City Award The City Council of Edinburgh, Scotland
73. 2005 Freedom of the City Galway, Republic of Ireland
74. 2005 Honorary Membership UNISON, UK
75. 2005 Olof Palme Prize Olof Palme Foundation, Sweden
76. 2006 Freedom from Fear Award Franklin and Eleanor RooseveltInstitute, US
77. Netaji Subhas Chandra Bose International Deshprem Award, India
78. 2007 Honorary Doctorate of Law University of Cape Town, SouthAfrica
79. 2007 Freedom of the City  Glasgow, UK
80. 2007 Honorary citizenship, Canada
81. 2007 Rome for Peace andHumanitarian ActionCity of Rome, Italy
82. 2008 Abogados de Atocha Prize Abogados de Atocha Foundation,Spain
83. 2008 Honorary Doctorate ofLettersColgate University, US
84. 2008 Congressional Gold Medal, US
85. 2008 Freedom of Dundee City of Dundee, UK
86. 2008 Catalonia International Prize Generalitat de Catalunya, Spain
87. 2008 Honorary Membership Club of Madrid, Spain
88. 2009 Trumpet of ConscienceAwardRealizing the Dream, US
89. 2009 Mahatma GandhiInternational Award forPeace and JusticeMahatma Gandhi Foundation,South Africa
90. 2009 Democracy and Peace Award Of Japanese Diet Members' League, Japan
91. 2009 “Ambassador of Conscience” Award ,Amnesty International and the Irish rock  band U2 announced the award in Dublin, Ireland
92. 2009 Honorary Fellowship by  Liverpool John Moores University  ,UK
93. 2009 Award an Honorary degree by the University of Ulster,UK
94. 2010,the first recipient of the new Benazir Bhutto Shaheed Award for democracy instituted by the Pakistan People's Party, Pakistan
မော်ကွန်း မှတ်တမ်း (၂၀၁၀-၆-၁၉အထိ)
လူငယ် နှင့် ကျောင်းသားရေးရာဌာန NLD(LA)JB မှ ပြန်လည်မှတ်တမ်းတင်ပါသည်။
Brief Bio Dassk 2010-06-19 revised & updated

Friday, June 18, 2010

ဒေါ်အောင်ဆန်းစုကြည် ကိုယ်ရေးရာဇ၀င်

Pamphlet
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ ဖြန့်ချီပါသည်၊။ ရင်းမြစ်။။မြတ်လေးငုံ

Wednesday, June 16, 2010

“ကူညီပါရစေ … ကူညီပါရစေချင့် … ” “ပေး” “ကူညီပါရစေ … ကူညီပါရစေ ခင်ည” “ပေး” ပြောပြောနေတဲ့ ရဲများ၏ တာဝန်မဲ့ လုပ်ရပ်

နိုင်ငံခြားသူ လူမည်း အမျိုးသမီး ၂ ဦး မှ မြန်မာ အမျိုးသမီး များ အပေါ် ကိုယ်ထိ လက်ရောက် ကျူးလွန် စော်ကား သည့် အပေါ် ကမာရွက် ရဲစခန်း ၏ တာဝန်မဲ့ လုပ်ရပ် ရန်ကုန်မြို့ ၊ ကမာရွတ်မြို့နယ် ၊ လှည်းတန်း လမ်းဆုံအနီး ပတ်ဝန်းကျင်တွင် နိုင်ငံခြားသူ လူမည်း အမျိုးသမီး နှစ်ဦးသည် မြန်မာ အမျိုးသမီး အချို့ အပေါ် အကြောင်း ပြချက် ခိုင်လုံခြင်း မရှိဘဲ ကိုယ်ထိ လက်ရောက် ရိုက်နှက်ကြောင်း သတင်း ရရှိသည် ။ ဖြစ်စဉ်မှာ လူမည်း အမျိုးသမီး နှစ်ဦးသည် ဇွန်လ (၇) ရက်နေ့ လှည်းတန်းဈေး နှင့် ကွမ်းခြံဈေး အနီးတ၀ိုက်တွင် ဈေးရောင်း ချလျက် ရှိသော အမျိုးသမီး အချို့အား အကြောင်းမဲ့ ရိုက်နှက် သောကြောင့် အနီးပတ်ဝန်းကျင်ရှိ လူအများက ဖမ်းဆီးကာ ကမာရွတ်မြို့နယ် ရဲစခန်းသို့ ပို့ဆောင် ခဲ့ရကြောင်း မျက်မြင်သက်သေ အချို့က ဆိုသည်။
၁၂ နာရီ ၀န်ကျင်က လှည်းတန်း ဈေးရုံ အနောက် ဘက်ခြမ်း ပေ ၅၀ လမ်းပေါ်က ပျံကျဈေးမှာ ဆပ်ပြာ ရောင်းတဲ့ အမျိုးသမီး တစ်ဦး အိပ်နေတာကို လူမည်း အမျိုးသမီး ၂ ဦး ရောက်လာပြီး အကြောင်းမဲ့ ၀င်ရိုက် ပါတယ်။ အရိုက်ခံ ရတဲ့ အမျိုးသမီးက တုတ်စွဲပြီး ပြန်ရိုက်မယ် လုပ်တော့ ပြန်ထွက်သွားတယ် ၊ လှည်းတန်းဈေး ဘေးလမ်း ကနေ ထွက်ပြီး လမ်းမှာ တွေ့တဲ့ အမျိုးသမီး တစ်ဦးကို ထပ်ရိုက် ပါတယ် ၊ မကျေနပ်တဲ့ သူတွေ လိုက်တော့ လှည်းတန်း ဂုံးကျော် တံတား ကို ဖြတ်ပြီး ကွမ်းခြံဈေး လက်ကို သွားတယ်။

ကွမ်းခြံဈေး ရောက်တော့ ဈေးရောင်း နေတဲ့ အသား မည်းမည်း အမျိုးသမီး ၂ ဦးကို "Black to Black" လို့ပြောပြီး ထပ်မံ ရိုက်နှက် ပါတယ် ၊ မကျေနပ်လို့ ကျွန်တော်တို့က ကမာရွက် ရဲစခန်းကို သွားတိုင် ပါတယ် ။ ရဲစခန်းက ခရိုင်မှူး ရောက်နေ တယ် ပြောတယ် ၊ သုံးခါလောက် ပြန်ခေါ်မှ တပ်ကြပ် တစ်ဦး နဲ့ ဒုတပ်ကြပ် တစ်ဦး လိုက်လာတယ် ။ ကွမ်းခြံ ဈေးထဲ လိုက်ရှာတော့ မတွေ့တော့ဘူး ၊ ဒါနဲ့ ရဲနှစ်ဦး ပြန်သွားတယ် ၊ ကျွန်တော် တို့လည်း ပြန်လာတော့ ABC ဆေးခန်းမှာ သူတို့ နှစ်ဦး ထိုင်နေတာ တွေ့တယ် ၊ သူတိုရှိတဲ့ နေရာ လှည်းတန်း ဈေးက လူတွေ သိသွားတော့ လိုက်လာပြီး ဆေးခန်းကို ၀ိုင်းထား လိုက်တယ် ။ အဲဒီ အချိန်မှာ ရဲကား တစ်စီး ရောက်လာပြီး သူတို့ကို ခေါ်သွားတယ်၊ အရိုက်ခံ ရတဲ့ အမျိုးသမီး ၄ ဦး အပါအ၀င် ကျွန်တော်တို့ လိုက်သွားတယ် ၊ စခန်း ရောက်တော့ သူတို့က သော့ ထောင်ပြပြီး မြို့နယ်မှူးကို ဘယ်လောက် ပေးရမလဲ ပြောတယ် ၊ မြို့နယ်မှူးက မစော်ကားနဲ့ တာဝန်အရ လုပ်တာ လို့ပြောတယ် ၊ အပြင်က ကြည့်နေတဲ့ ကျွန်တော်တို့ကို မဖွယ် မရာ အပြုအမူ လုပ်ပြတယ် ၊ ည ၈ နာရီလောက် ကျတော့ စခန်းက ပြန်လွှတ် ပေးတယ်၊ အခုလည်း ပြန်ထွက်လာပြီး လှည်းတန်းဈေးကို ပြန်ရောက် လာတယ်။ သံပရာသီးေ ရာင်းတဲ့ အမျိုးသမီး တစ်ဦးကို လူမည်း အမျိုးသမီး က ရိုက်မယ် လုပ်လို့ ဈေးသည်လေးရဲ့ အစ်မက မြင်ပြီး ကပ်ကျေးနဲ့ ထိုးမယ်လို့ ပြတော့မှ ပြန်ထွက် သွားတယ်တဲ့ ဟု လှည်းတန်းဈေး အနီးနေထိုင်သူ မျက်မြင် သက်သေ တစ်ဦးက အခိုင်အမာ ပြောကြားသည်။
အဆိုပါ လူမည်း အမျိုးသမီး ၂ ဦးသည် လှည်းတန်း ခုံးတံတား နှင့် အရိုးကု ဆေးရုံကြားရှိ ယာယီ ဆင်မလိုက်ဈေး တွင်လည်း အလားတူ မြန်မာအမျိုးသမီး တစ်ဦးကို ရိုက်နှက်ရန် ကြိုးစား ခဲ့သဖြင့် အနီး ပတ်ဝန်းကျင်ရှိ အများ ပြည်သူများ ကိုလည်း မြန်မာ့ လူမှု နယ်ပယ် နှင့် မအပ်စပ်သည့် ရိုင်းပြ လှသော မဖွယ်မရာ အပြု အမူ များကို လုပ်ပြခဲ့ကြောင်း ၊ အဆိုပါ လူမည်း အမျိုးသမီး ၂ ဦးသည် နိုင်ဂျီးရီးယား လူမျိုးများ ဖြစ်ကြောင်း ၄င်းတို့ ၂ ဦးသည် ရန်ကုန် - အင်းစိန် လမ်းမ စံရိပ်ငြိမ် မှတ်တိုင် အနီး လူမှုဖူလုံရေး ဆေးခန်း နှင့် မျက်နှာချင်း ဆိုင်ရှိ ဘီယာဆိုင်၏ အပေါ်ထပ် ၅ လွှာတွင် ယခုအခါ လွတ်လပ်စွာ နေထိုင်သွား လာလျက်ရှိနေကြောင်း သိရသည်။ ယင်းလူမည်း အမျိုးသမီး ၂ ဦးကို ခေါ်ဆောင် သွားသည် ဟုဆိုသည့် ကမာရွတ်ရဲစခန်းသို့ မေးမြန်းရာ လူဝန်မှုကြီးကြပ်ရေး နှင့် သာသက်ဆိုင်ကြောင်း ဖြေကြား ခဲ့သည်။

မြန်မာ လူမျိုးတို့သည် မိမိနေထိုင်ရာ ပတ်ဝန်းကျင်သို့ တိုင်းတစ်ပါးက ရောက်လာလျှင် ဖော်ရွေပျူငှာစွာ ကြိုဆို ဧည့်ခံ ရိုင်းပင်း ကူညီ တတ်ကြပြီး ရန်မူလေ့ မရှိသဖြင့် ယခုကဲ့သို့ လူမည်း အမျိုးသမီး ၂ ဦး၏ လုပ်ရပ် အပေါ် လှည်းတန်းဈေး အနီးတ၀ိုက်နေ ပြည်သူများ နှင့် ကြားသိရသော ပြည်သူများ အံ့သြ ၀မ်းနည်းရကြောင်း လျှပ်တပြက် ဂျာနယ် တွင် ဖော်ပြထား ပါသည်။

