Saturday, July 31, 2010

မတရားသည့်၂၀၁၀ရွေးကောက်ပွဲဥပဒေကန့်ကွက်ခြင်းနှင့်၊မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၈၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနား ဓါတ်ပုံနှင့်ရုပ်သံ မှတ်တမ်း

Type your summary here. Type the rest of your post here. ရုပ်သံမှတ်တမ်းများဆက်လက်ကြည့်ရှူ့လိုပါက ၃၀-၀၇-၂၀၁၀ နအဖ စစ်အုပ်စု၏ မတရားသည့် ရွေးကောက်ပွဲ ဥပဒေများ ကန့် ကွက်ဆန္ဒပြခြင်းနှင့် မေ ၃၀ ဒီပဲယင်း လုပ်ကြံမှု ကြီး (၈၆)လ ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ရှိနဂါဝါရှိ မြန်မာသံရုံး (အခွန်ရုံး) ရှေ့တွင် ဒီကနေ့ နေ့လည် ၃နာရီမှ၎နာရီအထိ ကျင်းပခဲ့ပါသည်။ဂျပန် ရောက် ဗမာပြည်သူပြည်သားများ တိုင်းရင်းသားညီအကိုမောင်နှမများ အဖွဲ့စည်းအသီးသီးမှညီအကိုမောင်နှမများ ပူပေါင်းပါဝင်ကြရာ အယောက် ၁၃၀ကျော်ခန့် တက်တက်ကြွကြွပူးပေါင်း ပါဝင်ခဲ့ပါသည်။ ဓါတ်ပုံ-ဗွီဒီယို မှတ်တမ်း။ ။ကေသီသိန်း

Wednesday, July 28, 2010

ရင်ဖော်ဂိုဏ်း၊ ချက်ပေါ်ဂိုဏ်း၊ ကျောပြောင်ဂိုဏ်း၊ မြီးညှောင်ရိုးဂိုဏ်း၊ စကတ်တိုဂိုဏ်း၊ ဘောင်းဘီတိုဂိုဏ်း များမြန်ပြည်တွင်လှုပ်ရှား

 
အရှောင်အတိမ်း ဂျက်စီဂျိမ်းစ်၊ ကျွန်တော်တို့ ငယ်စဉ်က လွတ်လပ်ရေးကြီးရပြီးစမှာ မြန်မာ ဇာတ်ကားတွေ ဆိုလည်း ထိုးခန်း၊ ကျိတ်ခန်း၊ စတန့်ခန်းတွေ ခေတ်စားသည်။ အင်္ဂလိပ်ကားတွေဆိုလည်း စစ်ကား ရယ်၊ နွားကျောင်းသား Cow Boy ကားတွေရယ်သာများသည်။
ရုပ်ရှင်တို့ ထုံးစံအတိုင်း တိုက်ကြ၊ ခိုက်ကြ၊ ထိုးကြ၊ ကျိတ်ကြရင်လည်း ဇာတ်လိုက် ကနိုင်သည်။ ပစ်ကြ၊ ခတ်ကြသော ကားဆိုလျှင်လည်း လူဆိုးပစ်သော ကျည်ကို ဇာတ်လိုက်က ရှောင်နိုင်သည်၊ ဇာတ်လိုက်က ပစ်လိုက်မှဖြင့် လူဆိုးခမျာသေရှာရော။ နာမည်ကြီး ဇာတ်လိုက်ထဲမှာ ဂျက်စီဂျိမ်းစ် တစ်ယောက်ပါပါသည်။
ထိုထိုသော ဇာတ်လိုက်ကျော်တို့ထံမှ မြန်မာတို့ လူမှုနယ်ပယ်ကို ဆွဲယူလာသော စကားက ''အရှောင်အတိမ်း ဂျက်စီဂျိမ်းစ်'' ဟူ၍ ရေပန်းစားလာသည်။ လူ့လောက၊ လူ့နယ် ပယ်အသီးသီးမှာ လည်သလိုရှောင်သူတို့ လွတ်သောသရုပ်ကို တင်စားခဲ့ကြသော ကာရံနဘေလေးနှင့် မွေးစား စကားလေး ဖြစ်လာသည်။
စစ်ကြိုခေတ်က ဝံသာနုတို့ လှုပ်ရှားသောအချိန်မှာ အင်္ကျီပါးဝတ်သူ အမျိုးသမီး များကို ရဟန်းပြည်သူလူထုအတော်များများက ရှုတ်ချခဲ့ကြသည်၊ ကဲ့ရဲ့ခဲ့ကြသည်၊ ဆန့်ကျင်ခဲ့ကြသည်။
စစ်ကြီးလည်း ပြီးရော ပထမဦးစွာ သတိပြုမိသည်က လေထီးစပိုး အင်္ကျီများခေတ် စားလာသည်။ စစ်အတွင်းက လေထီးများကိုစု၍ဝယ်သည်။ လှောင်ထားသည်။ စစ်ကြီး ပြီးသောအခါ လေထီးပိုးစများကို ဖြတ်၍ ရောင်းကြသည်၊ အမျိုးသမီးတွေဝယ်ကြ၊ ချုပ်ဝတ်ကြသည်။
သည့်နောက် လွတ်လပ်ရေးနှင့်အတူ ပေါ်လာသော O-G-L (ခေါ်)သွင်းကုန်လိုင်စင် ခေတ်ဖြစ်လာသည်။ စက်ရုံတွေ ထောင်ကြသောအခါမှာ နိုင်လွန်စက်ရုံတည်သည်။ နိုင်လွန် စ ပါးပါးတွေကို ကိုယ်လုံးလှသူတို့ တိုတိုကျပ်ကျပ် ချုပ်ဝတ်ကြသည်။ နိုင်လွန်ခေတ်မှာပင် 'မှန်နိုင်လွန်'ပေါ်လာသည်။ ဝတ်ထားသူ၏ အတွင်းခံဇာဘော်လီမှ အတွန့်လေးများပင် မြင်ရသည်။ တိုတိုကျပ်ကျပ် ဝတ်သူတို့၊ အသားဖြူသူဆိုလျှင် အင်္ကျီဝတ်ထား မှန်းမသိရ။ အတွင်းခံဘော်လီချည်း ဝတ်လာသလားထင်ရအောင် ပါးလွှာလွန်းလှသော မှန်နိုင်လွန်တွေ အရောင်းသွက်ခဲ့သည်။
ထိုအချိန်မှာ အထိုးအကျိတ် အသတ်အပုတ် ဇာတ်ကားများအတွက် ရေပန်းစားလာသည်က ရေကူးဝတ်စုံနှင့် ရိုက်ကူးသော ကားများဖြစ်သည်။ မင်းသမီး Estha Willians သော Bathing Beauty ဇာတ်ကားဆိုလျှင် ကျိတ်ကျိတ်တိုး စည်ကားခဲ့သည်။
လွတ်လပ်သော နိုင်ငံပီပီ ကြံ့ခိုင် သန်စွမ်းသော လူမျိုးဖြစ်ဖို့ အားပေးမှုများ ရှိလာသည်ဟုဆိုရမည်။ မောင်ဗမာ၊ မယ်ဗမာပြိုင်ပွဲတွေ ကျင်းပသည်။ မောင် ဒဂုံ မယ်ဒဂုံ။ ရွှေမန်းမောင်၊ ရွှေမန်းမယ် အစ မြို့တိုင်းမှာ ကျင်းပကြသည်။
ကိုယ်ကာယ ကျန်းမာကြံ့ခိုင်သန် စွမ်းမှုအလှပြရသော ပြိုင်ပွဲဖြစ်၍ အရှိကို အရှိအတိုင်း ပြရသည်။ မောင်တွေက Suspendar ခေါ် ဘောင်းဘီပေါင်ပြတ် လေးနှင့်ကြွက်သားကြီးတွေ အဖုအထစ် ကြွကြွလှလှကို ပြရသည်။
မယ်တွေကလည်း Swimming Costume ခေါ် ရေကူးဝတ်စုံ အပါးလေးများဝတ်၍ ကိုယ်ကာယ တကယ့်အလှကို ပြကြသည်။ လမ်းလျှောက်ပြသည်။ ရှေ့မှဘေးမှ နောက်မှ မြင်ကွင်းကိုယ်ဟန် အလှပြကြရသည်။ ဒိုင်လူကြီးများက လမ်းလျှောက် စင်မြင့်ရှေ့မှထိုင်၍ ပရိသတ်နှင့်အတူ ကြည့်ခါ အမှတ်ပေးရသည်။
ထိုထိုသော ကိုယ်ကာယအလှ ပြိုင်ပွဲများကို တစ်ခေတ်တစ်ခါမှာ ပုံစံပြောင်းလိုက်သည်။ ပြိုင်ပွဲဝင်မယ်လေးများကို လူဗိုလ်ပုံအလယ်မှာ ရေကူးဝတ်စုံနှင့် ကိုယ်ဟန် အလှပြခွင့် မပြုတော့ဘဲ အခန်းထဲမှာသာ အမျိုးသမီးဒိုင်များချည်း သီးသန့်ကြည့်ရသည်။ ကိုယ်ကာယ အတိုင်းအထွာတွေ ယူရသည်။ ရင်၊ ခါး၊ တင်ပါး၊ ပေါင်တန်၊ ခြေ သလုံး၊ အသေးစိပ်မှတ်ရသည်။ လူရှေ့ သူရှေ့မှာတော့ အင်္ကျီလက်ပြတ် ကိုယ်ကြပ်နှင့် ထမီ ပျော့ပျော့ပါးပါးနှင့် ကိုယ်လုံးကိုမြင်သာအောင် ဝတ်ဆင်လျက် ကိုယ်ဟန်ပြရသည်။ လမ်းလျှောက်ပြရသည်။
နှစ်တွေပင် ကြာခဲ့ပြီ။ ယနေ့ထက်တိုင်ဖြစ်သည်။
ယဉ်ကျေးမှုထိန်းသိမ်းရေးအဖြစ် စည်းကမ်းတွေပြင်ခဲ့သည်။ မောင်နှင့်နှမ၊ သားနှင့်အမိ အတူမကြည့်သင့်ဟု ဟီရိသြတပ္ပ ထိန်းရေးကြပ်မတ်ခဲ့သည်။
သို့သော် ရေပူသည် အမြဲစီးနေမြဲဖြစ်သည်။ စီးလာသောရေကို တားထားလျှင် နိမ့်ရာပါးရာကို ရှာ၍ တိုးထွက်တတ်သည်ကို လူတိုင်းသိသည်။
 လွန်ခဲ့သော ငါးဆယ့်တစ်နှစ်က မြဝတီမဂ္ဂဇင်းတွင် အလှမယ် နော်လွီဇာဘင်ဆင် ကိုယ်လုံးပြဟန်ကိုလည်း ဖော်ပြထားသည်။ ရေကူးဝတ်စုံကို ဝတ်ထားသည်။ ခြေစုံရပ်၍ ရိုးရိုးမတ်တပ် ရပ်နေသည်။ လက်တစ်ဘက်ကိုမြှောက်ကာ ကျန်လက် တစ်ဘက်က ခါးထောက်ထားသည်။ ကိုယ်နေဟန်ထား အလှတွေပေါ်လာသည်။
ယနေ့ခေတ်ကာလမှာ ဟိုတစ်ချိန်ကလို ရေကူးဝတ်စုံနှင့် ကာယအလှမယ်တွေ ကိုယ်ဟန်ပြပုံတွေ ခွင့်မပြုတော့သော်လည်း ပြင်ပမှ ယဉ်ကျေးမှုတွေ မုန်တိုင်းဆင် ဝင်ရောက်လာသည်။ အချို့ဂျာနယ်များ၊ ကွာလတီမဂ္ဂင်းများတွင် ကြွေစက္ကူတွေနှင့် ပုံမျိုးစုံ ပါလာသည်။ မော်ဒယ်တွေ၊ သရုပ်ဆောင်တွေ၊ အဆိုတော်တွေ အရွယ်စုံ၊ ဆိုက်ဆုံပါလာသည်။
တောရွာဓလေ့ ထမီရင်လျား ထားသလိုမျိုး ရင်ဘတ်လုံရုံ အင်္ကျီလေးနှင့် ပေါင်ရင်းဖော် ကိုယ်ကြပ်ဂါဝန်လေးနှင့်၊ ပေါင်ရင်းမှခြေဖျားအထိ အသားကပ်ခြေစွပ်ရှည် (Body Glove) နှင့် ကိုယ်ဟန်မျိုးစုံ ဖော်ပြထားကြသည်။ ခြေစွပ်အနက်ဝတ်ထားကြသူများရှိသလို အသားရောင်ခြေစွပ်ရှည်များဝတ်ထားလျှင်တစ်ကယ့်အသားကဲ့သို့မြင်ရသည်။
ခါးကိုကော့ထားသည်၊ ရင်ကိုမော့ထားသည်၊ ခြေကိုခွဲ၍ရပ်သူ၊ ခြေတစ်ဖက်မြှောက် ၍ရပ်သူပုံစံစုံသည်။ အချို့အလှမယ်လေးများ ရင်သားကို ဖုံး၍၊ တင်ပါးကိုဖုံး၍၊ ဗိုက်သားကို လှပ်ထားသည်။ ချပ်ချပ်ရပ်ရပ်ဗိုက်ကိုအလှပြရင်း 'ချက်' တွင် သံကွင်းလေးတပ်ထားသူ လည်းရှိသည်။
ပေါ်ပြူလာဂျာနယ် ဆယ့်သုံးနှစ်ပြည့် အထူးထုတ်မှာလည်း ဆရာဦးဝင်းငြိမ်းက စာနယ်ဇင်းတို့ ရှင်သန်ရေးအတွက် အလှမယ်လေးတို့ ကော့ကော်ကန်ကား ပုံများနှင့် ကျား မကန်သင့်ကြောင်း ရေးသားထားသည်ကို တွေ့လိုက်ရသည်။ (၃ဝ၊၆၊၂ဝ၁ဝ)နေ့ထုတ် နံနက်ခင်း ဂျာနယ်တွင်တော့ လုပ်ငန်းသဘောအရ မြင်နေ တွေ့နေရသော ဆရာတင်သန်းဦးက သူရဲ့ရေးဟန် သွက်သွက်လေးနှင့် သရော်စာရေးထားသည်။ ရင်လျားဂိုဏ်းကား တစ်ဂိုဏ်းတည်း မဟုတ်တော့ပေ။ ရင်ဖော်ဂိုဏ်း၊ ချက်ပေါ်ဂိုဏ်း၊ ကျောပြောင်ဂိုဏ်း၊ မြီးညှောင်ရိုးဂိုဏ်း၊ စကတ်တိုဂိုဏ်း၊ ဘောင်းဘီတိုဂိုဏ်း၊ အားလုံး ပေါင်းမိနေကြလေပြီ။
စကတ်တိုကို ကြိုးပျောက်ဝတ်ကြ၏။ ရင်အထက်တွင် ဘာမှမရှိ၊ ရင်ကိုတစ်ဝက် မက ဖော်လာကြ၏၊ ချက်ကို အလယ်ဗဟိုတွင် ထားပြီး ဗိုက်သားကို ဖော်လာကြ၏။ ခါးတို ဝတ်စုံခေါ်၏၊ ချက်ကို ထင်ရှားစိမ့်သောငှာ သံကွင်းတစ်ကွင်း ဖောက်၍ စွပ်ထားသေး၏။ ဟူ၍ဖော်ပြပြီး ----
''ကလေးတွေက သူတို့ကို ကြည့်ပြီးအတုခိုးနေတာ၊ ဒါကိုလွှတ်ထားလို့ မဖြစ်တော့ဘူး''ဟု သတိပေးထားပြန်သည်။
ရေကူးဝတ်စုံနှင့် မယ်ရွေးပွဲကို ပိတ်ပင်ထားဆဲဖြစ်သည်။ သို့သော် ယခု ရန်ကုန် မြို့လယ်၊ မြို့နယ်အားလုံး၊ လမ်းမဝဲယာမှာ အရပ်သူကလေးများ ထိုပုံစံနှင့် လမ်းလျှောက်နေကြပြီ။ စတိတ်ရှိုးမှ Cat Walk လျှောက်လမ်းပေါ်မှာပင် မဟုတ်တော့ပြီ။ သည်လိုခေတ်ရေစီးကို ဘယ်လို တားဆီး ကြမည်နည်း၊ ကျွန်တော့်အိမ်မှ မြေးမလေးများကို မသက်ဆွေက တဟင်းဟင်းနဲ့ ထိန်းထားရသည်။ ဒါတောင်မှ ဈေးသွားရင်း ဝယ်လာသော စပါကက်တီခေါ် ကြိုးသေးတပ် ပုခုံးဖော်အင်္ကျီကို ဝတ်သည်၊ အဖွားကို ကြောက်ရ၍ လုံခြုံသော ဖလံနယ္အက်ႌ၊ စတုိင္အက်ႌ လက္ရွည္ပြပြကုိ လုံလုံၿခံဳၿခံဳ ထပ်ဝတ် ထားသည်။
စာရွက်ပေါ်မှ ကြော်ငြာမှမြင်သမျှ အတုခိုးဝတ်ချင်သော စိတ်ကို ရသေ့စိတ်ဖြေ စတိလေးဝတ်သည်။ ထမီရှည်ရှည်အပေါ်ဝတ် အင်္ကျီပွပွနှင့် ထပ်၍ လုံခြုံစေကြသည်။
မည်သူမှပြစရာမဟုတ်သော်လည်း စတိလေးဝတ်လိုက်ရမှဟူသော လူငယ်စိတ်ကို ကျွန်တော်စဉ်းစားနေမိသည်။
ရိုးရာယဉ်ကျေးမှုအတွက် တာဝန်ရှိသူတို့၊ လူကြီးသူမတို့ကြားမှ အလှမယ်များသည် လည်းကောင်း၊ တင်းကြပ်စွာ ထိန်းချုပ်ထားသော အဖွားရဲ့နှိပ်ကွပ်မှုကြားမှ မြေးမလေးများ သည်လည်းကောင်း၊ နောင်လာနောက်သမီးလေးများသည်လည်းကောင်း၊ အာပတ် လွတ်အောင် မည်သို့ကြံဆောင်ကြလေမည်လဲဆိုသည်ကိုတော့ တွေးကြည့်၍ မရမိသေးတာအမှန်။
မောင်ဆွေသက်
 

ပဲခူးရိုးမအတွင်းမှ တောဆင်ရိုင်းလေးကောင် ဘုရားဖူးလာရောက်

ပဲခူးရိုးမအတွင်းမှ တောဆင်ရိုင်းလေးကောင် လက်ပံတန်း၊ သာယာဝတီ၊ မင်းလှ၊ ဇလွန်နှင့် ဟင်္သာတမြို့နယ်များအတွင်း ဖြတ်သန်းဝင်ရောက်ခဲ့ လူများကို အန္တရာယ်ပြုခြင်း၊ စိုက်ခင်းများကို ဖျက်ဆီးခြင်းမပြုဘဲ အေးချမ်းစွာ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ပဲခူးရိုးမအတွင်းမှ တောဆင်ရိုင်းလေးကောင် ပါအုပ်စုသည် ဧရာဝတီမြစ်ကို ဖြတ်ကူးကာ မြစ်အနောက်ဘက်ကမ်း ဇလွန်မြို့နှင့် ဟင်္သာတမြို့ မြို့သူကြီးဘုရားအနီးသို့ ထူးထူးခြားခြား ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ ပဲခူးရိုးမအတွင်းမှ အမြင့် ၁၁ ပေရှိ ဆင်မကြီတစ်ကောင်၊ အမြင့် ၉ ပေရှိ ဆင်ထီးတစ်ကောင်၊ ဆင်မတစ်ကောင်နှင့် အမြင့်လေးပေရှိ သားပေါက်ဆင်မငယ် တစ်ကောင် စုစုပေါင်း ဆင်လေးကောင် အုပ်စုသည် ဇူလိုင်လ ၄ ရက်မှစ၍ သာယာဝတီမြို့နယ်၊ လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်များအတွင်း လှည့်လည်ဖြတ်သန်းကာ ဇူလိုင်လ ၉ ရက်ညတွင် ဧရာဝတီမြစ်ကို ဖြတ်ကူးခဲ့ကြောင်း၊ ဇူလိုင်လ ၁၀ ရက်နံနက် ၆ နာရီခန့်တွင် ဇလွန်မြို့မြစ်ကမ်းမှ မြို့ပေါ်ရှိ ဆင်တန်းရပ်ကွက်သို့ ရောက်ရှိခဲ့ကြောင်း၊ ထို့နောက် နံနက် ၉ နာရီခန့်တွင် ဟင်္သာတမြို့ဘက်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း၊ ဇူလိုင် ၁၁ ရက် နံနက် ၄ နာရီခန့်တွင်လည်း ဟင်္သာတမြို့ မြို့သူကြီးဘုရားအနီး သို့ရောက်ရှိခဲ့ပြီး ဘုရားအနီး၌ တစ်နာရီခွဲခန့် ရှိနေခဲ့ကြောင်း၊ နံနက် ၅ နာရီခွဲခန့်တွင် ဧရာဝတီမြစ်ကို ဖြတ်ကူး၍ ပဲခူးတိုင်း သာရဝေါဘက်သို့ ဆက်လက်ထွက်ခွာ သွားခဲ့ကြောင်း၊ ယင်းနောက် လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်များကို လှည့်လည်ဖြတ်သန်းပြီး ဇူလိုင်လ ၁၂ ရက် နံနက်ပိုင်းက ပဲခူးရိုးမတောနက်ထဲသို့ ရှေးရှုထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ဆင်အုပ်စုသည် တောရိုင်းဆင်အုပ်စုပင် ဖြစ်သော်လည်း ထူးခြားစွာပင် ဇလွန်မြို့ ဆန်တန်းရပ်ကွက်သို့ ရောက်ရှိပြီး ဇလွန်မြို့ မာရ်အောင်မြင် ပြည်တော်ပြန်ဘုရားကြီးကို ဦးခိုက်ပူဇော်ခဲ့သည့်အပြင် လူအများအကြား လှုပ်ရှားသွားလာခဲ့ကြောင်း၊ ပေ ၂၀ ခန့်အထိ လူများအကပ်ခံပြီး တစ်စုံတစ်ယောက်ကိုမျှ ရန်လို၊ ရန်ပြုခြင်းမရှိခဲ့ကြောင်း၊ ဟင်္သာတမြို့ မြို့သူကြီးဘုရားအနီး၌လည်း တစ်နာရီခွဲခန့် ပူဇော်ခဲ့ကြောင်း၊ ထို့ပြင် လှည့်လည်သွားလာခဲ့ရာ လမ်းကြောင်းတစ်လျှောက်တွင်လည်း စိုက်ခင်းများကို ဖျက်ဆီးမှုမရှိခဲ့ကြောင်း၊ ထိုသို့တောဆင်ရိုင်းများ ထူးထူးခြားခြား ဝင်ရောက်လာပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ အန္တရာယ်မပြုဘဲ အေးချမ်းစွာ ပြန်လည် ထွက်ခွာသွားခြင်းသည် လွန်စွာထူးခြားကြောင်း၊ ဒေသခံပြည်သူများက အံ့သြဝမ်းသာ ဝေဖန်ပြောကြား လျက်ရှိကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