စစ်အစိုးရနိုင်ငံခြားဝင်ငွေ အများအပြား ရရှိ .. ပြည်သူတွေကတော့ ငတ်တုန်းပဲ

မြန်မာ နယ်နိမိတ်အတွင်း ဖြတ်သန်းသည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ နှစ်စဉ် ကန်ဒေါ်လာ သန်း ၅၀ ကျော် ကောက်ခံရရှိ
မြန်မာနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်များသို့ ဆိုက်ရောက်ခြင်း မရှိသော်လည်း နယ်နိမိတ်အတွင်း ဖြတ်သန်း ပြေးဆွဲသည့် နိုင်ငံတကာ လေကြောင်းလိုင်းများမှ ဖြတ်သန်း အသုံးပြုကြေး ကောက်ခံ ရမှုသည် နှစ်စဉ် အမေရိကန် ဒေါ်လာ သန်း ၅၀ ကျော် ရရှိနေကြောင်း သတင်းရရှိသည်။ နိုင်ငံတကာ မြို့ပြ လေကြောင်း အဖွဲ့ (ICAO)၀င်နိုင်ငံ ဖြစ်သည့် နိုင်ငံတိုင်းသို့ လေကြောင်းလိုင်းများ အနေဖြင့် ဖြတ်သန်း၍ ပျံသန်းသည့် အချိန်ကာလ အတိုင်း တွက်ချက် ပေးချေရကြောင်း သိရသည်။ “ဒီလို ကောက်ခံမှုကနေ နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ အများအပြား ရှာဖွေ ပေးနေပါတယ်။ ဖြတ်သန်းပြေးဆွဲတဲ့ လေယာဉ်တိုင်း တစ်စက္ကန့်ကို အမေရိကန် ဒေါ်လာ ငါးဒေါ်လာနှုန်း တွက်ချက် ပေးဆောင်ရပါတယ်”ဟု လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ ထိုသို့ ဖြတ်သန်း အသုံးပြုကြေး ကောက်ခံရာတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် လေယာဉ်များနှင့် ပြည်တွင်းမှ လေယာဉ်များ ပါဝင်ခြင်း မရှိဘဲ အဆိုပါ လေယာဉ်များကို လေဆိပ် ၀န်ဆောင် ကြေးသာ ကောက်ခံကြောင်း သိရသည်။ ဖြတ်သန်း အသုံးပြုကြေး ကောက်ခံရာတွင် နိုင်ငံတကာ လေကြောင်းလိုင်းများသည် အသုံး ပြုပြီးမှ သက်ဆိုင်ရာ လေဆိပ်များသို့ မေးလ်ဆက်သွယ် ပေးပို့ပေးချေ ကြကြောင်း သိရသည်။ “နိုင်ငံတကာ လေကြောင်းလိုင်းတွေ အနေနဲ့ ဖြတ်သန်းရမယ့် နိုင်ငံတွေရဲ့ ပေးချေရမယ့် ပမာဏကို တွက်ချက်ပြီးမှ လေယာဉ်လက်မှတ် သတ်မှတ်ထားတာပါ။ အမှန်က ခရီးသည်က ပေးရတာပါပဲ။ မြန်မာနိုင်ငံကနေ ကူဝိတ်သွားမယ်ဆိုရင် ဘန်ကောက်အထိ ဖြတ်သန်းခ မပေးရဘူး။ ဘန်ကောက်ကနေ ပြန်ထွက်ရင် မြန်မာနိုင်ငံကို ဖြတ်သွားရတော့ ဖြတ်သန်း စရိတ်ပေးရတယ်”ဟု ၀ါရင့် လေယာဉ်မှူးကြီး တစ်ဦးက ရှင်းလင်း ပြောကြားသည်။ နိုင်ငံတကာ လေကြောင်းလိုင်းများသည် တိုက်ရိုက် ပျံသန်းသည့် နိုင်ငံတစ်နိုင်ငံ၏ ဧရိယာအတွင်းမှလွဲ၍ ဖြတ်သန်း ပျံသန်းခဲ့ရသည့် နိုင်ငံတိုင်းအပေါ် ကြာမြင့်ချိန် အတိုင်း ပေးဆောင်နေကြောင်း သိရသည်။ ထိုသို့ နိုင်ငံတကာ လေယာဉ်များ ဖြတ်သန်း ပျံသန်းချိန်တွင် သက်ဆိုင်ရာ ဌာနသည် တခြားလေယာဉ်များနှင့် တိုက်ဆိုင်မှု မရှိစေရန် စီမံကွပ်ကဲ ပေးရကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

နောက်ဆုံးတော့ သူတို့ပဲ ထောသွားတာပဲ

လုပ်ငန်းရှင်ကြီး လေးဦး တည်ထောင်သည့် ဘဏ်များ မှတ်ပုံတင်ပြီ စီးပွားရေး လုပ်ငန်းရှင် လေးဦးလုပ်ကိုင်မည့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းများကို အမည်များဖြင့် ဇွန် ပထမပတ် အတွင်း စတင်မှတ်ပုံတင် ပြီဖြစ်ကြောင်း အဆိုပါ အသိုင်းအဝိုင်းမှသိရသည်။ ယင်းသို့ မှတ်ပုံတင်ရာတွင် ဦးချစ်ခိုင်-ဧဒင်ဂရုပ်မှ မြန်မာ့ ရှေ့ဆောင်ဘဏ်၊ ဦးဇော်ဇော်- မက်စ်မြန်မာက ဧရာဝတီဘဏ်၊ ဦနေအောင်-အောင်ရည်ဖြိုးက အမရာဘဏ်နှင့် ဦးတေဇ-ထူးဂရုပ်က Asia Green ဘဏ်အမည်များဖြင့် မှတ်ပုံ တင်ခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ဒီအမည်တွေနဲ့ မှတ်ပုံတင်ခဲ့တာ ဟုတ်ပါတယ်။ မှတ်ပုံတင်ပြီးမှ လုပ်ပိုင်ခွင့် လိုင်စင်ကျမှာ ဖြစ်ပါတယ်။ အဲဒီတော့မှ ဘဏ်လုပ်ငန်းကို စတင် လုပ်ကိုင်ခွင့် ပြုမှာပါ”ဟု ဘဏ်သစ် လုပ်ကိုင်မည့် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိက ဘဏ်လုပ်ငန်းများကို ၁၉၉၂ ခုနှစ်အထိ လုပ်ပိုင်ခွင့်ပေးခဲ့ခြင်း မရှိဘဲ ၁၉၉၃ ခုနှစ်တွင် ပထမ ပုဂ္ဂလိကဘဏ်၊ မြန်မာ မေဖလားဝါးဘဏ်၊ အာရှဓနဘဏ်၊ ရိုးမဘဏ်၊ မြန်မာ ယူနီဗာဆယ် ဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ် စသည်တို့ကို လုပ်ကိုင်ခွင့် ပေးခဲ့သည်။ “ဘဏ်သစ်တွေ ပေါ်လာတဲ့ သဘောကတော့ ဒီကနေ့မှာ ပုဂ္ဂလိကဘဏ်တွေ အနေနဲ့ ငွေကြေးကို အတိုင်းအတာနဲ့ပဲ လက်ခံရပါတယ်။ ဒါကလဲ ဘဏ်တွေကို နည်းမှန်လမ်းမှန် ဖြစ်အောင်ဆိုပြီး ဗဟိုဘဏ်က ထိန်းချုပ် ပေးထားတာပါ။ အဲ့ဒီအတွက်ကြောင့်မို့လို ဘဏ်တွေဆီကို ငွေတွေ ရောက်မလာဘဲ လူတွေ လက်ထဲမှာပဲ ငွေတွေ ရှိနေတော့ တိုင်းပြည်စီးပွားရေး လည်ပတ်ဖို့မှာ ငွေနည်းသလို ဖြစ်လာတာပဲ။ သဘောကတော့ လူတွေရဲ့ ငွေတွေကို ဘဏ်တွေ လက်ခံပြီး အတိုးပေးတယ်။ ပြီးတော့ စီးပွားရေး လုပ်ငန်းရှင်တွေကို ပြန်ချေးပေးတယ်။ ဒါမှ ငွေလည်ပတ်မှု ရှိနေပြီး တိုင်းပြည် စီးပွားရေး တိုးတက်တဲ့ သဘောပါ။ ဒါတွေကြောင့် ဘဏ်သစ်တွေကို ထပ်မံ ဖွင့်လှစ်ခွင့် ပေးပြီးမှ ပြည်သူတွေထဲက ငွေတွေကို တိုင်းပြည် စီးပွားရေးထဲ ဝင်ရောက်လာအောင် ပြန်လုပ်ချင်တဲ့ သဘောလို့ ယူဆပါတယ်။ ဒါပေမဲ့ ဘဏ်လုပ်ငန်း လုပ်ကိုင်မယ့် စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ လိုပါတယ်။ ဒါမှ ဘဏ်တွေ ပြိုလဲတာ မရှိဘဲနဲ့တိုင်းပြည် စီးပွားရေး တိုးတက်လာဖို့ ဒီဘက်က အထောက်အပံ့ ပေးသွားမှာပါ”ဟု စီးပွားရေး ပညာရှင် တစ်ဦးက သုံးသပ်ပြောသည်။ ဘဏ်လုပ်ငန်းတစ်ခု စတင် ထူထောင်ရာတွင် မြန်မာနိုင်ငံ ဗဟိုဘဏ်သို့ ကျပ်ငွေ ၁၀ ဘီလီယံ တင်ပြနိုင်ရမည် ဖြစ်ပြီးမှသာ အများပြည်သူထံမှ ကျပ် ၁၀၀ ဘီလီယံကို လက်ခံ ရယူနိုင်မည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Sunday, June 13, 2010

“၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပက်သက်၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ”အောင်မြင်စွာကျင်းပခဲ့





၁၃-၆-၂၀၁၀
နအဖစစ်အုပ်စုမှ ကျင်းပပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲသည် ပြည်ထောင်စုမြန်မာနိုင်ငံအား စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးနှင့် ပြည်သူလူထုအတွက် အရေးတကြီးလိုအပ်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်ပေါ်စေနိုင်မည့်လုပ်ရပ်မဟုတ်ပါ။ နအဖစစ်အုပ်စု၏ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေပြီး မြန်မာပြည်သူလူထုအား စစ်ကျွန်အဖြစ် ထာဝရနွံနစ်စေမည့် လုပ်ရပ်သာဖြစ်ပါသည်။ ကမ္ဘာအနှံ့အပြားရှိ မြန်မာများ ပူးပေါင်းလှုပ်ရှားကြသည့် ဆန္ဒဖော်ထုတ်ပွဲကို ဂျပန်နိုင်ငံရောက် နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားညီအကိုအဖွဲ့အစည်း များမှပူးပေါင်း၍ နအဖစစ်အုပ်စုမှကျင်းပပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပက်သက်၍ တည်ကြည်လေးနက်သည့် ဆန္ဒထုတ်ဖော်ပွဲ အခမ်းအနားတရပ်ကို တိုကျို အိခဲဘုကုရို ခမ်းခိုးပလာဇာတွင် ဒီကနေ့ နေ့လည်၁နာရီမှ ကျင်းပပြုလုပ်ခဲ့ပါသည်။ဂျပန်ရောက် မြန်မာနိုင်ငံသားများက မိမိတို့ ဆန္ဒရှိသည့်အတိုင်း လွတ်လပ်စွာဖြင့် ဆန္ဒဖေါ်ထုတ်ကြရာတွင် မိမိတို့၏ဆန္ဒမဲ တွင် စိတ်ကြိုက် ရွေးချယ်ကာ မဲထည့်ရခြင်း ဖြစ်ပါသည်။ ဆန္ဒထုတ်ဖော်ပွဲကို မသမာမှု၊ မဲလိမ်လည်ခြင်းများ မရှိစေရန်အတွက် Japanese Association of Metal Machinery, and Manufacturing Workers(JAM) မှ တာဝန်ခံ Ms.NAOKO Otani ၊KOMAZAWA တက္ကသိုလ်မှ ပါမောက္ခ Mr.NAOYA Mitake ၊ Amnesty International-Japan တာဝန်ခံ Mr.KUMAZAWA နှင့် မြန်မာ့အရေး အားပေးကူညီသော Mr.KUMAKIRI Taku နှင့် Mr.Nagayama တို့က အသေးစိတ်ကြီးကြပ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းစေလိုသည့် ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် အမြန်ဆုံးဖော်ဆောင်လိုသည့် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသားများအားလုံး မပျက်မကွက်တက်ရောက်ကာ မိမိတို့၏ဆန္ဒမဲများကို ထုတ်ဖော်ပြသကြရာ စုစုပေါင်းမဲထည့်သူ (၃၂၆)ဦး ၊ အစစ်အမှန် ရွေးကောက်ပွဲအား မဲထည့်သူ (၃၁၂)ဦး ၉၅.၇ ရာခိုင်နှုန်း၊ စစ်တပ်၏ရွေးကောက်ပွဲအားမဲထည့်သူ (၁)ဦး ၀.၃ ရာခိုင်နှုန်း၊ ပယ်မဲ(၁၃)မဲ ဖြင့် အပြတ်အသတ် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ အခမ်းအနားကို ညနေ ၄း၁၅နာရီထိ အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါတယ်။
ဓါတ်ပုံ။။ဒီမိုဝေယံ၊ကိုပွား ရုပ်သံ။။ကေသီသိန်း သတင်း။။အာလူးလေး

Saturday, June 12, 2010

မြန်မာ့အသံလိမ်နေသည် မြ၀တီညာနေသည် နအဖရန်တိုက်ပေးနေသည် နေပြည်တော်မှ ဘာသာမဲ့များစကားမရုံလေနှင့် သတိထား

ဗိုလ်ကြီး - စိုင်းသိန်းဝင်း ၊ ဗိုလ်မှူး - အောင်လင်းထွဋ် နှင့် DVB အပေါ် စစ်အစိုးရမှ မတရား စွတ်စွဲ ပြောဆိုချက်

မြောက်ကိုရီးယား နှင့် မြန်မာနိုင်ငံ တို့၏ ဆက်ဆံရေး အပေါ် သတင်း ထုတ်ပြန်ချက်
မြန်မာ့ နျူကလီယား စီမံကိန်း နှင့် ပတ်သက်ပြီး စစ်အစိုးရ၏ ပြန်လည် ဖြေရှင်းချက်

Friday, June 11, 2010

“၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပက်သက်၍ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ဆန္ဒဖော်ထုတ်ပွဲ”

နေ့စွဲ ။ ။ 16 . MAY . 2010
နအဖစစ်အုပ်စုမှ ကျင်းပပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲသည် ပြည်ထောင်စုမြန်မာနိုင်ငံအား စစ်မှန်သည့် ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးနှင့် ပြည်သူလူထုအတွက် အရေးတကြီးလိုအပ်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်ပေါ်စေနိုင်မည့်လုပ်ရပ်မဟုတ်ပါ။ နအဖစစ်အုပ်စု၏ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေပြီး မြန်မာပြည်သူလူထုအား စစ်ကျွန်အဖြစ် ထာဝရနွံနစ်စေမည့် လုပ်ရပ်သာဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရောက် နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားညီအကိုအဖွဲ့အစည်း များမှပူးပေါင်း၍ နအဖစစ်အုပ်စုမှကျင်းပပြုလုပ်မည့် ၂ဝ၁ဝ ရွေးကောက်ပွဲနှင့်ပက်သက်၍ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံအတွက် တည်ကြည်လေးနက်သည့် ဆန္ဒထုတ်ဖော်ပွဲ အခမ်းအနားတရပ် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းစေလိုသည့် ဒီမိုကရေစီပြည်ထောင်စု မြန်မာနိုင်ငံတော်သစ် အမြန်ဆုံးဖော်ဆောင်လိုသည့် ဂျပန်နိုင်ငံရောက် တိုင်းချစ်ပြည်ချစ် မျိုးချစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံသားများအားလုံး မပျက်မကွက်တက်ရောက်ကာ လွတ်လပ်၍ တရားမျှတသည့် နိုင်ငံနှင့်လူမျိုးအတွက်အရေးပါသည့် မိမိတို့၏ဆန္ဒမဲများကို ထုတ်ဖော်ပြသကြပါရန် လေးစားစွာဖြင့်ဖိတ်ကြားအပ်ပါသည်။ အခမ်းအနားအစီအစဉ် နေ့ရက် ။ ။ ၁၃. ၆ . ၂ဝ၁ဝ (တနင်္ဂင်္နွေနေ့) အချိန် ။ ။ နေ့လည် (၁) နာရီိတိတိမှ ညနေ (၅) နာရီထိ နေရာ ။ ။ Ikebukuro Kenko Plaza (7F) ဆက်သွယ်ရန်။ ။ Burma Office Japan 3F, Sohyo Kaikan, 3-2-11, Kanta- Surugadai, Chiyoda-ku Tokyo- Japan 03-5269-3010 ပေးပို့လာတဲ့ မနန္ဒာ(လမ်းပြကြယ် http://www.lanpyakye.org/ http://www.lanpyakye.com/)အားကျေးဇူးတင်ပါတယ်။

ဈေးကွက်နဲပေလို့ သာတော် တော့တာပေါ့ အဘရယ်

မြန်မာနိုင်ငံမှ ကျွန်းများ ပြည်ပဈေးကွက် အခိုင်အမာ ရရှိထားသော်လည်း ကျန်သည့်သစ်မာများ ဈေးကွက်ရရှိမှုနည်း နေသေး


    မြန်မာနိုင်ငံမှ ကျွန်းများ ပြည်ပ ဈေးကွက်တွင် လူကြိုက်များသောကြောင့် ဈေးကွက်အခိုင်အမာရရှိ ထားသော်လည်း ကျန်သည့်သစ်မာများ ဈေးကွက်ရရှိမှု နည်းနေသေးကြောင်း သိရှိရသည်။ ကျွန်းသစ်ကိုမူ အာရှနိုင်ငံများနှင့် ဥရောပ၊ အမေရိကနိုင်ငံများအထိပါ ဈေးကွက်တင်ပို့ ရောင်းချလျက်ရှိကြောင်း မြန်မာ့သစ်လုပ်ငန်းနှင့် သစ်လုပ်ငန်းရှင် များအသင်းမှ စုံစမ်းသိရှိရပါသည်။

    မြန်မာနိုင်ငံရှိ သစ်တောများမှ စီးပွားဖြစ် ထုတ်ယူရောင်းချနိုင်သည့် သစ်မာအမျိုးအစားပေါင်း(၈၅)မျိုး ၀န်းကျင်ခန့်ရှိပြီး သစ်မာအမျိုးအစား(၁၀)မျိုးခန့်ကိုသာ ပြည်ပတင်ပို့ ရောင်းချလျက်ရှိကြောင်း သိရသည်။

    ပြည်ပတင်ပို့ရောင်းချသည့် သစ်မာများ၌ ထောက်ကြန့်၊ ပိတောက်၊ သင်းဝင်၊ ပျဉ်းကတိုး၊ ယမနေ၊ ဘင်္ဂကဲ့သို့သစ်မာများပါဝင်ပြီး အင်ကညင်သစ် အမျိုးအစားကိုလည်း ပရိဘောဂအဖြစ် တင်ပို့ရောင်းချနိုင်ရန် စမ်းသပ်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

    ''သစ်မာပြည်ပ ဈေးကွက်ကရှိ တယ်။ ဒါပေမယ့် ကျွန်းကပေါနေတော့ သစ်မာဘက်မလှည့်နိုင်သေး တာပါ။ အခု ဘယ်လိုဖြစ်လည်းဆို တော့သစ်တောတစ်ခုထဲကနေကျွန်း ကိုပဲခုတ်နေမယ်ဆိုရင် ကျွန်းသစ်တွေကုန်ပြီး သစ်မာပဲကျန်တော့မယ်။ အဲ့ဒီအခါ သစ်တောတန်ဖိုးက ကျလာမယ်။ ဒါကြောင့် ကျွန်းလိုမျိုးပဲ သစ်မာကို ပြည်တွင်း၊ ပြည်ပဈေး ကွက် ကျယ်ပြန့်မှုရှိလာအောင်၊ လက်ခံလာအောင် ကြိုးပမ်းသွားမှာပါ။ ကျွန်းကိုတော့ အလုံးလိုက်ရော၊ အချောထည်ရော ပြည်ပဈေးကွက်ပို့ပါတယ်။ သစ်မာကိုတော့ အလုံးလိုက် တင်ပို့ဖြစ်တာက များပါတယ်'' ဟု မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးကရှင်း ပြခဲ့သည်။

    သစ်မာပရိဘောဂများကို အာဆီယံနိုင်ငံများနှင့် ရုရှား၊ တရုတ်၊ ဥရောပနိုင်ငံများအထိ ပြည်ပဈေးကွက် ထိုးဖောက်မှုများရှိနေသော်လည်း တင်ပို့မှု အတွေ့အကြုံ၊ ဒီဇိုင်းအမျိုး အစား၊ နည်းပညာအခြေအနေများ ကြောင့် အရေအတွက်များများ တင်ပို့နိုင်ခြင်း မရှိသေးကြောင်းသိရသည်။


သစ်မာပြည်ပ ဈေးကွက်က ရှိတယ်။ ဒါပေမယ့် ကျွန်းကပေါနေတော့ သစ်မာဘက်မလှည့်နိုင်သေး တာပါ။ အခု ဘယ်လိုဖြစ်လည်းဆို တော့သစ်တောတစ်ခုထဲကနေကျွန်း ကိုပဲခုတ်နေမယ်ဆိုရင် ကျွန်းသစ်တွေကုန်ပြီး သစ်မာပဲကျန်တော့မယ်။ အဲ့ဒီအခါ သစ်တောတန်ဖိုးက ကျလာမယ်...