အင်တာနက်တွေမပြတ်တော့ဘူးတဲ့....နှေးပဲနှေးမှာပါ

ပြည်တွင်း၌ အင်တာနက်အသုံးပြုရာတွင် ဆက်သွယ်မှု ပြတ်တောက်ခြင်းမရှိစေရန် အိမ်နီးချင်းနိုင်ငံများနှင့် ဖိုင်ဘာ ဆက်ကြောင်းများ ထပ်မံသွယ်တန်းနေကြောင်း ရတနာပုံတယ်လီပို့၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံမှ ဆက်သွယ်ထားသော နယ်စပ်ဖြတ်ကျော် ဖိုင်ဘာ ဆက်ကြောင်းများအဖြစ် မြန်မာ-တရုတ် ဖိုင်ဘာဆက်ကြောင်းခြောက်ခု၊ မြန်မာ-ထိုင်း ဖိုင်ဘာဆက်ကြောင်း ခြောက်ခုကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး လက်ရှိ မြန်မာ-အိန္ဒိယ ဖိုင်ဘာဆက်ကြောင်းနှစ်ခုနှင့် မြန်မာ-ဗီယက်နမ် ဖိုင်ဘာဆက်ကြောင်းနှစ်ခုတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။ အရှေ့တောင်အာရှအလယ်ပိုင်းနှင့် အနောက်ဥရောပနိုင်ငံများ ဆက်သွယ်ထားသော ရေအောက်ကေဘယ်လ်ကြိုး ပြတ်တောက်မှုကြောင့် ဖြစ်ပေါ်မည့် အင်တာနက်ဆက်သွယ်ရေး ပြတ်တောက်ခြင်းမျိုး ဖြစ်ပေါ်တော့မည် မဟုတ်ကြောင်း၊ ၄င်းအပြင် အင်တာနက်ဆက်သွယ်မှုလိုင်းများ ယခင်ကထက် ပိုမိုမြန်ဆန်လာမည် ဖြစ်ကြောင်း ၄င်းက ပြောပြသည်။ ယခုအခါ ဖိုင်ဘက်ကြိုးမျှင်သုံး အင်တာနက်စနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်သည်။ အဆိုပါစနစ်ကို မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်
ရတနာပုံ ဆိုင်ဘာစီးတီး၌ စတင်မိတ်ဆက်ခဲ့ပြီးနောက် ပြင်ဦးလွင်၌ စတင်ချထားပေးခဲ့ပြီး ယခုအခါ မန္တလေးမြို့၌ သုံးစွဲနေပြီဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင်လည်း ချထားပေးမည်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာဂျာနယ်တွင် ဖော်ပြထားပါသည်။

ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်သော်လည်း မီးကမှန်မှန်လာပါ့မလား ..နောက်ဆုံးတော့ တရုတ်ကြီးပဲအမြတ်ထွက်မယ်.

နော်ချမ်းခ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Yunnan Provincial Investment Holding Group Co.,Ltd. မှ Chairman Mr.BAO Minghu နှင့်အဖွဲ့သည် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမှတ်(၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ဧည့်ခန်းမ၌ (၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် စီမံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကြည်စိုး၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Yunnan Provincial Investment Holding Group Co.,Ltd. မှ President Mr.LIU Yinong နှင့် International Group of Entrepreneurs Company Limited မှ တာဝန်ရှိသူတို့က နော်ချမ်းခ ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် သဘောတူညီမှု စာချွန်လွှာ (Memorandum of Agreement) ကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များကို လျှပ်စစ်မီးပေးဝေရာတွင် ၁၉.၇.၂၀၁၀ ရက်မှ စတင်၍ တစ်ရက်လျှင် ၁၀ နာရီအထိ တိုးမြှင့်ပေးလျက်ရှိကြောင်း ရန်ကုန်မြို့တော်လျှပ်စစ်ဓါတ်အားမှ သိရသည်။ စက်မှုဇုန်များသို့ လျှပ်စစ်ဓါတ်အား ဖြန့်ဝေမှုကို ၁၆.၆.၂၀၁၀ ရက်မှစတင်၍ တစ်ရက်လျှင် ၅ နာရီနှုန်းဖြင့် အုပ်စုနှစ်စုခွဲကာ အလှည့်ကျ ပေးဝေခဲ့ပြီး တစ်လကျော်ခန့်အကြာ ၁၉.၇.၂၀၁၀ ရက်တွင် နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ တစ်ရက်လျှင် ၁၀ နာရီနှုန်းဖြင့် ဓါတ်အားဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။ “လျှပ်စစ်မီးပုံမှန် ပြန်ရလာတော့ စက်ရုံ၊ အလုပ်ရုံတွေအတွက် ပုံမှန်လည်ပတ်နိုင်လာပါတယ်။ မီးမလာတဲ့ရက်တွေမှာ မီးစက်အသုံးပြုရတာဟာ ဒီဇယ်ဆီဖိုး စရိတ်စက ကြီးလွန်းတယ်” ဟု လှိုင်သာယာစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းအတွင်းရှိ လျှပ်စစ်သုံးစွဲမှု စုစုပေါင်းအတွက် လိုအပ်သောပမာဏမှာ မဂ္ဂါဝပ် ၆၆၀ ကျော်ဖြစ်ပြီး၊ ယင်း၏ ၁၈ ရာခိုင်နှုန်း ခန့်ဖြစ်သော မဂ္ဂါဝပ် ၁၂၀ ကျော်မှာ စက်မှုဇုန်များအတွက် လိုအပ်ခြင်းဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