    ''သစ်မာနဲ့ထုတ်လုပ်ထားတဲ့ ပရိဘောဂတွေက အခြေအနေအမျိုး မျိုးကြောင့် ထွက်ရှိတဲ့ဒေသတွေမှာ မိသားစုပရိဘောဂ အသုံးကလွဲပြီး ကျန်တဲ့နေရာတွေမှာ အသုံးပြုတာ ရော၊ ရောင်းချတာရော ကျယ်ပြန့်မှု မရှိသေးပါဘူး။ ပြည်တွင်းမှာ အသုံးများအောင် အရင်ဆောင်ရွက်ပြီးမှ သစ်မာနဲ့ပတ်သက်လို့ အတွေ့အကြုံ ရလာပြီဆိုရင် ပြည်ပဈေးကွက် တင်ပို့တဲ့အခါမှာ မြန်မာ့သစ်မာပရိဘောဂ ဈေးကွက်အခြေအနေ ကောင်းမွန်လာနိုင်ပါတယ်'' ဟု မြန်မာ့သစ်လုပ်ငန်း၊ သစ်အခြေခံစက်မှု လုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

    လက်ရှိတွင်သစ်မာ ပရိဘောဂများကို ပြည်တွင်းဟိုတယ်များ၊ ရုံး၊ အိမ်၊ ကျောင်း၊ ဆောက်လုပ်ရေး ငန်းခွင်သုံး၊ တန်ဖိုးနည်းအိမ်ရာအ သုံး ဈေးကွက်ရရှိရန်ဦးတည်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

    ပြည်တွင်း၌သစ်မာပရိဘောဂ များအသုံးပြုမှုတွင်ကျယ်လာစေရန် ရည်ရွယ်၍လည်း ပထမဆုံးအကြိမ် မြန်မာ့သစ်မာပရိဘောဂပြပွဲကို ၂၀၁၀ ခုနှစ်၊ မေလ(၁)ရက်နေ့မှ(၃) ရက်နေ့အထိ မြန်မာကွန်ဗင်းရှင်းစင်တာ(MCC)တွင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

       ''အခုကျွန်းသစ်(သဘာဝကျွန်း) က ကမ္ဘာ့ကျွန်းဈေးကွက်မှာ အပြိုင်ဖြစ်လာပြီ။ မြန်မာ့ကျွန်းသစ်ဟာ ကမ္ဘာပေါ်မှာအကောင်းဆုံးလို့ ရေပန်းစား ပေမယ့် စိုက်ကျွန်းတွေဝင်လာတဲ့ အတွက် ဈေးကွက်ဝေစု နည်းလာတယ်။ အဲ့ဒီအတွက် သစ်မာဈေးကွက်လည်း အားနည်းလာတာ ဖြစ်ပါလိမ့်မယ်'' ဟု သစ်လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။

အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံတွင်ဩဂုတ်လအထိ မိုးနည်းပြီး ပူပြင်းသည့် အရှိန်ကို ခံစားရနိုင်




ရန်ကုန်၊ မေ ၃၊ ၂၀၁၀
အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ တွင် ဩဂုတ်လအထိ မိုး နည်းပြီး ပူပြင်းသည့်ဒဏ်ကို ဆက်လက် ခံစားရနိုင် ကြောင်း မိုးလေဝသပညာ ရှင် ဒေါက်တာထွန်းလွင်က ပြောသည်။
အယ်လ်နီညိုရာသီဥတု ကို ပစိဖိတ်သမုဒ္ဒရာအလယ် ပိုင်းရှိ ရေပြင်အပူချိန်ကို တိုင်းတာ၍ သတ်မှတ် ကြောင်း၊ ပစိဖိတ်သမုဒ္ဒရာ အလယ် ရေပြင်အပူချိန်သည် ၂၈ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နေပါက အယ်လ် နီညိုရာသီဥတုဟု ခေါ်ဆို နိုင်ကြောင်း၊ ယခုနှစ် ဧပြီ တွင် ကမ္ဘာ့မိုးလေဝသအဖွဲ့ ချုပ်၏ တိုင်းတာချက်အရ ၂၉ ဒီဂရီစင်တီဂရိတ်ရှိနေ သဖြင့် အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ် အနည်းငယ် ကျန်ရှိနေသေးကြောင်း သိ ရသည်။
ကမ္ဘာ့မိုးလေဝသ အ ဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ အယ်လ်နီညိုရာသီဥတုဖြစ် စဉ်က ဒီနှစ်မှာ ပြီးပြီလို့ သိ ရပါတယ်။ ဒါပေမဲ့ အယ်လ် နီညိုရဲ့နောက်ဆက်တွဲ ဆိုး ကျိုးကြောင့် မြန်မာနိုင်ငံ မှာ ဩဂုတ်လအထိ ပူပြင်း ပြီး မိုးနည်းနေဦးမှာ ဖြစ်ပါ တယ်ဟု ၄င်းက သုံးသပ် ပြောပြသည်။ထို့ပြင် ရန်ကုန်မြို့၌ အပူဒဏ်လွန်ကဲနေခြင်းမှာ အဓိကမိုးမရွာဘဲ နေပူချိန် များနေ၍ဖြစ်ပြီး၊ မိုးရွာသွန်း ချိန်မရှိဘဲ နေ့တစ်ချိန်လုံး ပူနေသည့်အတွက် ပူပြင်း သည့်ဒဏ်ကို ခံစားနေရ ခြင်းဖြစ်ကြောင်းသိရသည်။ သို့သော် လတ်တလော ပူ နေသည့် နေအပူချိန်မှာ ယခင်နှစ်ကထက် ပိုမိုပူပြင်း နေသော်လည်း၊ စံချိန်ချိုး ပူခြင်းမျိုးမဟုတ်ဘဲ ယခု နှစ် အပူချိန်စံချိန်ချိုးသည့် နေရာများမှာ မုံရွာ၊ မကွေး၊ မြင်းမူနှင့် နေပြည်တော် (ရေဆင်း)ဒေသများ ဖြစ် သည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် အပူ ချိန် စံချိန်ချိုးခဲ့သော နှစ် မှာ ၁၉၉၈ခုနှစ်ဖြစ်ပြီး၊ အပူ ချိန် ၄၄ .၅ ဒီဂရီစင်တီ ဂရိတ်ထိ ရှိခဲ့ကြောင်း သိရ သည်။ရန်ကုန်မြို့ရဲ့ အပူ ချိန်က လတ်တလောမှာ ၄၀ဒီဂရီစင်တီဂရိတ်ဝန်းကျင် ပဲရှိပါတယ်။အပူချိန်လျော့ဖို့ ဆိုတာကတော့ မိုးကိုပဲမျှော် ရမှာပါ။ မိုးရွာရင်တော့ အ ပူသက်သာလာမှာပါ။ မိုး ကလည်း မေလ ပထမပတ်၊ သို့မဟုတ် ဒုတိယပတ်ထဲ မှာ ရန်ကုန်ကို ဝင်လာနိုင် ခြေရှိပါတယ်။ အဓိက ရာ သီဥတုနဲ့ လိုက်လျောညီထွေ ဖြစ်အောင်နေတတ်ဖို့လည်း လိုပါတယ် ဟု ဆက်၍ ရှင်းပြသည်။
သတင်း။။Ecovision journal

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သစ်ပင် ၂ သောင်းကျော် စိုက်မည်

ချင်းမိုင် (မဇ္ဈိမ) ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်နယ်နှင့် တိုင်းများ၌ သစ်ပင်ပေါင်း ၂၀၀၀၀ ကျော်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် အန်အယ်ဒီ လူငယ်များက ယနေ့မှ စတင်၍ စိုက်ပျိုးသွားကြမည်ဟု သိရသည်။ အန်အယ်ဒီရုံးခွဲ မရှိသော ကယားပြည်နယ်မှလွဲရင် မြန်မာနိုင်ငံတဝှမ်း မြို့နယ် ၃၁၈ မြို့နယ်တွင် တမြို့လျှင် သစ်ပင် ၆၆ ပင်ကျစီ စိုက်ပျိုး၍ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် လက်ဆောင်ပေးသွားရန် လူငယ်များက စီစဉ်ထားသည်။ ဗမာလူမျိုး၏ အစဉ်အလာတခုအရ ၆၅ နှစ် ပြည့်မြောက်သည့် မွေးနေ့တွင် အသက် ၆၆ နှစ်ထဲ ဝင်ရောက်သည်ဆိုသော အယူဖြင့် သစ်ပင် ၆၆ ပင် စိုက်ပျိုးခြင်းဖြစ်သည်။ ဇွန် ၁၉ ရက်နေ့အထိ ပြုလုပ်မည်ဖြစ်သော သစ်ပင် ၂၀၉၈၈ ပင် စိုက်ပျိုးမည့် အစီအစဉ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအား ပြည်သူအများ ပိုမိုသိရှိစေရန်လည်း ဖြစ်သည်ဟု အန်အယ်ဒီ ဗဟိုဦးစီးအဖွဲ့ဝင် မဖြူဖြူသင်းက ပြောသည်။ ရန်ကုန်တိုင်း တောင်ဒဂုံ၊ လှိုင်သာယာ၊ တောင်ဥက္ကလာမြို့နယ်များတွင် အန်အယ်ဒီအဖွဲ့ဝင်များက မိမိနေအိမ်ဝန်းများအတွင်းနှင့် ပုဂ္ဂလိကပိုင်မြေများ၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းတွင် ပိတောက်၊ ကန့်ကော်၊ ခရေ၊ ကုက္ကိုလ်၊ ဗန်ဒါ စသည့် အရိပ်ရ အပင်များ ယနေ့ စိုက်ပျိုးကြသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မဖိတ်ဘဲရောက်လာခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောကို ဧည့်ခံမှုဖြင့် နေအိမ်တွင် ချုပ်နှောင်သော ၁၈ လထောင်ဒဏ်မှာ နိုဝင်ဘာလတွင် ကုန်ဆုံးမည်ဖြစ်၍ ယခုကျရောက်မည့် မွေးနေ့မှာ နေအိမ်တွင်းမှာသာ ကုန်ဆုံးရမည်ဖြစ်သည်။ ‘ကောင်းမွန်စွာ နေထိုင်လျှင်’ ကျန်ရှိသော ၁၈ လ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးမည်ဟု စစ်အစိုးရက ထုတ်ပြန်ထားသည်။ ပဲခူးမြို့တွင် လာမည့် ၁၉ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့တွင် စိန်ပန်းပင် ၆၆ ပင်ကို စိုက်ပျိုးမည်ဟု အန်အယ်ဒီ ပဲခူးမြို့နယ် ဥက္ကဋ္ဌ ဦးမြတ်လှက ပြောသည်။ ရန်ကုန်အခြေစိုက် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း FREDA ဒုဥက္ကဋ္ဌ ဦးအုန်းက သစ်ပင်များကို တောတောင်နှင့် တောင်ကတုံးများတွင် “အင်နှင့် အားနှင့်” စိုက်ပျိုးသင့်သည်ဟု တိုက်တွန်းသည်။ “သစ်ပင်စိုက်တာတော့ ကောင်းတယ်။ ရှိပြီးသားသစ်ပင်တွေကို ထိန်းသိမ်းတာက ပိုကောင်းတယ်။ သစ်ပင်တပင်ကို ခုတ်ပြီး သစ်ပင်ပြန်စိုက်တယ်ဆိုတာက သဘာဝ အနေအထားတွေ ပျက်သွားတယ်။ သစ်တောက ရွာသမျှ မိုးရေကို စုတ်ထားတာ။ ရာသီဥတု မျှတတယ်။ သစ်တောမရှိတော့ မြေဆီလွာ တိုက်စားမှုတွေဖြစ်ပြီး ရာသီဥတု ဖျောက်ပြန်လာတယ်” ဟု ဦးအုန်းက ပြောသည်။ FREDA အဖွဲ့အနေဖြင့် ၁၉၉၉ ခုနှစ်မှစ၍ သစ်ပင်စိုက်ပျိုးခြင်းကို လုပ်ဆောင်လာခဲ့ပြီး နာဂစ်မုန်တိုင်းပြီးနောက် ဧရာဝတီတိုင်း ဖျာပုံခရိုင်အတွင်း၌ ဧက ၃၀၀၀ ကျော် စိုက်ပြီးဖြစ်သည်ဟုလည်း ဆိုသည်။ မြန်မာနိုင်ငံ၏ စုစုပေါင်း အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၆၅၆ ၅၇၇ အနက် ၁၉၇၅ ခုတွင် သစ်တောဖုံးလွှမ်းဧရိယာ ၆၀ ရာခိုင်နှုန်း ရှိသော်လည်း ယခုနှစ်တွင်မူ ၄၁ ရာခိုင်နှုန်းသာရှိတော့သည်ဟု ကုလ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး FAO က ယခုနှစ် ဧပြီလအတွင်းက ထုတ်ပြန်ထားသည်။

Thursday, June 10, 2010

နှစ်နှစ်ကြာ ပျောက်နေသည့် ကျောင်းသား စစ်တပ်ထဲရောက်နေမှန် အခုမှသိရ

၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း မန္တလေးမြို့ကို အသွားမှာ ပျောက်ဆုံးသွားတဲ့ မန္တလေးတိုင်း တောင်သာမြို့နယ် ချောင်းပေါက်ကျေး႟ွာအုပ်စု အင်း႟ွာက ဦးဝင်းကို၊ ဒေါ်အုန်းေ႟ွှတို့ရဲ့သား အသက် ၁၆ နှစ်အ႟ွယ် ၉တန်းကျောင်းသား မောင်အောင်ကိုခန့်ဟာ ကလေးစစ်သားအဖြစ် စုဆောင်းခံခဲ့ရလို့ လာခေါ် ပေးပါလို့ ဦးလေးဖြစ်သူကို အကြောင်းကြား လိုက်တယ်လို့ RFA က သိရှိရပါတယ်။


ကလေးစစ်သား ပပျောက်ရေးကိစ္စများကို မြန်မာစစ်အစိုးရနှင့် ဆွေးနွေးရန် ကလေးများနှင့် လက်နက်ကိုင် ပဋိပက္ထများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မီးစ် ရာချစ်ကာ ကူမားရား ဆွာမိ (ဝဲ) သည် ၂၀၀၇ ခုနှစ်၊ ဇွန်လ၊ ၂၇ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်သို့ သွားရောက်၍ ထိုအချိန်က ယာယီဝန်ကြီးချုပ် (ယခုဝန်ကြီးချုပ်) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် (ယာ)နှင့် တွေ့ဆုံစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
သူ့ရဲ့ ဖခင်ဖြစ်သူက သာသနာ့ဘောင် ရောက်နေပြီး မိခင်ဖြစ်သူကလည်း ကွယ်လွန်သွားတဲ့အတွက် ဦးလေးဖြစ်သူတွေက လိုက်ရှာပေမဲ့ သတင်းအစအနတောင် မရတာကြောင့် လက်လျှော့ထားချိန်မှာ မောင်အောင်ကိုခန့်က အမ်းမြို့ စစ်မြေပြင် အင်ဂျင်နီယာတပ်မှာ သူရောက်နေကြောင်း၊ မနေချင်တော့လို့ လာခေါ်ပါလို့ အကြောင်းကြားလာတယ်လို့ ဦးလေးဖြစ်သူ ဦးဝင်းမြင့်က RFA ကို ပြောပြပါတယ်။
“သူ့အမေက သေသွားတော့ ကလေးက စိတ်ဓာတ်ကျပြီးတော့ မန္ဈလေးသွားတယ်၊ သူငယ်ချင်းနဲ့ သွားတာဗျာ၊ ညကို သူတို့ ၁၂ နာရီ တချက်လောက်ပေါ့၊ ပေါ်တာပါသွားတယ်၊ ဘယ်ပါသွားတယ်တော့ ကျနော်တို့က အတိအကျ ပြောလို့ မရဘူးဗျာ၊ အဆက်အသွယ်က မရတော့ ကျနော်တို့လည်း ဘယ်လိုမှ ရှာလို့ မရဘူးဗျာ၊ ပြီးခဲ့တဲ့ အရက် ၂၀ လောက်ကမှ အမ်းမြို့ကို ရောက်တယ်၊ တပ်ရင်း ၉၁၉ စစ်မြေပြင် အင်ဂျင်နီယာတပ်လို့ ပြောတယ်၊ အနေအထိုင် အစားအသောက်ကတော့ မိုင်းတွေ ခွဲနေရတာတဲ့၊ ဆင်းရဲတယ်လို့ ပြောတာပေါ့လေ၊ သူ့ကိုလာခေါ်တဲ့၊ ထုတ်နိုင်ရင် ထုတ်ပေးကြပါတဲ့။”
ဒီကိစ္စကို ကလေးစစ်သားအရေး အကူအညီပေးနေတဲ့ လမ်းပြကြယ် လူမှုရေးအဖွဲ့ကို လာရောက် အကူအညီတောင်းတဲ့အတွက် အထောက်အထားတွေနဲ့အတူ မကြာခင် အိုင်အယ်လ်အိုကို တိုင်တန်းမဲ့အကြောင်း လမ်းပြကြယ်အဖွဲ့ရဲ့ ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်က ပြောပြပါတယ်။
“မောင်အောင်ကိုခန့်ရဲ့ ကျောင်း ထောက်ခံစာရှိတယ်၊ အသက်ထောက်ခံစာတွေလည်း အပြည့်အစုံနဲ့ ကျနော်တို့ က ဒီနေ့ပဲ ႟ိုက်ပြီးတော့ အိုင်အယ်လ်အိုကို တင်ပေးမယ်၊ ကလေးစစ်သားတွေကို အကူအညီပေးတဲ့ ဒီလိုဟာ ပြန်ထုတ်ပေးပါတယ်ဆိုတောင်မှ အခု နှစ်လ သုံးလ ကြာနေတာတော့ ကျနော်တို့ စိတ်ထဲမှာ မဖြောင့်ဘူး၊ ဖေဖော်ဝါရီလလောက်က လျှောက်ခဲ့တဲ့၊ လူတွေ အခုမှ ပြန်ရကြတယ်။”
RFA

မကြာမှီမျှော်

အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှု တရားရုံး ICC တွင် စစ်ရာဇ၀တ်မှု တရားစွဲဆိုစစ်ဆေးမှုများကို ပိုမိုထောက်ပံ့ကူညီပေးရန် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်က မေ ၃၁ ရက်တွင် နိုင်ငံတကာထံ အကူအညီတောင်းခံခဲ့သည်။ ပဋိပက္ခများ ဖြစ်ပွားခဲ့သည့် အချိန်များတွင် စစ်ရာဇ၀တ်မှုကျူးလွန်မှုများကို ဟန့်တားအရေးယူမည့် အဖွဲ့အစည်းတစ်ခုအဖြစ် အိုင်စီစီက ဆောင်ရွက်ခဲ့သည်။ သည်ဟိဂ်တွင် အခြေစိုက်သော အိုင်စီစီသည် ၁၉၉၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လေးနှစ်အကြာတွင် အာဏာစတင်တည်ခဲ့သည်။လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုများကို အပြစ်ပေးနိုင်ရန် အိုင်စီစီက ကြိုးပမ်းခဲ့ပြီး လက်ရှိတွင် စစ်ရာဇ၀တ်မှုနှင့်ပတ်သက်၍ ဖမ်းဝရမ်းထုတ်ထားသူ ငါးဦးရှိသည်။ဒါဖာတွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် တာဝန်ရှိသည် ဆိုသော ဆူဒန်လက်ရှိသမ္မတ အိုမာအယ်လ်ဘာရှာသည်လည်း တစ်ဦးအပါအ၀င်ဖြစ်သည်။ သို့သော် သံသယရှိသူများကို ဖမ်းဆီးရန်ကြိုးပမ်းရာတွင် ပူးပေါင်းဆောင်ရွက်မှုမရှိခြင်း၊ အမေရိကန်နိုင်ငံက အိုင်စီစီတွင် ပါဝင်ရန် ငြင်းဆန်ခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရသည်။

ဒီငွေတွေဘယ်ရောက်သွားသလဲ ဘဘသန်း




မြန်မာနိုင်ငံမှ နှစ်စဉ် ကျောက်မျက်ရတနာ တင်ပို့ရောင်းချမှုစာရင်း

စုစုပေါင်း    ၈၈၆၆
ဘဏ္ဍာရေးနှစ်       တန်ဖိုး(ကျပ်သန်း) 
 ၂၀၀၀-၂၀၀၁         ၃၆၃
 ၂၀၀၁-၂၀၀၂         ၁၂၇
 ၂၀၀၂-၂၀၀၃         ၂၄၉
 ၂၀၀၃-၂၀၀၄         ၃၅၇
 ၂၀၀၄-၂၀၀၅         ၆၁၆
 ၂၀၀၅-၂၀၀၆         ၁၃၅၉
 ၂၀၀၆-၂၀၀၇         ၂၂၃၆
 ၂၀၀၇-၂၀၀၈         ၃၅၅၉   
 
 
source၊၊ ၊၊Eleven media group

Wednesday, June 09, 2010

ရိုးရိုး မီတာပုံးတောင်မှ မီးမမှန်ပဲနဲ့ ဒီဂျစ်တယ်မီတာပုံးလုပ်ချင်နေသေး

ကြိုတင် ငွေပေးကတ်စနစ်ဖြင့် အသုံးပြုရမည့် ဒီဂျစ်တယ်မီတာပုံးများကို ပြည်တွင်း၌ စတင်ထုတ်လုပ်တော့မည် ဖြစ်ကြောင်း ၁-၆-၁၀ ရက်က သိရသည်။ အဆိုပါ မီတာပုံးများကို ပြည်တွင်း နည်းပညာအများအပြား ထုတ်လုပ်မည့် ရတနာပုံ ဆိုက်ဘာစီးတီးမှ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း၊ ရတနာပုံ ဆိုက်ဘာစီးတီးရှိ နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သော Fisca Enterprise က ၄င်း ဒီဂျစ်တယ် အိမ်သုံး လျှပ်စစ်မီတာ ပုံး များကို ထုတ်လုပ်နေကြောင်း ရတနာပုံတယ်လီပို့မှ စုံစမ်းသိရှိရသည်။ ၄င်းစနစ်မှာ ဒီဂျစ်တယ် မီတာပုံးထားရှိပြီး ကြိုတင် ငွေပေးချေကတ် (Prepaid Card) စနစ်ဖြင့် အသုံးပြုရမည်ဖြစ်ကြောင်း၊ ဒီဂျစ်တယ် အိမ်သုံးလျှပ်စစ် မီတာပုံးများဖြစ်၍ ကြိုတင်ငွေပေးချေ ကတ်ကို ဖုန်ကတ်များ ဝယ်ယူ သုံးစွဲသကဲ့သို့ အသုံးပြုသွားရမည် ဖြစ်ကြောင်း သိရသည်။ ၄င်းဒီဂျစ်တယ် အိမ်သုံးလျှပ်စစ် မီတာပုံးများအား ရတနာပုံ ဆိုက်ဘာစီးတီး အခြေစိုက် Fisca Enterprise အောက်ရှိ Pan Myanmar ကုမ္ပဏီက ထုတ်လုပ်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ နည်းပညာကို အခြေခံ သွားမည် ဖြစ်ကြောင်း သိရသည်။ မီတာတွင် ကတ်စနစ်ဖြင့် အသုံးပြုမည်ဖြစ်၍ Prepaid Card တန်ဖိုး ကုန်ဆုံးတော့မည် ဆိုပါက အချက်ပေးမည် ဖြစ် ကြောင်း၊ ၄င်းဒီဂျစ်တယ် အိမ်သုံးလျှပ်စစ်မီတာ သုံးစွဲခြင်းဖြင့် မီတာခ သွားရောက်ဆောင်စရာ မလိုတော့ကြောင်း သိရသည်။ လက်ရှိ ရတနာပုံ ဆိုက်ဘာ စီးတီးတွင် ၄င်းလုပ်ငန်းများအပြင် ဖိုင်ဘာကေဘယ်လ် စက်ရုံများ၊ မိုဘိုင်းဖုန်း စက်ရုံများ လည်ပတ်လျက်ရှိပြီး ဆက်သွယ်ရေး လုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း၊ ရတနာပုံတယ်လီပို့ကို နိုင်ငံတော်နှင့် ပုဂ္ဂလိကတို့ ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်ပြီး စက်ရုံ လုပ်ငန်းများ၊ နည်းပညာလုပ်ငန်းများအပြင် လူ့စွမ်းအား အရင်းအမြစ်နှင့် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ၊ နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းများကိုလည်း သင်ကြားပေးခြင်းများ ရှိကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