Tuesday, July 27, 2010

လူကုန်ကူးသူတို့ အင်တာနက် အသုံးပြုလာနေကြမှု

 
ကမ္ဘာလုံးချီ ပြောင်းလဲမှုများ အရှိန်ပြင်းစွာ ဖြစ်ပျက်နေသည့် ကာလ ဖြစ်ခြင်းကြောင့် ဆက်သွယ်ရေး နည်းပညာများနှင့် သတင်း အချက်အလက် စီးဆင်းမှု များလည်း အရှိန်အဟုန်ဖြင့် ကျယ်ပြန့် ပျံ့နှံ့နေသည်။ ထို့ အတွက်ကြောင့်လူအများအတွက် အလွယ်တကူကြည့်ရန်၊ အသုံးပြုရန်၊ တွေ့ဆုံရန်အလွန်လွယ်ကူလာစေသည်။ တရားဝင်လုပ်ငန်းများအတွက် အသုံးဝင်သလို လူကုန် ကူးသူများအတွက်လည်း ပိုပြီးတီထွင်ကြံဆ နည်း လမ်းသစ်များဖြင့်ကျူးလွန်ရန် အထောက်အကူ ပြုလျက်ရှိသည်။
အင်တာနက်သည် လူကုန်ကူးမှု ပညာ ပေးအစီအစဉ်များမှာရော၊ ထိုမှုခင်း၏ အကျိုး ဆက်များနှင့်ပတ်သက်ပြီး ကွန်ရက်တည်ဆောက် ကာ ပညာပေးဖြန့်ချိမှုမှာရော အလွန်အစွမ်းထက် သည့် ကိရိယာတန်ဆာပလာအဖြစ် အသုံးပြုလာကြ သည်။ လူကုန်ကူးမှု တိုက်ဖျက်သည့်အဖွဲ့အစည်း အချင်းချင်းသည် အင်တာနက်၏ အားသာချက်၊ အသုံးဝင်မှုတို့ကို အသုံးချပြီး တစ်ကမ္ဘာလုံး အသိမြင့် တင်ပေးမှုအတွက် ဆောင်ရွက်နေကြသည်။ အင်တာနက်ကို အသုံးပြုကာ ဥပဒေ ဘက်တော်သားအချင်းချင်း ပူးပေါင်းတိုက်ဖျက်ရာတွင် ထိုပြစ်မှု စုံစမ်းဖော်ထုတ်ကြရာ တွင်လည်း အသုံးပြုလျှက်ရှိနေသည်။
တစ်ချိန်တည်းမှာပင် ပြစ်မှုကျူးလွန်ကြသူ ကွန်ရက်များ၊ ဂိုဏ်းများသည် ¤င်းတို့၏ ဥပဒေမဲ့လုပ်ရပ်များကို ထိုနည်းပညာအသစ်အဆန်းများဖြင့်ပင် တိုးမြင့်ဆောင်ရွက်ကျူးလွန် နေကြသည်။ လူကုန်ကူးမှုများသည် ပို၍ပင်အင်တာနက်ကိုအသုံးပြုပြီး ဘဝရပ်တည်ရန် ခက်ခဲသည့်အုပ်စုများ၊ သားကောင်ဖြစ်နိုင်ချေရှိသူများတို့ကိုပစ်မှတ်ထားကြသည်။
ထို့ကြောင့် (၂ဝ၁ဝ)ခုနှစ် ဧပြီလ (၁၇)ရက်နေ့က ဘရာဇီးလ်နိုင်ငံတွင် ပြုလုပ်သော (၁၂)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ၏ မှုခင်းကာကွယ်တားဆီးရေးနှင့် တရားစီရင်ရေး ဆိုင်ရာ ညီလာခံတွင် လူကုန်ကူးမှုနှင့် သက်ဆိုင်သော အင်တာနက်အသုံးပြုမှု အကျိုးအပြစ် များကို ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲ၏ လေ့လာသုံးသပ်မှုမှာ အစိုးရများ၊ လူမှုရေး အသင်းအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအခန်း ကဏ္ဍတို့မှလည်း အင်တာနက်ကိုအသုံးပြု ကျူးလွန်သည့်မှုခင်းဟူသမျှကို ပူးပေါင်းပါဝင် တိုက်ဖျက်ရန်လိုသည်ဟု မှတ်ချက်ပေးကြသည်။
လူကုန်ကူးမှုများသည် အင်တာနက်ကို အသုံးပြုပြီး လူစုဆောင်းမှုနှင့် ¤င်းတို့၏ ဝန်ဆောင်မှုများကို ကြော်ငြာမှုတို့ဆောင်ရွက် နေကြသည်ကို သက်သေအထောက်အထား၊ လက်ဆုပ်လက်ကိုင်ပြနိုင်သည်အထိ မတွေ့ရှိရ သေးသော်လည်း ကြားသိနေရမှုတော့ ရှိနေသည်။ ထိုသို့ဖြစ်ရခြင်းမှာ ¤င်းတို့သည် အာဏာပိုင်များ၏ စုံစမ်းမှုများမှ လွတ်မြောက် ကျော်ဖြတ်ရန်ဆောင်ရွက်နေကြခြင်းကြောင့်ဖြစ် သည်ဟု ယူဆရသည်။
အချို့နိုင်ငံများမှ လူကုန်ကူးသူများသည် ယခင်က ပညာမတတ်ကြသူများ ဖြစ်ကြ သော်လည်း ယခုအခါ ပညာတတ်များဖြစ်လာကြသည့်အပြင် ခေတ်မီနည်းပညာများကိုပါ ကိုင်တွယ်သုံးစွဲလာနိုင်ကြပြီဖြစ် သည်။ ယခင်အခါများနှင့်မတူ လက်ကိုင်ဖုန်းများ၊ ဗွီဒီယို ကင်မရာများ သုံးစွဲတတ်လာခြင်း၊ အင်္ဂလိပ်စာ စကားများကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်လာနိုင်ခြင်းတို့ကြောင့် ယခင်ကထက် ကလေးများနှင့်အမျိုးသမီးများကို ခေါင်းပုံဖြတ်အမြတ်ထုတ် ရန်အတွက် ပို၍အလုပ်ဖြစ်လာကြသည်။
နိုင်ငံတစ်ခုနှင့်တစ်ခု လူကုန်ကူးသူများ၏ လုပ်ပုံလုပ်နည်း အမျိုး မျိုးကွဲပြားခြားနား လျက်ရှိကြသည်။ ထိုသို့ကွာခြားမှုသည် လူကုန်ကူးသူတို့၏ အရည်အချင်းပေါ်တွင်မူတည် သည်။ တချို့မှာပညာအရည်အချင်းမရှိသူ၊ အရည်အချင်းအနည်းငယ်သာရှိသူ၊ တချို့မှာမူ လူ့အသိုင်းအဝိုင်းမှ ရိုသေသမှုပြုရသောသူ၊ ကိုယ်ရည်ကိုယ်သွေးရှိပြီး လျှို့ဝှက်စွာ ပိပိရိရိ လုပ်ဆောင်နေသူ၊ အတွေ့အကြုံများစွာရှိသည့် ဒုစရိုက်ဂိုဏ်းဝင်ဖြစ်သူများသည် ခေတ်မီ နည်းပညာကို တစ်ဖက်ကမ်းခတ်တတ်မြောက်ကျွမ်းကျင်သူတို့ အထိရှိကြသည်။ မည်သည့် ကမ္ဘာပေါ်မှာပဲထိုပြစ်မှုကျူးလွန်သည်ဖြစ်စေ၊ မည်သည့်ပုံစံမျိုးဖြင့် ကျူးလွန်နေသည်ဖြစ်စေ၊ အားလုံးသည်ထိုနည်းပညာများကြောင့် အကျိုးအမြတ်ရရှိနေနေကြသည်။ ထိုခေတ်မီ နည်းပညာ ကြောင့်လည်း လျင်မြန်ခြင်း၊ ဈေးပေါပေါဖြင့် အမြတ်များစွာရရှိကြသည်။
လိင်မှုဆိုင်ရာ ညစ်ညမ်းဓာတ်ပုံ၊ ဗွီဒီယိုများထုတ်လုပ်ရန်ရည်ရွယ်၍ လူကုန်ကူးမှုတွင် နည်းပညာသုံးစွဲမှုများပိုတိုး၍ သုံးစွဲလာရခြင်းသည် အင်တာနက်အသုံးပြုရန် ပိုလွယ်ကူခြင်း ကြောင့်လည်းကောင်း၊ နည်းပညာဝန်ဆောင်မှုများ သက်သောင့်သက်သာ တိုးတက်ဖွံ့ဖြိုးလာခြင်းကြောင့်လည်းကောင်း နှစ်စဉ်အင်တာနက် သုံးစွဲသူဦးရေ ပိုများလာနေခြင်းကြောင့် လည်းကောင်း၊ သုံးစွဲသူ၏ အမည်ရင်း၊ ဖော်ပြရန်မလိုဘဲသုံးစွဲနိုင်ခြင်းကြောင့်လည်းကောင်း၊ အင်တာနက်မြန်နှုန်းမြင့်များများစွာပေါ်ပေါက်လာခြင်းကြောင့် လည်းကောင်း၊ လူကုန်ကူးသူများသည် အိမ်ထဲမှာ တွင်ပင် နေရာအနှံ့ဆီသို့ လှမ်းပြီးအလုပ်လုပ် နိုင်ခြင်းကြောင့်လည်းကောင်း၊ နိုင်ငံအနှံ့အပြား တွင် ချိတ်ဆက်ဆက်သွယ်ဆောင်ရွက်နိုင်သဖြင့် အာဏာပိုင်တို့ခြေရာခံရန် ခက်ခဲခြင်းကြောင့် လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့်ယှဉ်ပါက အကျိုးအမြတ်ရရှိမှုများစွာ အမြတ်များစွာရ ရှိခြင်းတို့ကြောင့် ထိုအင်တာနက်နည်းပညာကို အသုံးပြုမှုများလာရခြင်းဖြစ်သည်။
အင်တာနက်ဖြင့် သားကောင်ရှာဖွေမှုသည် လူကုန်ကူးသူအတွက် သမားရိုးကျနည်း လမ်းများထက် ပိုမိုအားသာချက်ဖြစ်စေသည်။ ကျယ်ကျယ်ပြန့်ပြန့် လူမျိုးမရွေး၊ ဘာသာမရွေး ပစ်မှတ်ရှာဖွေနိုင်သည်။ အထူး သဖြင့် ဘဝ ရပ်တည်ရန်ခက်ခဲ သည့် အုပ်စုများကို chatrooms, spam mail (သို့) internet dating များမှတစ်ဆင့် ပစ်မှတ်ရှာကြတော့သည်။
အစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတို့ ပူးပေါင်းဆောင် ရွက်မှုကပို၍ အရေးကြီးလာကြောင်းကို ပြသသလို အင်တာနက်ကို လူကုန်ကူးမှုတိုက်ဖျတ် ရေးတွင် ပိုမိုအားမြှင့်သုံးစွဲကာ လက်နက်အဖြစ်အသုံးပြုရေးနှင့် မှုခင်းကျူးလွန်ရာတွင် အင်တာနက်အသုံးပြုမှု မှန်သမျှကို တန်ပြန်တိုက်ဖျက်ပစ်ရေးတို့အတွက်ပါ အသုံးပြုရဦးမည် ဖြစ်သည်။
ဝင်းနိုင်ထွန်း
 Type the rest of your post here.

Monday, July 26, 2010

ဝါဆိုလပြည့်နေ့




ဝါဆိုလပြည့်နေ့ တွင် . .
မိဂဒါဝုန်တော၌ မြတ်စွာဘုရား ပဉ္စ၀ဂ္ဂီ ငါးဦး တို့အား
ဟောကြားတော်မူ သော တရားဦး

ဓမ္မစကြာတရားတော်မြတ်ကို နာယူနိုင်ပါ
တယ်. . .

ဓမ္မစက္ကပ္ပဝတ္တန (ခေါ်) ဓမ္မစကြာသုတ်ပါဠိတော် နှင့် မြန်မာပြန်ကို

ဓမ္မစကြာ ပါဠိတော် မြန်မာပြန်

တွင် ဖတ်ရှု နိုင်ပါသည်။

ဓမ္မစကြာ တရားတော်ကို ဘုန်းဘုန်းဦးလောကနာထ ဆီမှ ပြန်လည်ကူးယူဖော်ပြပါသည်. . .

ပုံကို ဤနေရာ မှ ကူးယူဖော်ပြပါသည်.

အားလုံးကိုချစ်ခင်လေးစားလျှက်...
ဧရာဝတီစာကြည့်တိုက်မှ ဓမ္မဒါနပြုပါသည်။
 

Sunday, July 25, 2010

စစ်တပ် စခန်းတခုအား ကရင်နီ တပ်မတော် သိမ်းဆည်း


သတင်း - ကန္တာရ၀တီတိုင်း(မ်)
စနေနေ့၊ ဂျူလိုင်လ 24 ရက် 2010 ခုနှစ်
ကရင်နီပြည် အလယ်ပိုင်းဒေသတွင် အခြေစိုက်ထားသော စစ်အစိုးရတပ် စခန်းတခုအား ကရင်နီတပ်မှ ၀င်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ် ၃ ဦး သေဆုံးပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကရင်နီတပ်မတော်မှ ယနေ့နံနက်တွင် အတည်ပြုပြောကြားသည်။

“စခန်း တက်သိမ်းတဲ့ တိုက်ပွဲ ဖြစ်တယ်။ တပ်အင်အားက (စစ်တပ်ဘက်) တပ်စု တစုပေါ့။ အနည်းဆုံး ဆယ်ဦးလောက် ရှိတာပေါ့။ အဲမှာ အလောင်း ၃ လောင်း ရတယ်။ လက်နက်တွေ လည်း ရတယ်။ စခန်းကို သိမ်းပြီးတော့ တပ်ကို မီးရှို့လိုက်တယ်” ဟု ကရင်နီတပ်မတော် အရာရှိတဦးက ပြောသည်။

ကရင်နီတပ်မတော် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၂ မှ ဗိုလ်ဖဲဘူးနှင့် အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ မှ ဗိုလ်ကြီး ဖိုးကလားတို့ ဦးစီးပြီး ဇူလိုင်လ ၁၄ ရက်နေ့ နံနက်တွင် အလယ်ပိုင်းဂွင် ဘောလခဲ ဒေသတွင်းရှိ စောလိုကျေးရွာ အနီးတွင် အခြေစိုက်ထားသော ခမရ ၄၃၀ တပ်အား ၀င်ရောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

တိုက်ပွဲတွင် ကရင်နီတပ်မတော်ဘက်မှ စစ်တပ်အလောင်း ၃ လောင်း အပါအ၀င် MA-1နှစ်လက်၊ MA-2 တစ်လက်၊ MA-4 တစ်လက်၊ ကျဉ်ဘောက် ၁၆ ချပ်၊ အီကွင်းမင်း ၃ စုံနှင့် ကျောပိုးအိပ် ၃ လုံး သိမ်ဆည်းရမိသည်ဟု ဆိုသည်။

“ကရင်နီတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာ ရတာတွေ ဘာမှ မရှိဘူးလို့ ပြောတယ်။ အခု တိုက်ပွဲ ဖြစ်ပွားနေတဲ့ နေရာ အနီးမှာ ရှိတဲ့ ဒေသခံရွာတွေ၊ ရွာသားတွေပေါ့။ သူတို့ရဲ့ အခြေအနေက ဘယ်လိုရှိနေလဲဆိုတာလည်း မသိရသေးပါဘူး” ဟု ကရင်နီလူမှု ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနမှ သတင်းတာဝန်ခံ တဦးက ပြောပါသည်။

ယခုလဆန်းပိုင်း ၂ ရက်နေ့တွင်လည်း လွိုင်ကော်မြို့နယ် ပါးလောင်းကျေးရွာ အနီးတွင် ကရင်နီတပ်ဖွဲ့ တဖွဲ့၏ ချုံခိုတိုက်ခိုက်မှု ကြောင့် စစ်အစိုးရတပ် ၃ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာမှုလည်း ရှိနေကြောင်း သိရပါသည်။
 Type the rest of your post here.