တေးသံရှင်များ၊ကုန်သွယ်လုပ်ငန်းရှင်များ အခွန်ကြွေးကျန် မြန်မြန်ဆောင်ကြနော် နျူကလီးယားအစီအစဉ် အတွက် ရေလိုတယ်

တေးသံရှင်များ အခွန်ကြွေးကျန်များကို သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ထမ်းဆောင်ရန်ပျက်ကွက်ပါက ရာနှုန်းပြည့် အခွန်ကြွေးကို ထမ်းဆောင် ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အခွန်ဦးစီးဌာနရှိ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။ ယင်းသို့ အခွန်ကြွေးကျန်များ ရှိမရှိကို စိစစ် ဆောင်ရွက်ရာ၌ ဂီတအစည်းအရုံးနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကာ တေးသံရှင်များ၏ ဖျော်ဖြေမှု အချက်အလက်များကို ရယူလျက်ရှိပြီ ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့အနေနဲ့ အခွန်ကြွေးကျန်တဲ့ တေးသံရှင်တွေကို သတ်မှတ်ကာလမှာ ပေးဆောင်မှုမရှိရင် ဒဏ်ငွေကို အဆင့်ဆင့် ရိုက်နိုင်သလို ဘဏ္ဍာနှစ်ကုန်လို့မှ မပေးဆောင်ရင် ၁၀၀ ရာခိုင်နှုန်းထက် မပိုတဲ့ ဒဏ်ငွေကို ပေးဆောင်ရမည်။ နောက်ဆုံးမှာ ဘယ်လိုမှ မပေးဆောင် ရှောင်တိမ်းနေမယ်ဆိုရင် ဒီတေးသံရှင်ရဲ့ ပြောင်းရွှေ့နိုင်တဲ့ ပစ္စည်း ဒါမှမဟုတ် မပြောင်းရွှေ့နိုင်တဲ့ ပစ္စည်းတွေကို စည်းကြပ်ခွန် ဥပဒေအရ ထုခွဲရောင်းချပြီး ပို့တဲ့ငွေသားကိုသာ ပြန်လည်ပေးအပ်သွားမှာ ဖြစ်တယ်”ဟု ယင်းက ထပ်လောင်းပြောဆိုသည်။ “ကျွန်တော်တို့ ဂီတအစည်းအရုံးကို အခွန်ဦးစီးဌာနက စာပို့ထားတယ်။ အဓိက တေးထုတ်လုပ်သူတွေကမှ သိကြတာလေ။ အဲဒီတော့ ထုတ်လုပ် သူတွေကို ကျွန်တော်တို့က စာပြန်ပို့ထားတယ်။ ဘယ်အခွေမှာ ဘယ်သူတွေပါတယ်။ ဘယ်တေးရေးတွေ ပါတယ်ဆိုတာ စာရင်း ပို့ခိုင်းထား တယ်။ လက်ရှိ ကျွန်တော်တို့ဆီက စာပို့ပေးထားတဲ့ တေးထုတ်လုပ်ရေး ၂၅ ခုကျော် လောက်ရှိနေပါပြီ”ဟု ဂီတအစည်းအရုံးမှ အတွင်းရေးမှူး ဦးဇော်ထူးအောင်က ဆိုပြန်သည်။ ထိုသို့တေးသံရှင်များ ဝင်ငွေခွန် ထမ်းဆောင်ရာတွင် ဝင်ငွေကြေညာလွှာ မတင်သွင်းလျှင် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည့် အခွန်ကို ၂၁ ရက်အတွင်း မပေးဆောင်ပါက ၁၀ ရာခိုင်နှုန်းနျင့် အခွန်ထမ်းသူကို စိစစ်ချက်ယူရန် ခေါ်ယူမှုတွင် မလာပါက ၁၀ ရာခိုင်နှုန်း အသီးသီး ပေးဆောင်ရမည် ဖြစ်ကြောင်း၊
အလားတူ ကုန်သွယ်လုပ်ငန်းရှင်များ နှစ်ချုပ်ကြော်ငြာလွှာ တင်သွင်းပါက တင်သွင်းထားရှိသော ပမာဏနှင့် ခြားနားချက်များ ရှိပါက ခြားနားချက်ပေါ် မူတည်ကာ အခွန်ထပ်မံ ပေးဆောင်သွားရမည် ဖြစ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးထွန်းသန်းက ရန်ကုန်တိုင်းမ် ဂျာနယ်သို့ ပြောသည်။ ယင်းသို့လုပ်ငန်းရှင်များ ကုန်သွယ်လုပ်ငန်းခွန် တင်သွင်းရာ၌ တစ်လလျှင် တစ်ကြိမ် တင်သွင်းရမည့် အပြင် သုံးလလျှင် တစ်ကြိမ်လည်း တင်သွင်းရမည်ဖြစ်ပြီး ဘဏ္ဍာရေးနှစ် ကုန်ဆုံးပါက နှစ်ချုပ်ကြော်ငြာလွှာကို ထပ်မံ တင်သွင်းမည်ဟု သိရသည်။ “လုပ်ငန်းရှင်တွေ အနေနဲ့ ကုန်သွယ်လုပ်ငန်းခွန် တင်သွင်းတဲ့အခါမှာ တင်သွင်းငွေ ခြားနားချက်တွေ ရှိလာရင် ထပ်ပြီးပေးဆောင် သွားရမယ်။ ပေးဆောင်မှု ပျက်ကွက်ရင် ပေးဆောင်ရမယ့် အခွန်ရဲ့ ၁၀ ရာခိုင်နှုန်းကို ဒဏ်ငွေအဖြစ် သတ်မှတ်ပေးသွားရလိမ့်မယ် ”ဟု ယင်းက ထပ်လောင်း ပြောဆိုသည်။ ယင်းသို့ နှစ်ချုပ်ကြော်ငြာလွှာ တင်သွင်းရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းအလိုက် စုစုပေါင်း ရောင်းရငွေပေါ် မူတည်ကာ ပေးဆောင်သွားရမည် ဖြစ်ကြောင်း သိရသည်။ နှစ်ချုပ် ကြော်ငြာလွှာများကို ယခုလ ၃၀ ရက် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ကာ တင်သွင်းမှု ပျက်ကွက်သော လုပ်ငန်းရှင်များကို ပေးဆောင်ရမည့် အခွန်၏ ၁၀ ရာခိုင်နှုန်းကို ပေးဆောင် သွားရမည် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၁၀ ရက်နေ့ထုတ်ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Tuesday, June 08, 2010

Myanmar's military ambitions (မြန်မာနျူကလီးယား စီမံကိန်း ...) (အယ်လ်ဂျာဇီးယား ရုပ်သံစဆုံး)


ပေးပို့သူ။။ ဒီမိုဝေယံ

နျူကလီးယားသတင်းပျံ့မှုကြောင့် ကျောက်မဲမြို့၌ နအဖ ထောက်လှမ်းရေးတိုးချ ။


စိုင်းသိန်းဝင်း ဓါတ်ပုံ S.H.A.N.

Monday, 07 June 2010 20:03

သျှမ်းသံတော်ဆင့် .နအဖ စစ်အုပ်စု၏ နျူကလီးယားစီမံကိန်းသတင်း ထုတ်ဖေါ်သူ ဗိုလ်မှူးစိုင်းသိန်းဝင်း၏ ဇာတိ ကျောက်မဲမြို့၌စစ်ထောက် လှမ်းရေး အများအပြားတိုးချဲ့ချထားကြောင်း မြို့ခံများက ပြောပါသည်။

“အစတုန်းကတော့ စိုင်းသိန်းဝင်း သတင်းဘယ်သူမှ မသိဘူး၊ DVB နဲ့ အယ်လ်ဂျာဇီးယား ရုပ်သံသတင်းဌာန တို့ဆက်တိုက် ထုတ်လွင့်နေတော့ သတင်းကြီးဖြစ်သွားတာ။ အဲဒီ့က စပြီးတော့ပေါ့ ကျောက်မဲမှာ မြင်နေကျ ထောက်လှမ်းရေးတွေအပြင် ထောက်လှမ်းရေးလို့ယူဆရတဲ့ တခြားမျက်နှာစိမ်းတွေလဲ အများအပြားရောက် လာတာတွေ့ရတယ်”- ဟုကျောက်မဲမြို့ သားတဦးက ပြောပါသည်။

ယခင်အပတ်ကစ၍ နအဖ စစ်အုပ်စု၏ နျူကလီးယား စီမံကိန်းအကြောင်း နိုင်ငံခြားအခြေစိုက် သတင်းဌာနများ သို့ ဗိုလ်မှူးစိုင်းသိန်းဝင်း စတင်ဖွင့်ဟထုတ်ဖေါ်ခဲ့သည့်နောက်ပိုင်း မိခင်ဖြစ်သူအပါအ၀င် အစ်ကို အစ်မများ အားလုံး စရဖက ခေါ်ယူစစ်ဆေးခဲ့သော်လည်း ဖမ်းဆီးချုပ်နှောင်ခြင်းမရှိဟု ရန်ကုန်ရောက် သျှမ်းအမျိုးသား တဦးကဤကဲ့သို့ဆက်ပြော ပါသည်။

“စိုင်းသိန်းဝင်းက ဖခင်မရှိတော့ဘူး၊ မောင်နှမ ၄ ယောက်ရှိတယ်။ သူက အငယ်ဆုံး၊ စာအရမ်းတော်တယ်၊အထက် တန်းကို ဂုဏ်ထူးအများကြီးနဲ့ ၁၉၉၃ က အောင်တယ်၊ အခုကိစ္စအပေါ် သူ့မိသားစုကို ဖမ်းဆီးချုပ် နှောင်တာအခုထိ မရှိသေးဘူး၊ သူ့အိမ်ဝန်းကျင်မှာတော့ ထောက်လှမ်းရေးတွေအချိန်ပြည့်ဘဲ”