ဗမာ့ဘောလုံး သမိုင်းအကြောင်း



ဗမာ့ဘောလုံး သမိုင်း
တစ်နေ့သောအခါက ကျွန်ုပ်သည် လူမှုရေးလုပ်ငန်းများ တစ်နေ့တာ ပြီးဆုံးသွားချိန် ကျွန်ုပ်၏ နေအိမ် ဘုရားခန်းအတွင်း အဓိဌာန် ပုတီးစိပ်ခြင်း၊ မေတ္တာပို့သခြင်းများ ပြီးဆုံးသွားချိန် သန်းခေါင်ယံ အချိန်၌ အိပ်စက်အနားယူခြင်း မပြုလုပ်ခင် ကျွန်ုပ်၏ စာအုပ်ဗီဒိုကို မွေနှောက်ဖတ်ရှုစဉ် ကျွန်ုပ်၏ အရင်းနှီးဆုံး သွေးသောက် ဦးသန်းစိန်ထံမှ ရရှိထားသော အဖိုးတန်စာအုပ် တစ်အုပ်ဖြစ်သည့် . . . Sir J.George Scott, K.C.I.E. ရေးသားသော “SCOTT OF THE SHAN HILLS” ဟူသော စာအုပ်ကို လှန်လှောကြည့်မိရာ အောက်ပါ ဓါတ်ပုံနှင့် စာသားများကို တွေ့ရှိတော့သည်။

ယင်းဓါတ်ပုံသည် နိုင်ငံခြားသား (၂) ဦးနှင့်အတူ ဗမာလူမျိုးများ ကတောင်းကျိုက်၍ ဘောလုံးတစ်လုံးနှင့် အမှတ်တရ ရိုက်ကူးထားသော ဓါတ်ပုံဖြစ်နေသည်။ ထို့ကြောင့် ကျွန်ုပ်သည် အလွန်စိတ်ဝင်စားစွာဖြင့် ယင်း အကြောင်းအရာကို ရေးသားထားသော စာပိုဒ်ကို ကြိုးစား၍ ဖတ်ကြည့်မိသည်။ ကျွန်ုပ်၏ အင်္ဂလိပ်စာ အားနည်းမှု ကြောင့် ရေးသားထားသော အကြောင်းအရာ အစစ်အမှန်ကို သေချာစွာ မသိရှိသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ယင်းစာအုပ်အား ယူဆောင်သွားကာ အသင်းရှိ အင်္ဂလိပ်စာကျွမ်းကျင်သူ ပညာရှင်များဖြစ်ကြသော မောင်အောင်ဟိန်းထွန်း၊ ဒေါ်ဧရာမောင်မောင်၊ ဒေါ်စိုးစန္ဒာတို့ကို အကူအညီ တောင်းရတော့သည်။ ဤတွင် စာရေးသူ Scott ၏ ရေးသားထားသော စာမူအား တိုက်ရိုက်ဘာသာပြန်ဆိုကာ ယခုကဲ့သို့ စာဖတ်ပရိတ်သတ်အား တင်ပြနိုင် ခြင်းဖြစ်တော့သည်။

Scott ၏ လက်ရေးစာမူ စာရွက်တွင် ၁၈၇၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကန်မည့် ဘောလုံးပွဲ တစ်ပွဲ အကြောင်းပါရှိသည်။ “ဒီနေ့ နေ့လည်မှာ Putsoes နှင့် Trousers တို့နှင့် ဘောလုံးပွဲရှိသည်။ ညနေ (၅း၀၀) နာရီမှာ ကန်မည်။” ယင်းအောက်တွင် J.G.Scott ကျောင်းအုပ်ဆရာကြီးဟု လက်မှတ်ပါရှိသည်။

ဗမာလူငယ်များသည် ဘောလုံးကန်ခြင်းကို နှစ်သက်ကြသည်။ ဘာကြောင့်လဲဆိုတော့ သူတို့က “ဘောလုံး ကန်ရတာ တိုက်ခိုက်တာနဲ့ ဆင်တူတယ်။” ဟု ပြောကြသည်။ ခွင့်ယူထားသော ကျောင်းသားတစ်ယောက်၏ စာ တစ်စောင်တွင် ဘောလုံးကို သူတို့ မည်မျှစိတ်ဝင်စားကြောင်း သိနိုင်သည်။ အဆိုပါ ကျောင်းသားက သူသည် ကျောင်းကို ပြန်လာချင်ကြောင်း၊ သူပြန်မရောက်သေးခင် အချိန်အထိ ဘယ်ဘောလုံးပွဲမှ မကန်ပါစေနှင့် ဟု ဆုတောင်းနေကြောင်း စာထဲ ရေးထားသည်။ သူက ထပ်မံရေးသား ထားသေးသည်။ “မနေ့ညက အိပ်မက်ကောင်း တစ်ခုကို တစ်ခုကို မက်ခဲ့သေးသည်။ ကျွန်တော်က ဆရာကြီးတို့နဲ့ ဘောလုံးကန်နေတာပေါ့။ အဲဒါ နတ်ပြည်ရောက် နေတဲ့အတိုင်းပဲ” ဟူ၍ ဖြစ်သည်။ အခြားကျောင်းသားတစ်ယောက် ပြောသည်က “ကျွန်တော်တို့ ပြန်မရောက်ခင် ဆရာကြီးတို့ ဘောလုံးအသင်း အခြားဘယ်အသင်းနဲ့မှ မကန်ပါစေနဲ့လို့ ကျွန်တော် ဆုတောင်းပါတယ်။ ဘောလုံးကန် တာ အလွန်ပျော်စရာကောင်းတယ်။” ထိုစကားကို ပြောသူမှာ “ဟယ်ရီ - ဖိုးမင်း” ဖြစ်သည်။ ဟယ်ရီ - ဖိုးမင်းသည် ဗမာကျောင်းသားဖြစ်သည်။ သူသည် နောက်ပိုင်းတွင် သူတို့အသင်း၏ ဂိုးသမားဖြစ်လာခဲ့သည်။

ပုံမှန်အားဖြင့် ဤကစားနည်း ဤပုံစံသည် (ဘောလုံးကစားခြင်းသည် လူဖြူတို့နှင့် အရှေ့တိုင်းသားတို့အကြား ပေါင်းသင်းဆက်ဆံမှု ရရှိစေရန်သာ ဖြစ်လာခဲ့သည်။ ထိုအချက်သည်ပင် လူငယ်တွေကို သင်ပေးလိုသော အချက် ဖြစ်သည်။ ထိုကဲ့သို့ သင်ပေးရသည်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ သူတို့က သင်ကြားလိုစိတ်တော့ ရှိသည်။ သို့သော် ၄င်းတို့ကို စနစ်တကျ ကစားတတ်ဖို့ သင်ပေးရန်မှာ ခက်ခဲသည်။
လူငယ်ကျောင်းသားတစ်ယောက်ကို ဘယ်နေရာမှာ ကစားပါဟု တာဝန်ပေးစေကာမူ ထိုလူငယ်သည် ဘောလုံးနောက်ကိုသာ လိုက်နေတက်သည်။ ရှေ့တန်းတိုက်စစ် ကစားသူများကို နောက်တန်းလူများနှင့် ပူးတွဲ ကစားတက်ရန် သင်ပေးရသည်။ ရှေ့တန်းကစားသမားများ နောက်တန်းကို ပြန်ပြေးပြီး သူ့နောက်ခံ လူများနှင့် ထပ်မနေစေရန်လည်း သင်ပေးရသည်။ အကြိမ်တော်တော်များများပင် နောက်ခံလူတစ်ယောက်သည် အခြားရွေးစရာ မရှိပဲ သူ့အသင်းဘက်မှ ရှေ့တန်းလူကို ၀င်တိုက်ပြီး ဘောလုံးကို ဖျက်ထုတ်လိုက်လေ့ရှိသည်။
ဗမာလူမျိုးတွေသည် ၄င်းတို့၏ ကိုယ်ပိုင်ကစားနည်းဖြစ်သော ခြင်းလုံးနှင့် အကျွမ်းတ၀င်ရှိပြီးသား သူများဖြစ်သည်။ ထို့ပြင် ၄င်းတို့သည် ခြေဗလာနှင့် ကန်တတ်ကြသူများဖြစ်သည်။ သို့သော် ထိုအချက်သည်ပင် အစ ပထမ၌ လူတိုင်းအတွက် အဓိက ပြဿနာဖြစ်နေခဲ့သည်။

Mr.Scott သည် ဘောလုံးကစားနည်းကို မြန်မာပြည်တွင် စတင် မိတ်ဆက်ခဲ့သည်။ ခရိုင်မှာ ကစားခဲ့သော ပထမဆုံး ဘောလုံးပွဲအကြောင်းကိုပင် ကျွန်တော်တို့ ကောင်းကောင်းမှတ်မိနေသေးသည်။ ထိုအချိန်က သူ (Mr.Scott) သည် ကျောင်းအုပ်တာဝန်ယူခဲ့သော St.John ကောလိပ်နှင့် မော်လမြိုင်မှ ကျပန်းကစားသမား (၁၁) ယောက်နှင့် ကန်ခဲ့သော ကစားပွဲဖြစ်သည်။ ဘောလုံးပွဲ မစခင်မှပင် ဘောလုံးကွဲသွား၍ Scott နှင့် ယခု စာရေးသူတို့ သည် ဘောလုံးတစ်လုံး အမြန်ရရှိနိုင်ရန် မြို့ထဲရှိ သားသတ်ရုံများကို အနှံ့ပတ်ရှာခဲ့သည်။ သူတို့သည် ဘောလုံး ပြုလုပ်ဖို့ ဆီးအိတ်တစ်ခု ရရှိရန် တိရိစ္ဆာန်တစ်ကောင်ကို ၀ယ်ယူပြီး ချက်ချင်းသတ်ဖြတ်၍ ထုတ်ယူရန် အထိပင် စဉ်းစားခဲ့သည်။ Scott တစ်ယောက် ထိုကွဲနေသော ဘောလုံးကိုကိုင်ကာ သားသတ်သမားကို မြန်မြန်လုပ်ဖို့ ပူညံ ပူညံလုပ်ခဲ့ပုံကို ဖော်ပြရာမှာ ကဗျာတစ်ပုဒ်ပင် စာဖွဲ့လောက်ပေသည်။ နောက်ဆုံးတွင် တံငါသည် အချို့ထံမှ ဆီးအိတ် တစ်ခုကို ရရှိ၍ အဆိုပါ သမိုင်းဝင် ဘောလုံးပွဲကို ကစားခဲ့ရသည်။ အထက်ပါ အဖြစ်အပျက် အသေးစိတ်သည် ကျွန်တော် နံရိုးတစ်ချောင်း အကျိုးခံ၍ မှတ်တမ်းတင်ခဲ့သော အဖြစ်အပျက်ဖြစ်သည်။

အဆိုပါ မှတ်တမ်းလေးအား စကော့တလန်နိုင်ငံသား Jame George Scott ၏ ဒိုင်ယာရီတွင် ရေးသားထားခဲ့ ပြီး ထိုဒိုင်ယာရီတွင် ပါသောအကြောင်းအရာများကို G.E MITTOIU (Lady Scott) က ပြန်လည်တည်းဖြတ်၍ ၁၉၃၉ ခုနှစ်မှာ ပထမအကြိမ် ပြန်လည်ထုတ်ဝေခဲ့သည်။ အဆိုပါ မှတ်တမ်းအရ ၁၈၇၉ ခုနှစ် ကတည်းကပင် မြန်မာပြည်၌ ဘောလုံးအားကစားကို စတင်ကစားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့သော အကြောင်းအရာ အချက်အလက်များအရ ဗမာ့ဘောလုံး သမိုင်းပေါ်ပေါက်လာပုံ၊ ဗမာ့လူမျိုးတို့ ဘောလုံးအား စိတ်ဝင်စားပုံတို့ကို သိရှိရပြီ ဖြစ်ပါသည်။ ထို့ကြောင့် ဘောလုံးပွဲကြည့် ပရိတ်သတ်များ၊ ဘောလုံးရူးသွပ် သူများ၊ ဘောလုံးအသင်း ထူထောင်ထားသူများ၊ ဘောလုံးကစားသမားတို့သည် ဗမာ့ဘောလုံး ဖြစ်ပေါ်လာပုံ၊ ဗမာ့ ဘောလုံး ပေါ်ပေါက်လာပုံ၊ ဗမာပြည်သို့ ဘောလုံးကစားနည်း ရောက်ရှိလာပုံ၊ ဗမာ့ဘောလုံး စတင်ခဲ့သည့် ခုနှစ် သက္ကရာဇ်တို့အား သိထားသင့်ပါ၍ စေတနာ ရှေ့ထား၍ ကျွန်ုပ်တွင် ရှိနေသော အဖိုးတန်စာအုပ် စာပေများမှ ဤ ဗမာ့ဘောလုံး ဒိုင်ယာရီ ဆောင်းပါးအား တင်ပြ လိုက်ရပါတော့သည်။

(အနာဂတ်ကာလတွင် ကျွန်ုပ်တွင်ရှိသော အဖိုးတန်ရှားပါး စာအုပ်၊ စာပေများမှ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ နိုင်ငံရေး စသည် . . . သမိုင်းစစ် သမိုင်းမှန်များအား ပြည်သူလူထုအတွက် အစစ်အမှန်များကိုသာ ရွေးချယ်၍ အလျင်းသင့်သလို တင်ပြသွားပါမည်။)

ကျော်သူ
အကိုကြီး ကျော်သူအား ကျေးဇူးတင်ပါသည်။
 ကိုဒီမိုဆိုဒ်မှတဆင့်ဖော်ပြပါသည်။

ကျော်သူ့ ဇာတ်ကားတွေ ကြည့်နိုင်ပြီဟေ့ . . . ။

နာရေးကူညီမှုအသင်း(ရန်ကုန်)မှ “ဆေးဖြင့်ရောဂါတို့ကို ဆေးကြောအံ့” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ ဝေဒနာရှင် အများပြည်သူတို့အား အခမဲ့ ဆေးဝါးကုသပေးနေသော သုခကုသိုလ်ဖြစ်ဆေးခန်းတွင် မျက်စိရောဂါ ဝေဒနာရှင်တို့အား ရေတိမ်စွဲ၍ မျက်စိအမြင်အာရုံ ချို့ယွင်းနေသော မျက်စိဝေဒနာရှင်တို့အား အမြင်အာရုံ ပြန်လည်ကောင်းမွန် ကြည်လင်မှု ရရှိစေရန် မျက်စိအထူးကု ဆရာဝန်ကြီးများမှ ခွဲစိတ်ကုသပေးလျှက်ရှိရာ ၂၀၀၇ ခုနှစ်၊ မတ်လမှ ၂၀၁၀ ခုနှစ် ဇွန်လကုန်အထိ မျက်စိခွဲစိတ်လူနာပေါင်း ၂၅၀၀ ကျော်ရှိခဲ့ပါသည်။ ၂၃.၇.၂၀၁၀ (ကြာသပတေး) နေ့တွင် ခွဲစိတ်ပြီးသော ဝေဒနာရှင် လူနာများအား စေတနာရှင် မျက်စိဆရာဝန်ကြီး ဒေါက်တာ ဦးမိုးလွင် မှ ပြန်လည် စစ်ဆေးကြည့်ရှုခဲ့ပါသည်။ ဝေဒနာရှင် လူနာများသည် ခွဲစိတ်ကုသပြီးသည့် အချိန်မှစ၍ အလင်းဒဏ်ကို ကာကွယ်ရန်အတွက်၎င်း ဖုံ၊ အမှိုက်များမှ ကာကွယ်ရန်အတွက်၎င်း ဂွမ်းစ၊ မျက်စိအဖုံးများ၊ နေကာမျက်မှန် အနက်များကို တပ်ဆင်ထားကြရာ မျက်စိဆရာဝန်ကြီးနှင့် ပြသသည့် အချိန်တွင် မျက်စိဖုံးများ၊ နေကာမျက်မှန်များကို ချွတ်၍ ဆရာဝန်ကြီးမှ ခွဲစိတ်မှု အခြေအနေနှင့် မျက်စိ ၏ အမြင်စွမ်းအားတို့အား စစ်ဆေးကြည့်ရှုပါသည်။

ထိုသို့ မျက်စိ ဆရာဝန်ကြီး ဒေါက်တာ ဦးမိုးလွင်မှ စမ်းသပ်စစ်ဆေးရာတွင် လူနာများမှ မိမိတို့ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း ၀မ်းသာအားရနှင့် စေတနာရှင် ဆရာဝန်ကြီး၊ သူနာပြု ဆရာမများအား ကျေးဇူးတင်ရှိကြောင်း ပီတိဖြာလျက် ပြောကြားခဲ့ကြပါသည်။ ထိုသို့ ပြောကြားရာတွင် မျက်စိလူနာတစ်ဦး ဖြစ်သူ အမေကြီးတစ်ယောက်မှ နေကာမျက်မှန် ချွတ်ပြီး ပြီးချင်း သူ၏ ရှေ့တွင် မှတ်တမ်းဓါတ်ပုံ ရိုက်ရန် ပြင်ဆင်နေသော ကျော်သူအား တွေ့မြင်သည်နှင့် “ဟယ် တော် … ကျော်သူကို အရှင်လတ်လတ်ကြီး မြင်တွေ့ရပြီတော်။ ကျော်သူ ဇာတ်ကားတွေ အားရပါးရ ကြည့်ရတော့မယ် တော့” ဟူ၍ ၀မ်းသာအားရ မျက်ရည်လည်ကာ ပြောကြားခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်သည် အမြင်အာရုံ ပြန်လည်ရရှိသွားပြီဖြစ်သော အမေကြီးအား ဂါရ၀ပြု ကျေးဇူးတုံ့ပြန်သော အပြုံးဖြင့် ပြန်လည်ပြုံးပြပြီး မိမိ လုပ်ဆောင်ရမည့် မှတ်တမ်း ဓါတ်ပုံ ရိုက်ခြင်းကို ပြုလုပ်ခဲ့တော့သည်။
ကျွန်တော်၏ အပြုံးနောက်ကွယ်တွင် စကားလုံးပေါင်း မြောက်များစွာ ဦးနှောက်ထဲတွင် အစီအရီ ပေါ်ပေါက်လာသည်။ ထိုစကားလုံးများသည် နှုတ်မှ ထွက်ပေါ်လာခြင်း မရှိချေ။ ယင်း စကားလုံးများသည် “အမေရေ … ကျွန်တော့်ကို တီဗီဖန်သားပြင်၊ ရုပ်ရှင်ပိတ်ကားထက်မှာ ဘယ်တော့အခါမှ မြင်တွေ့ရတော့မှာ မဟုတ်တော့ဘူး အမေ။ နိုင်ငံတော်မှ ကျွန်တော့်ကို အနားပေး လိုက်ပြီ အမေ။ အနုပညာလောကမှ မောင်းထုတ်ခြင်း ခံလိုက်ရပြီမှာ (၃) နှစ်ရှိပြီ အမေ။ ရုပ်ရှင် အနုပညာရပ်ဆိုတာ အများပြည်သူကို ငိုခြင်း၊ ရယ်ခြင်း၊ ဒေါသထွက်ခြင်း၊ ပေါက်ကွဲစေခြင်း ဆိုတဲ့ အကုသိုလ်အလုပ် မိမိ အတ္တအကျိုးအတွက် လုပ်ဆောင်နေတဲ့ အတ္တဟိတအလုပ်၊ ပြည်သူလူထုကို လိမ်ညာနေတဲ့ အလုပ်လို့ ကျွန်တော်မြင်ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ပရိတ်သတ် အများပြည်သူနဲ့ အမေတို့အတွက် အမေပြောလိုက်တဲ့အတိုင်း အရှင်လတ်လတ်ကြီးနဲ့ ပြည်သူတွေရဲ့ကြားမှာ ပြည်သူတွေရဲ့အနားမှာ ပြည်သူတွေအတွက် လိုအပ်သော၊ ပေးဆပ်နိုင်သော လူမှုရေးကိစ္စရပ်များကို ကျွန်တော့်ရဲ့ နောက်ဆုံးထွက်သက်အချိန်ထိ ကြိုးစားဖြည့်ဆည်းပေးနိုင်တဲ့ ပရဟိတလူသား တစ်ယောက်အဖြစ်သာ မြင်တွေ့ရတော့မှာ ဖြစ်ပါတယ် အမေ” ဟူသော စကားလုံးများပင် ဖြစ်တော့သည်။

ထို့ကြောင့် … အကယ်၍များ အပြောင်းအလဲတစ်ခုခုကြောင့် ကျွန်တော်အား အနုပညာ လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့်များ ရရှိခဲ့သော် ကျွန်တော်သည် အနှစ်သာရ မရှိသော၊ အကျိုးမရှိသော ဖျော်ဖြေရေးသက်သက်သာ ဖော်ကျူးသည့် အများပြည်သူအား လိမ်ညာသော ဇာတ်လမ်းများကို ရိုက်မည် မဟုတ်။ သမိုင်းစစ် သမိုင်းမှန်များ၊ အတ္ထုပ္ပတိများ၊ ဘာသာရေး လူမှုရေး သမိုင်းမှတ်တိုင် အစစ်အမှန်များကိုသာ အများပြည်သူအတွက် ပေးဆပ်ရိုက်ကူးသွားမည် ဖြစ်ပါကြောင်း စိတ်ကူးယဉ် မိပါတော့သည်။








 