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲဇာတိ ဗိုလ်မှူးစိုင်းသိန်းဝင်းသည် တပ်မတော် နည်းပညာသက္ကသိုလ်ကျောင်းပြီး သည့်အပြင် ရုရှားမှ ဒုံးပျံ အင်ဂျင်ဆိုင်ရာဘွဲ့လည်းရရှိခဲ့သည်။ မကွေးတိုင်း မြိုင်မြို့နယ် လျှို့ဝှက် စစ်လက်နက် ထုတ်လုပ်ရေးစက်ရုံ ဒု စက်ရုံမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ စစ်သက် ၁၅ နှစ်တာဝန်ထမ်းကာ ယခုနှစ် ဖေဖေါ်ဝါရီလက ထိပ်တန်း လျှို့ဝှက် စာတမ်းနှင့် အတူ နျူကလီးယား လက်နက် တည်ဆောက်ရေး စီမံကိန်းဆိုင်ရာ သက်သေ ပစ္စည်းများယူဆောင်၍ ပြည်ပသို့ တိမ်းရှောင်ခိုလှုံခဲ့သည်။
သတင်းမှတ်တမ်း ။http://pnsjapan.blogspot.com/ မူရင်း www.mongloi.org

Monday, June 07, 2010

တရုတ်ကဆော်လိုက် ကုလားကဆော်လိုက် နအဖက အိပ်ကပ်ထဲ ထည့်လိုက်၊ ကုန်ပါပြီ မြန်မာပြည်

မြန်မာ့ စွမ်းအင်ကဏ္ဍ ဝေစုသစ်များ ရယူနိုင်ရန် အိန္ဒိယကုမ္ပဏီများ ပြင်ဆင်
အိန္ဒိယနိုင်ငံရှိ စွမ်းအင်ကုမ္ပဏီများသည် မြန်မာနိုင်ငံစွမ်းအင် ဖော်ထုတ် အသုံးချရေး ကဏ္ဍတွင် ဝေစုသစ်များ ရယူနိုင်ရန် ပြင်ဆင် စီမံလျက် ရှိကြောင်း အိန္ဒိယနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီးတစ်ခု ဖြစ်သော Oil India မှ ဦးဆောင်ညွှန်ကြားရေးမှူး အန်အမ်ဘိုရားက သတင်း ထုတ်ပြန် သည်။ မြန်မာနိုင်ငံတွင် တူးဖော် အသုံးပြုရခြင်း မရှိသေးသော သဘာဝဓါတ်ငွေ့ ပမာဏကုဗပေ ၁၉ ထရီလီယံခန့် ရှိနေခြင်းသည် အိန္ဒိယရေနံနှင့် ဓါတ်ငွေ့ ထုတ်လုပ်ရေးကု မ္ပဏီများ အတွက် မက်လုံးတစ်ခု ဖြစ်နေကြောင်း၊ နိုင်ငံပိုင် GAIL နှင့် ONGC ကုမ္ပဏီတို့သည် မြန်မာနိုင်ငံ ကမ်းလွန် ရေနံနှင့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်မှုနယ်ပယ်တွင် ရင်းနှီးမြှပ်နှံ ဆောင်ရွက်နေသော်ငြား လက်ရှိလုပ်ငန်း ဆောင်ရွက်နိုင်မှု အတိုင်းအတာသည် ရည်မှန်းချက် ပြည့်စုံနိုင်သည့် အနေအထားမရှိဟု မိမိတို့ယူဆကြောင်း၊ ထို့ကြောင့် မိမိတို့ကုမ္ပဏီများသည် မြန်မာနိုင်ငံ စွမ်းအင်နယ်ပယ်တွင် ရင်းနှီး မြှပ်နှံမှုများ တိုးချဲ့ ပြုလုပ်သွားရန် စီမံပြင်ဆင်နေကြောင်း အန်အမ်ဘိုရားက အိန္ဒိယမီဒီယာများသို့ ပြောကြားသည်။ GAIL နှင့် ONGC ကုမ္ပဏီ တို့သည် မြန်မာနိုင်ငံ ကမ်းလွန် စွမ်းအင်လုပ်ကွက်များ၌ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၃၃၀ အထိ ရင်းနှီးမြှပ်နှံရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ မြန်မာ-အိန္ဒိယ ရေနံ၊ ဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းတစ်ရပ် အမြန်ဆုံး အကောင်အထည် ပေါ်လာရေးသည် မိမိတို့၏ ပဓာန ရည်မှန်းချက် တစ်ရပ်ဖြစ်ကြောင်း အဆိုပါ ဦးဆောင်ညွှန်ကြားရေးမှူးက ဆိုသည်။ အိန္ဒိယ အစိုးရအနေဖြင့် နိုင်ငံပြင်ပရှိစွမ်းအင် နယ်ပယ်များတွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ရင်းနှီးမြှပ်နှံရန် ဆွေးနွေး သဘောတူထားပြီး ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

Friday, June 04, 2010

ခေတ်မှီတိုးတက်သောဒို့ မြန်မာနိုင်ငံတွင်နေရောင်ခြည်လျှပ်စစ်စွမ်းအင်သုံးစွဲသူများ

မြန်မာနိုင်ငံ အတွင်း လျှပ်စစ် ဓာတ်အား မလုံလောက် မှုကြောင့် နေရောင်ခြည် ဆိုလာ စနစ်သုံး လျှပ်စစ် ထုတ်လုပ် အသုံးပြု မှုများ ယခုနှစ်ပိုင်းတွင် ပိုမို များပြား လာကြောင်း ပြည်တွင်း ဆိုလာ ကုမ္ပဏီ များက ဆိုသည်။ ဆိုလာ စနစ်သုံး လျှပ်စစ် ထုတ်လုပ် သုံးစွဲ မှုတွင် ရန်ကုန်၊ မန္တလေး စသော မြို့ကြီးများထက် နယ်မြို့ များတွင် အများဆုံး အသုံးပြုလျက် ရှိသည် ဆိုသည်။ ဆိုလာပြား မှ တစ်ဆင့် နေရောင်ခြည် စွမ်းအင်ဖြင့် လျှပ်စစ် ထုတ်လုပ်မှုမှာ ပျက်စီး ချို့ယွင်း နိုင်သော အစိတ်အပိုင်း နည်းပါးခြင်း၊ ဆူညံမှု မရှိခြင်း၊ နေရောင်ခြည်သာ လိုအပ်၍ အခြား လောင်စာ မလို အပ်ခြင်း နှင့် လျှပ်စစ် ရရှိမှု အားကောင်းခြင်း တို့ကြောင့် သုံးစွဲသူ ပိုမို များပြား လာခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆိုလာ စနစ်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် ဆိုလာပြား၊ အင်ဗာတာ၊ ဘက်ထရီ တို့သာ လိုအပ်ပြီး အိမ်သုံး လျှပ်စစ် ပစ္စည်းများပါ အသုံးပြု နိုင်ရန် ပြုလုပ် တပ်ဆင်ပါက ကျပ် ၁၀ သိန်း ဝန်းကျင်ခန့် ကုန်ကျ နိုင်ကြောင်း ဆိုလာပြား ရောင်းချသည့် ကုမ္ပဏီမှ သိရကြောင်း Favourite News Journal တွင် ဖော်ပြ ထားသည်။


solar system electric

တပ်မတော်အတွင်းသို့ ရောက်ရှိသွားသော အသက် (၁၈)နှစ်အောက် ကလေး သူငယ်များအား မိဘ အုပ်ထိန်း သူများထံ ပြန်လည် အပ်နှံနိုင်မှု တစ်နှစ်အတွင်း ဦးရေ ၁၀၀ ရှိခဲ့ (နဲတာပေါ့နအဖရယ်)

 
A child soldier wearing a Burmese army uniform (Photo: Yuzo/The Irrawaddy)

တပ်မတော်နှင့် ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးအကြား ပူးပေါင်းဆောင်ရွက်နိုင်မှုကြောင့် တပ်မတော်အတွင်းသို့ ရောက်ရှိ သွားသော အသက် (၁၈)နှစ်အောက် ကလေးသူငယ်များအား အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံနိုင်မှု တစ်နှစ်အတွင်း ဦးရေ ၁၀၀ ရှိခဲ့ကြောင်း ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ရုံးမှ သတင်းရရှိသည်။ “အယောက် ၁၀၀ မြောက် ဖြစ်တဲ့ ကလေး တစ်ဦးကို မေလ ၂၆ ရက်နေ့က အုပ်ထိန်းသူထံ ပြန်လည်အပ်နှံနိုင်ခဲ့ပါတယ် ” ဟု ရန်ကုန်မြို့ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရုံးမှ ဆက်သွယ်ညှိနှိုင်းရေး အရာရှိ စတိ(ဖ်)မာရှယ်က မေလ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။ (မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ(လိမ်စဉ်ဥပဒေ)၊ အမိန့် ညွှန်ကြားချက်များအရ အသက်(၁၈)နှစ်အောက် ကလေးသူငယ်များ တပ်မတော်အတွင်းသို့ စုဆောင်းမှုကို တားမြစ်ထားကြောင်း သိရသည်။) မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရေး အသိပေးပညာပေး သင်တန်းများကို ပို့ချလျက် ရှိကြောင်းနှင့် သင်တန်းပြုလုပ်ရခြင်းမှာ တပ်သားသစ်များ စုဆောင်းရာတွင် လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်ကျစွာ ဆောင်ရွက်နိုင်ရန်နှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကြိုတင်ကာကွယ်ရန် ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇွန်လ ၄ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
 UN မှ ၂၀၀၈ခုနှစ်အထိ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ၁၈နှစ်အောက်ကလေးစစ်သား ၇၀၀၀၀ကျော်ရှိ ကြောင်း၊ ယခုပြန်လည်အပ် နှံသည့် အရေအတွက်နှင့်ဆိုမပြောလောက်တဲ့အရေအတွက်ဖြစ်ပါတယ် ။။

ပြောင်းရင်ပြောင်း မပြောင်းရင်မီးရှို့မှာနော်..ဘာမှတ်လဲ


သီရိမင်္ဂလာ ဈေးသူဈေးသား များ နှင့် အာဏာပိုင် တို့ ၏ အခြေအနေတင်းမာ မှု အထွတ် အထိပ် ရောက်နေ

သီရိမင်္ဂလာဈေးတွင် သစ်သီးဝလံရောင်းချသည့် မိသားစု REUTERS/Sstringer (MYANMAR)
ကျွန်တော် တို့ ဘယ်နည်းနဲ့ မှ ဒီနေရာ ကနေ ဖယ်မပေး နိုင်ဘူး ။ဟိုအရင် ဗွက်တောကတည်း က ကျွန်တော်တို့ က ဒီနေရာ မှာ ရောင်းလာတာ ဟု သီရိ မင်္ဂလာ ဈေးမှ ရာသီပေါ် သစ်သီး သစ်နှံ ရောင်း သူ တစ်ဦး က Freedom News Group သို့ ပြောသည်။
သီရိမင်္ဂလာ ဈေးဟု မဖြစ်ခင် မော်တင် ဈေး ဘ၀ကတည်းက ကုန်ခြောက် ရောင်းလာသူ တစ်ဦးက
ကျွန်တော်တို့ ဒီဈေးပြောင်းရမယ် ဆိုတာ သတင်းကြားနေတာ ကြာပြီ နိုင်ငံခြား သတင်း ဌာန
တွေကလည်း ပြောတာ ရေဒီယို မှာကြားတယ် ။ ဒါပေမယ့် ပြည်တွင်း ဂျာနယ် တွေ စာနယ် ဇင်း သမားတွေ က မပြောင်း
ရဘူးတို့ ကောလ ဟာ လ ဆိုပြီး ဖော်ပြတော့ ကျွန်တော်တို့ ဘာမှ ပြင်ဆင် ချိန် မရလိုက်ဘူး ဈေးပြောင်း
တဲ့ ဆိုတာ ဘတ်(စ)ကား ပြောင်းစီး သလို လုပ်လို့ ရတာ မဟုတ် ဘူး ဖောက်သည် နဲ့  ကုန်သည် လာဖို့ 
အဆင်ပြေ မှ ရမှာ အခု ပြည်တွင်း ဂျာနယ် တွေ ကြောင့် ကျွန်တော်တို့ ဒုက္ခရောက်ပြီ မြန်မာ ဂျာနယ်တွေ
ကို မယုံတော့ ဘူး
ဟု ပြောသည်။