နိုင်ငံရေးနှင့်လွတ်လပ်စွာဆုံးဖြတ်မှု

နိုင်ငံရေးဆိုသည်မှာ လွတ်လပ်စွာဆုံးဖြတ်မှုဖြစ်သည်။ လွတ်လပ်စွာဆုံးဖြတ်မှုရှိမှသာ နိုင်ငံရေး ဟုခေါ်နိုင်သည်။ လွတ်လပ်စွာဆုံးဖြတ်မှုရှိမှသာ နိုင်ငံရေးမည်သည်။ မည်သည့်နိုင်ငံရေးစနစ်၊ နိုင်ငံရေးမူဝါဒ၌မဆို လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ကင်းမဲ့နေခဲ့သော် နိုင်ငံရေးမဟုတ်ပါ။ မည်သူ၏ လွတ်လပ်စွာဆုံးဖြတ်မှုလည်း ယင်းနိုင်ငံတွင်နေထိုင်သော အရွယ်ရောက်ပြီးသူအားလုံး၏ လွတ် လပ်စွာဆုံးဖြတ်ခွင့်ဖြစ်သည်။ ယင်းနိုင်ငံ၏ ပစ္စုပ္ပန်နှင့် အနာဂတ်အရေးကို ပြည်သူကသာ ဆုံးဖြတ် ပိုင်ခွင့်ရှိသည်။ ယင်းပြည်သူ၏ ဆုံးဖြတ်ပိုင်ခွင့်သည် လွတ်လပ်မှုရှိရမည်။ လွတ်လပ်မှု။ လွတ်လပ်မှုဆိုသည်နှင့် မိုးပြိုမှာစိုး၍ ခြေထောက်နှစ်ချောင်း မိုးပေါ်ထောင်အိပ် သော တစ်တီတူးငှက်လို ကြောက်ရွံ့သူတွေက ပရမ်းပတာအဓိပ္ပာယ်ဖွင့်တော့သည်။ လွတ်လပ် မှုကို စည်းကမ်းမဲ့မှု၊ ကသောင်းကနင်းဖြစ်မှုဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ လွတ်လပ်မှုဆိုသည် မှာ 'ပွင့်လင်းမှု'၊ 'အမှီခိုကင်းမဲ့မှု' နှင့် 'အဟန့်အတား အချုပ်အနှောင်အပိတ်အပင်ကင်းမဲ့မှု' ဖြစ် သည်။ လွတ်လပ်မှုနှင့် စည်းကမ်းမဲ့မှုတို့သည် ဆန့်ကျင်ဘက် ၀ိရောဓိဝေါဟာရတွေဖြစ်သည်။ စည်း ကမ်းမဲ့သည်နှင့် တစ်ပါးသူ၏လွတ်လပ်မှုကို ထိခိုက်တော့သည်။ တစ်ပါးသူ၏လွတ်လပ်မှုကိုထိ ပါးသည်နှင့် လူ၏ကျင့်ဝတ်သိက္ခာပျက်ပြားသည်။ ကျင့်ဝတ်သိက္ခာပျက်ခြင်းမည်သည် ခိုးမှ တိုက်မှ လုယက်မှသာမဟုတ်ပါ။ တစ်ပါးသူအားထိခိုက်နစ်နာစေခဲ့သော် လူ့ကျင့်ဝတ်ပျက်သည်။ ထို့ကြောင့် လွတ်လပ်မှု 'လွတ်လပ်မှု'ဆိုသောအဓိပ္ပာယ်တွင် မှန်ကန်မှု၊ တရားမျှတမှု၊ စည်း ကမ်းရှိမှု၊ လူ့ကျင့်ဝတ်စသည်တို့ အကျုံးဝင်နေသည်ကို သတိပြုစေလိုပါသည်။ 'လွတ်လပ်စွာ' (သို့မဟုတ်) 'လွတ်လပ်သော'ဟူသောဝေါဟာရကို ဥပမာပေး၍ရှင်းလင်းပါမည်။ ဟောင်ကောင် တွင် 'လွတ်လပ်သောလာဘ်စားမှုပပျောက်ရေးကော်မရှင်' (lndependent Commission For Anti Corruption(I.C.A.C)ဟူ၍ရှိသည်။ ယင်းကော်မရှင်ကို ဟောင်ကောင်ဥပဒေပြုကောင်စီ (hegislative Council)က ဥပဒေပြဋ္ဌာန်း၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ထို့ကြောင့် ယင်းကော်မ ရှင်၏လုပ်ရပ်မှန်သမျှသည် ယင်းဥပဒေနှင့် အညီဖြစ်သည်။ ပြီးတော့ 'လွတ်လပ်သော'ဆိုသည့် နာမ၀ိသေသနနှင့်အညီ ယင်းကော်မရှင်သည် အိုင်စီအေစီဥပဒေဘောင်အတွင်းကနေ လွတ်လပ် စွာဆောင်ရွက်ခွင့်ရှိသည်။ ယင်းကော်မရှင်၏လုပ်ရပ်ကို မည်သည့်အစိုးရအမှုထမ်း၊ အစိုးရအဖွဲ့ အစည်းကမှ ၀င်ရောက်စွက်ဖက်ခွင့်မရှိပေ။ နောက်တစ်ခုက နိုင်ငံတကာတွင် 'လွတ်လပ်သောတရားစီရင်ရေး (Freedom of Justice) ဆိုတာရှိသည်။ မည်သည့်အမှုကိုမဆို တရားသူကြီးတစ်ဦးသည်တည်ဆဲ ဥပဒေနှင့်အညီ လွတ်လပ် စွာ စီရင်ခွင့်ကိုခေါ်သည်။ လွတ်လပ်စွာဆိုခြင်းက ပြင်ပမှ လူပုဂ္ဂိုလ်အဖွဲ့အစည်း၏စွက်ဖက်မှု ကင်းစွာဟုဆိုလိုသည်။ တရားသူကြီးကြည့်ရန်သည် ဤအမှုနှင့်ပတ်သက်သော ဥပဒေကို သာကြည့်ရပြီး အခြားမည်သည့်အရာကိုမျှ ကြည့်ရန်မလိုပေ။ အကြောင်းကြောင်းနှင့် ပြင်ပစွက် ဖက်မှုတစ်စုံတစ်ရာရှိလာခဲ့သော် ယင်းကို 'လွတ်လပ်သောတရားစီရင်ရေး'ဟု မခေါ်ဆို နိုင်တော့ ပေ။ ထိုအခါတရားစီရင်ရေးစနစ် ပျက်ပြားသွားပြီဖြစ်သည်။ တရားစီရင်ရေးစနစ်ပျက်ပြားလျှင် ယင်းလူ့ဘောင်အဖွဲ့အစည်းတွင် တရားမဲ့မှုဖြစ်တော့သည်။ ခိုးဆိုးတိုက်ခိုက်မှ တရားမဲ့သည် မဟုတ်၊ တရားစီရင်ရေးတွင် ပြင်ပက စွက်ဖက်မှုရှိလာခြင်းသည် တရားမဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လွတ်လပ်မှုဆိုသည်နှင့် ဥပဒေနှင့်အညီ ဥပဒေဘောင်အတွင်းကဟု သဘော ပေါက်ပါ။ ဥပဒေနှင့်အညီလွတ်လပ်မှုဟူ၍ အဓိပ္ပာယ်ဖွင့်စရာမလိုပါ။ လွတ်လပ်မှုဆိုသည်နှင့် ဥပဒေဘောင်အတွင်းကဖြစ်သည်။ ဥပဒေဘောင်အတွင်းက မဟုတ်သည်နှင့် လွတ်လပ်မှုဟုပြော၍ မရတော့ပါ။ နိုင်ငံတိုင်းမှာ အခြေခံဥပဒေရှိသည်။ တရားမဥပဒေ၊ ရာဇ၀တ်မှုဥပဒေတွေရှိသည်။ စည်ပင်ဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေ စသော အထွေထွေဥပဒေတွေရှိသည်။ ယင်းဥပဒေ ဘောင်အတွင်းမှ လွတ်လပ်စွာပြောဆိုနေထိုင်ပြုမူနိုင်သည်။
ကိုဝမ်း

Saturday, July 24, 2010

မော်လမြိုင်ခရိုင်အတွင်း စစ်တပ် စစ်ရေးလှုပ်ရှားပြီး ရွာသားများအား ပေါ်တာဆွဲ

သတင်း - IMNA
ရေးသားသူ - မင်းအဲ၊ ဂျူရီချိုင်း
သောကြာနေ့၊ ဂျူလိုင်လ 23 ရက် 2010 ခုနှစ်
ဗမာစစ်သားများ စစ်ကြောင်းချီတက်နေပုံ
ကရင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားနေသော မြန်မာစစ်အစိုရးတပ်တို့သည် မွန်ပြည်သစ်ပါတီ လက်အောက်ရှိ မော်လမြိုင်ခရိုင်ဒေသတွင် ကရင်အမျိုးသားအစည်းအရုံးကို ထိုးစစ်ဆင်ရန်အတွက် ဒေသခံလယ်သမားနှင့် ရွာသားများကို ပေါ်တာဆွဲနေသည်။ ပဲခူးတိုင်း ပဲခူးမြို့ အခြေစိုက် အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်နှင့် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) ဒီကေဘီအေ တပ်ရင်း ၉၀၆၊ ၉၀၇ တို့ ပူးပေါင်းပြီး ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) ကို ထိုးစစ်ဆင်ရန်အတွက် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ဒေသတွင် စစ်ရေးလှုပ်ရှားနေသည်။ “ခြေမြန်တပ်မ ၇၇ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆၊ ၉၀၇ တို့ပေါင်းပြီးတော့ အင်အား (၄၀၀) လောက်က မွန်ပြည်သစ်နယ်မြေ မော်လမြိုင် ခရိုင်အတွင်းမှာရှိတဲ့ ကျေးရွာ ၂၄ ရွာအတွင်းမှာ လှုပ်ရှားနေတယ်၊ စစ်ရေးဆင်ဖို့ရှိတယ်” ဟု မော်လမြိုင်ခရိုင်အတွင်းရှိ ဒေသခံတစ်ဦးက ပြောသည်။ စစ်ရေးလေ့လာသုံးသပ်သူတစ်ဦးက “စစ်အစိုးရတပ်တွေက ထိုးစစ်ဆင်ဖို့ မော်လမြိုင်ခရိုင်ဘက်မှာ စစ်ရေးလှုပ်ရှားနေတယ်၊ သူတို့ စစ်ရေးအရ ထုတ်ဖော်ပြောနေတာကတော့ ကေအန်ယူ တပ်မဟာ ၆ ကို ထိုးစစ်ဆင်ဖို့ပေါ့လေ ဒါပေမယ့် အခုက သူတို့ လှုပ်ရှားနေတာက မွန်ပြည်သစ်နယ်မြေ မော်လမြိုင်ခရိုင်ဘက်မှာ” ဟု ပြောသည်။ လက်ရှိအခြေအနေအရ မွန်ပြည်သစ်ပါတီအပေါ် မြန်မာစစ်တပ်တို့က တစုံတရာပြုလုပ်ခြင်းမရှိသေးပါ။ ရှေ့ဆက် ဘာဖြစ်လာနိုင်မလဲဆိုတာ စောင့်ကြည့်နေဆဲဖြစ်ကြောင်း အဆိုပါ စစ်ရေးလေ့လာသူက ပြောသည်။ ယခုကဲ့သို့ စစ်အစိုးရတပ်များ ထိုးစစ်ဆင်ရန် လှုပ်ရှားနေမှုအပေါ် မော်လမြိုင်ခရိုင်အတွင်းရှိ ဒေသခံများက ပေါ်တာဖမ်းမည်ကို စိုးရိမ်နေကြသည်။ “တကယ်လို့ ကေအဲန်ယူနဲ့ တိုက်ပွဲဖြစ်မယ်ဆိုရင် ဒေသခံတွေကို စစ်အစိုးတပ်တွေက ပေါ်တာခေါ်ဖို့ရှိတယ်၊ ခြေမြန်တပ်မ ၇၇ ဗျူဟာမှူးကနေ ဒီမော်လမြိုင်ခရိုင်ထဲက ကျေးရွာဥက္ကဌတွေကို ပြောထားတာရှိတယ် ပေါ်တာယူဖို့ကို” ဟု မော်လမြိုင်ခရိုင်ရှိ ရွာဥက္ကဌနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ သို့သော်လည်း ကရင်ပြည်နယ် အနန်းကွင်း-ဘုရားသုံးဆူဒေသအကြား စစ်ရေးလှုပ်ရှားနေသည့် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၈) လက်အောက် ခမရ ၄၀၉ တပ်ရင်း စစ်ကြောင်းသည် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အနန်းကွင်းရွာသား လယ်သမား ၆ ဦးကို ပေါ်တာအဖြစ် ဖမ်းဆီးခဲ့သည်။ ဇူလိုင်လ ၁၂ ရက်နေ့တွင် ခမရ ၄၀၉ ဗျူဟာမှူး (၂) ဗိုလ်မှူးကြီး မောင်မောင်ဦးသည် ဘုရားသုံးဆူဒေသ ကျွန်းချောင်းကျေးရွာအနီးတွင် မွန်ပြည်သစ်ပါတီ အရန်တပ်သား ၃ ဦး ပေါ်တာအဖြစ် ဖမ်းခဲ့သည်။ အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လ ၁၈ ရက်နေ့တွင် ဘုရားသုံးဆူဒေသမှတဆင့် အနန်းကွင်းရွာသို့ရောက်ရှိရာ ရွာဥက္ကဌကိုခေါ်၍ ပေါ်တာအထမ်းသမားများ အလိုရှိသည်ကိုပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ရွာဥက္ကဌမှ ပေါ်တာအထမ်းသမားများ မစီစဉ်ပေးနိုင်သည့်အတွက် လမ်း၌တွေ့သမျှ ဒေသခံယောက်ျားသားများကို ယခုကဲ့သို့ ဖမ်းဆီးနေသည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) အရာရှိတစ်ဦးက ပြောသည်။ အဆိုပါ ပေါ်တာဖမ်းဆီးခံသူ ၆ ဦးအပြင် အခြားရွာမှ လက်လုပ်လက်စား အလုပ်သမားများလည်း ပါဝင်သေးကြောင်း သက်ဆိုင်ရာ မိသားစု ဝင်များက စိုးရိမ်နေကြရသည်။ အနန်းကွင်းကျေးရွာ အနီးအနားတဝိုက်ရှိ အခြားကျေးရွာတွင်လည်း သတ်မှတ်ထားသည့် ပေါ်တာအထမ်းသမား အရေအတွက်ကို စစ်ကြောင်းထံ ပို့ပေးရန် ရွာဥက္ကဌများကို အကြောင်းကြားထားသည်။ အဖမ်းခံထားရသော ရွာသားများအတွက် လူသစ်အစားထိုးမပေးနိုင်လျှင် ပြန်မလွတ်ဟု ပေါ်တာအဖမ်းခံထားရမှ ပြန်လွတ်လာသူ နိုင်ရီအောင်က ပြောသည်။ ၄င်းက “ချောင်းဆုံရွာ မြောက်ဘက်ခြမ်း ခြံကနေခေါ်သွားတာ တောင်စွန်းရွာရောက်မှ ပြန်လွှတ်လာပေးတာ စစ်ပစ္စည်းတွေ ထမ်းထား ရတာ ကြောမှာ အနာပေါက်သွားသေးတယ်”။ မြန်မာစစ်ကြောင်းများ ယခုလိုမျိုး လှုပ်ရှားသွားလာနေရာမှာ ရွာအနီးအနားတစ်ဝိုက်သို့ ရောက်ရှိလာနေချိန်မှာ ဒေသခံရွာသားများ ရွာပြင်သို့ လုံးဝမထွက်ရဲကြကြောင်း ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ အဆိုပါစစ်ကြောင်းသည် ဘုရားသုံးဆူဒေသမှ စတင်ထွက်ခွာသည့် ဇူလိုင်လ ၁၂ ရက်နေ့မှစပြီး လမ်းခရီးတလျှောက် ပေါ်တာဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး၊ အနန်းကွင်းမှ တောင်စွန်းရွာဘက်သို့ စစ်ကြောင်း ပြန်လည်ထွက်ခွာသွားသည်ဟု အနန်းကွင်းရွာသားတစ်ဦးက ပြောသည်။ “သူတို့က ဒီလိုပဲ တွေ့တဲ့လူ လိုက်ဖမ်းနေတယ်ဆိုတော့ လယ်သမားတွေ လယ်ကွင်းတောင်မသွားရဲဘူးလေ၊ ဒီကလူတွေ အလုပ်တွေ အတော်ပျက်ကုန် ကြတယ်”။ ဘုရားသုံးဆူ- အနန်းကွင်းဒေသ၌ မွန်နှင့် ကရင်လူမျိုးအများစု နေထိုင်လျှက်ရှိပြီး၊ လယ်ယာ၊ ခြံလုပ်ငန်းဖြင့် သက်မွေးဝမ်းကျောင်း ပြုကြသည်။