သီရိမင်္ဂလာဈေး ပြောင်းရွှေ့ ရမည့် သတင်းမှာ ကောလ ဟာလ သာဖြစ်ဟု ဖော်ပြထားသည့် ဧပြီလ ထုတ် မြန်မာပို့ စ်ဂျာနယ် (ထိုသတင်းကြောင့် ဈေးသူ၊ဈေးသားများ မှ ပြင်ဆင်ချိန် မရလိုက် ဟု သိရသည်)
ရန်ကုန်တိုင်း ကြည့်မြင်တိုင် မြို့ နယ် ကမ်းနားလမ်း တွင် ဖွင့်လှစ် ထားသည့် သီရီမင်္ဂလာဈေးကြီး အား ယခုလ  ၂၈ ရက်နေ့ က စည်ပင်
ဈေး များဌာနမှ ဌာနမှုး ဦးတင်ကိုကို နှင့် အဖွဲ့ က လာရောက်ပြီး လှိုင်မြို့ နယ် ပိတောက်ချောင်း သို့ ပြောင်းရွှေ့ ရမည် ဟု လာရောက် အမိန့် ပေးသွား သည် ။
ယခု ဈေးသစ် သည် ဈေးဟောင်း အဟောင်းအား  ဖျက်သိမ်းပြီးနောက်  ၁၉၉၈ ခုနှစ် တွင် ပြန်လည်ဖွင့်လှစ်
ခဲ့သည့် ငါးထပ် အဆောက်အဦ ဖြစ်သည်။
သီရိမင်္ဂလာ ဈေး ၊ဈေးသူ ဈေးသား အများစု က ထိုဈေးမှ မရွှေ့ ပြောင်း လိုကြခြင်း သည့် ဈေးသစ်
တည်ဆောက် ချိန်က ၎င်းတို့ ၏ ငွေကြေးများ ထည့်ဝင်ထားရ ပြီး၊ဈေးသည် အများစု သည် ဈေးအနီး
တွင် ပင် လာရောက်အခြေအချ နေထိုင်သူများ ဖြစ်သောကြောင့် ထိုနေရာမှ ပြောင်းရွှေ့ ခြင်း မပြုလို
ကြခြင်းဖြစ်သည်။
သီရီမင်္ဂလာ ဈေး စတင် ဖွင့် လှစ် သည့် ၁၉၈၉ ခုနှစ် ကတည်းက ဈေးရောင်း လာသူ တစ်ဦးက
ဒီလိုမျိုး သူတို့ လုပ်ချင်တိုင်း လုပ်လို့ မရဘူး ဒီနေရာ ကနေ တဖ၀ါး မှ မရွှေ့ ပေး နိုင်ဘူး ဟု ပြောသည်။
အလုံမြို့ နယ်အောက်ကြည့်မြင့်တိုင်လမ်းတွင် နေထိုင်သူ တစ်ဦးက မူ သီရိ မင်္ဂလာဈေးက လက်ရှိ
အနေအထား ဆိုရင် မြို့ ပြ အင်္ဂါ နဲ့ မကိုက်တော့ ဘူး နောက်တစ်ခုက အနယ်နယ် အရပ် ရပ် က လူတွေ
ဈေးပွဲစားတွေ ၊ ကုန်စိမ်း သမားတွေ စုံတော့ စရိုက်လဲ စုံတယ် ၊ရာဇ၀တ်မှုတွေ လည်း ရှိတယ်။ ခဏ
ခဏ ညဘက်ဆို ရင် ရိုက်မှု ၊လုယက်မှု တွေဖြစ်တယ် ဟု ပြောသည်။
သီရိမင်္ဂလာ ဈေးသည် ရန်ကုန်မြို့  ၏ အဓိက ကုန်စိမ်း လက်ကားဈေးကွက် ဖြစ်ပြီးအနယ်နယ်အရပ်ရပ်
မှ ကုန်စည် များ ရန်ကုန် မြို့ သို့ စီးဝင်ရာ ဖြစ်သည်။
သီရိမင်္ဂလာ ဈေး သို့ ရန်ကုန် မြို့ မည် သည့် နေရာ မှ မဆို ခရီးသည်တင် ကားများ ဖြင့် သွား နိုင် အောင်
စီစဉ် ထားပြီး ၂၄ နာရီ ပြေးဆွဲပေးထားသည်။
သီရိ မင်္ဂလာဈေး သူ ဈေးသား များ က ပြောင်းရွှေ့ မှု အတွက် ထပ်မံ ငြင်းဆန် လျှင် သက်ဆိုင် ရာ
အာဏာ ပိုင်များ က အတင်းအဓမ္မ ပြောင်း ရွှေ့ ခိုင်းမည် ဟု သိရသည်။
 သတင်း FDNGမှ

Wednesday, June 02, 2010

ဝေဖန်သူ ရဲ့ အဓိပ္ပါယ်


“ လောကမှာ လူတွေက ဒီလို ရှိတယ်ကွ။ မင်း ဘောလုံးပွဲ ကြည့်ဖူးလား။ ”

“ ဟုတ်ကဲ့။ ကြည့်ဖူးပါတယ်။ ”

“ ဘောလုံးသမားတွေ ဘယ်လောက် အင်တိုက် အားတိုက် ကြိုးစားကစားကြလဲ တွေ့တယ် မဟုတ်လား။ ”

“ ဟုတ်ကဲ့။ ”

“ သူတို့ ဘယ်လို ကစားပါ့မယ်။ ဘယ်လို ကစားပါတယ် ဆိုပြီး သူတို့ သူများကို ပြောဖူးလား။ ”

“ မပြောကြပါဘူး။ ကြိုးစား ကစားမယ်ပဲ ပြောကြပါတယ်။ ”

“ အေး. . ဟုတ်တယ်။ သူတို့ ပွဲအခြေအနေပေါ်မူတည်ပြီး အင်အားကို ညှစ်ထုတ်ပြီး ကစားကြတယ်လေ။ ”

“ ဟုတ်ပါတယ်။ ဒီလိုပါပဲ။ ”

“ မင်း. . ဘောလုံးပွဲ ဝေဖန်သူ တွေ ဘောလုံးပွဲ မကစားခင် ၊ ဘောလုံးပွဲကစားပြီးမှာ ဝေဖန်တာတွေကိုရော နားထောင်ဖူးလား။ ”

“ ဟုတ်ကဲ့ . .နားထောင်ဖူးပါတယ်။ ”

“ ဘယ်လိုနေလဲ။ ”

“ ဘယ်လိုနေလဲ ဆိုတော့ သူတို့က လက်ရှိ အသင်းရဲ့ လူစာရင်းတွေ အဖြစ်အပျက်တွေကို ခြုံပြီး လေ့လာသုံးသပ် ဝေဖန်တာပါ။ ”

“ ဟုတ်ပြီ။ သူတို့ ပြောသလို အပြင်မှာ တကယ် ဖြစ်လာခဲ့ရဲ့လား။ ”

“ ဒါကတော့ ပြောရခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘောပွဲဆိုတာ ဘာမှ အတိအကျပြောလို့ရတာမှ မဟုတ်တာ။ ကိုယ်က ဒီလို ထင်ထားပေမဲ့ တကယ်ကန်တဲ့ အခါမှာ ဖြစ်ချင်မှ ဖြစ်လာတာလေ။ ”

“ ကောင်းတယ် မှန်တယ်။ ဘောပွဲအပြီးမှာရော သူတို့ ထပ်ပြီး ဘောလုံးပွဲကို ဝေဖန်ကြတယ်လေ။ သူတို့ ဝေဖန်တာတွေ မှန်နိုင်လား။ ”

“ ဒါကတော့ သူတို့ အမြင်တွေပါပဲ။ ဥပမာ ဘောလုံးလွဲသွားတယ် ဆိုပေမဲ့ ဘယ်ဘောသမားကမှ ဒီဘောလုံးကြီးကို လွဲစေချင်မှာ မှ မဟုတ်တာ။ အခြေအနေအရသာ လွဲချော်သွားတာ။ ”

“ ဒါပေမဲ့. . ဒီလို ဝေဖန်နေတဲ့ သတင်းကဏ္ဍက ပုဂ္ဂိုလ်တွေက အရင်က ဘောလုံးနဲ့ ပတ်သတ်ပြီး တကယ်ကို ကျွမ်းကျင်ခဲ့သူများပဲ မဟုတ်လား။ ”

“ ဟုတ်ပါတယ်။ သူတို့ဟာ အရင်က ဘောလုံးသမားတွေလည်း ဖြစ်ခဲ့ကြတယ်။ ဘောလုံးနည်းပြ ဆိုသူတွေလည်း ပါတယ်။ ”

“ မှန်တယ်ကွာ။ ငါ အခု မေးလိုက်ပေမဲ့ . . မင်း ပြန်ဖြေတဲ့ အထဲမှာ မင်းဖာသာ အဖြေပြန်ပါသွားပြီပဲ။ တကယ်တော့ ဝေဖန်တယ် ဆိုတဲ့ “ ဝေဖန်သူ ” တွေက သူတို့ မလုပ်နိုင်တော့တဲ့ အရာကိုမှ ပြောနေကြတာပါပဲ။ ဘောလုံးသမားတွေကို ကြည့်လေ အရင်က သူ ကန်နိုင်နေတုန်းမှာ သူက ဘာကို ဝေဖန်နေလို့လဲ သူ့ဖာသာပဲ တစ်နေ့ထက် တစ်နေ့ တိုးတတ်အောင် ကြိုးစားတယ်။ နောက်တော့ သူလည်း မကန်နိုင်တော့ရော သူများ ကန်တာကို ဝေဖန်တော့တာပဲ။

လောကကြီးမှာလည်း ဒီလိုပဲ ကိုယ်လုပ်နိုင်တဲ့ အလုပ်ကို လုပ်နေရရင် သူများကို ဝေဖန်ဖို့ အချိန်မရှိဘူး။ ကိုယ့်မှာ သူများတွေလို မလုပ်နိုင်တော့ဘူး(အသုံးမကျတော့ဘူး)ဆိုရင်တော့ သူများတွေ လုပ်နေတာကို ဝေဖန်တော့တာပါပဲ။

ဒါလေးကို မင်းသဘောပေါက်ထားရင် ဝေဖန်တယ်ဆိုပြီး ခေါင်းစဉ်တပ် ပုတ်ခတ်ပြောဆို လာသူတွေကို ပြုံးပြီး မင်းက ဘာမှ မလုပ်နိုင်တော့ဘူးနော် ဆိုတဲ့ အသိနဲ့ ခံစားကြည့်နိုင်လာလိမ့်မယ်။ ငါပြောချင်တာက ဒါပါပဲ။ ”

ကိုယ့်ယုံကြည်ရာ ကိုယ်လုပ်သင့်လုပ်ထိုက်တာကိုဆက်လုပ်ပါ။ အချိန်တန်ရင် ဒီလူတွေမောသွားမယ်
ကိုဇော်ကိုကျေးဇူးတင်ပါတယ်