Friday, July 23, 2010

Flash Creator ကိုထွန်းထွန်း၏ Flash သီချင်းများ

ရွှေတိဂုံ အမေ-ထူးအိမ်သင် မ-sample တိတ်တခိုးအချစ်-ရိန်မိုး မ-ပူစူး မင်းကိုသတိရရင် တွဲဖက်အပြုံး-ရိန်မိုး အရမ်းပဲချစ်နေပြီ-ရိန်မိုး လေပြေ ဆု အမေတခုသားတခု အရမ်းပဲချစ် ဘယ်သူမှမကောင်းဘူး ဖြည့်ဆည်းပေးမဲ့သူ ရိုမီယို ဂျူးလီးယက် တောဂေါ်လီ သူလေး ရင်ခုန်ဘက်သို့တမ်းခြင်း ကြွေပါစေ လမ်းမခွဲကြေး မင်းနဲ့ငါနဲ့ မေမေ မင်းအတွက်ပါ သနပ်ခါးချစ်သူ အနီးဆုံးလူ ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ သင်္ကြန်မိုး အပြစ်မမြင်ပါဘူး ကမ္ဘာအပြင်ဘက် နှလုံးသားရှိတဲ့အရပ် မျောလွှင့်နေတဲ့တိမ် အင်းလေးမှာရွာတဲ့မိုး ငါချစ်တာမင်းပဲ နေညိုရင် ပူစီ ချစ်သူကို ချမ်းမြေ့ပါစေ စိတ်ကူးယဉ်အနမ်းများ နွေဦးကဗျာ မိုးသိပါစေ ဘ၀ချင်းခြားလည်းချစ် ပုဂံဘုရားဖူး မမကြောင့် ညစဉ်ညတိုင်း အလွမ်းမိုး မြူမှောင်ဝေကင်း နှစ်ပါတ်လည် ကောင်မလေး နောက်ဆုံးရင်ခွင် မလွမ်းပဲမနေနိုင်ဘူး လုံးဝမမေ့သေးဘူး အိမ်-ဓီရာမိုရ် လမ်းဆုံ ကိုကိုက အာဇာနည်(၄)ပုဒ်နဲ့address-card တမိုးအောက် ယုံပါရင်သို့ အချိန်လွန်ငှက် ဝေးပြီးတဲ့နောက် အရေးမကြီးပါဘူး ရိုးရှင်းသောဘ၀ရဲ့ပျော်ရွင်မှု ဒီတညတော့ သက်တန့်ပုံပြင် အလင်းရောင် ခွင့်လွှတ်ပါတော့ ဟင့်အင်းအမေကဆူလိမ့်မယ် မြန်မာမလေး တခါထဲချစ်ချင်လို့ပါ လွမ်းနေပြီ နေပါစေ ဓာတ်ပြားဟောင်း ထူးဆန်းလွန်းတဲ့အချစ်   ပြော   ကြွေသူနှစ် ကောက်သူတစ်
.

ဘုန်းကြီးကျောင်း သုံးကျောင်းမှ သံဃာများကို ဖယ်ရှားခိုင်း

ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးက ဘုန်ကြီးကျောင်း သုံးကျောင်းနဲ့ လူနေအိမ်တချို့ကို ဘုရားဂေါပကလူကြီးတွေက အဆောက်အအုံ ဟောင်းနွမ်းတွေ ပြုပြင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားခိုင်းနေတယ်လို့ သတင်းရရှိထားပါတယ်။ အဲဒီ ကျောင်းတိုက်တွေကတော့ ရွှေတိဂုံဘုရား အရှေ့ဖက်မုဒ်အနီးက ရွှေပိဋကတ်တိုက်၊ ရွှေဟင်္သာ ပိဋကတ်တိုက်နဲ့ ဒေါ်လှခင် ပိဋကတ်တိုက်တွေ ဖြစ်ကြပါတယ်။ အရပ်သား နေအိမ်လေးလုံးဟာလည်း အဲဒီကျောင်းတိုက်တွေ အနီးနားက ဖြစ်တယ်လို့ သိရပါတယ်။ ကျောင်းတိုက်သုံးခုက ဆရာတော်တွေကို ကြားတောရလမ်းမှာရှိတဲ့ ရန်ကုန်တိုင်း သံဃာ့နာယကရုံးမှာ ဇူလိုင်လ ၂ဝ ရက် မနေ့က မွန်းလွဲပိုင်းမှာ ပင့်ဖိတ်ပြီး ၂၅ ရက်နေ့ကို နောက်ဆုံးထား ပြောင်းပေးဖို့ ပြောဆိုခဲ့တာဖြစ်ကြောင်း ကျောင်းတိုင်ဆရာတော်တပါးက အခုလို မိန့်ပါတယ်။ 'ဟုတ်တယ်၊ ဟုတ်တယ်၊ ဟောင်းနွမ်းနေတဲ့အတွက်ကြောင့် ဒီဥစ္စာက ဖယ်ပေးရမယ်ဆိုပြီး ပြောတယ်၊ ဒီအတိုင်း ဖယ်ခိုင်းတာပဲ သူတို့က၊ ဦးဇင်းတို့က မရွှေ့နိုင်ဘူး၊ ဦးဇင်းတို့မှာ ရွှေ့ဖို့ ကျောင်းလည်းမရှိဘူး ပြောလိုက်တယ်၊ တိုင်းသံဃာ့နာယကအဖွဲ့ကလည်း သူတို့ကလည်း ဆင်းခိုင်းတာပဲ၊ နေရာတော့မပေးဘူး၊ ၂၅ရက်နေ့ နောက်ဆုံးလို့ ပြောလိုက်တယ်၊ မပြောင်းရင်တော့ သူတို့ အရေးယူမှာလို့ ပြောတာပဲ၊ ဦးဇင်းတို့ကလည်း အဲ့လိုပေါ့ အကျိုးအကြောင်းတွေ တင်ပြတာပေါ့၊ ကျောင်းမရှိဘူး၊ ပြောင်းဖို့နေရာ မရှိဘူး၊ ဆိုပြီးတော့ မရဘူးလို့ ပြောတယ် သူတို့က။' လူနေအိမ်တွေက မိသားစုတွေကို ဒီကနေ့ နောက်ဆုံး ပြောင်းခိုင်းထားတာကြောင့် ပြောင်းရွှေ့နေကြပြီလို့လည်း မိန့်ပါတယ်။ အစပထမ ဇွန်လ ၁၁ ရက်မှာ ရွှေတိဂုံဘုရား ဂေါပကလူကြီး ဦးဝင်းကြိုင် က အဆောက်အဦး ဟောင်းနွမ်းနေတာကြောင့် ပြန်လည်ပြုပြင်ဖို့ ဇွန်လ ၃ဝ ရက်နေ့ နောက်ဆုံးထား ပြောင်းရွှေ့ပေးဖို့ အဲဒီကျောင်းတွေက သံဃာတော်တွေကို သွားရောက် လျှောက်ထားခဲ့သေးတယ်လို့ သိရပါတယ်။ ဒါပေမဲ့ သံဃာတော်တွေက ပြောင်းရွှေ့မပေးပဲ ဆက်ပြီး သီတင်းသုံးနေကြတဲ့ အတွက် အခုလို တိုင်းသံဃာ့နာယက အဖွဲ့က ထပ်ပြီး ခေါ်ယူသတိပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင် ဝါဆိုတော့မှာဖြစ်တာကြောင့် သံဃာတော်တွေ ဝါတွင်းသတင်းသုံးဖို့ အခက်ကြုံနေကြရတယ်လို့ ခုနက ဆရာတော်ကပဲ အခုလို ဆက်လက် မိန့်ကြားပါတယ်။ 'ဦးဇင်းတို့ မရဘူးဆိုလို့ရှိရင် ဆင်းရမှာပေါ့၊ ဘာမှ မတတ်နိုင်ဘူးလေ၊ အခက်အခဲတွေကတော့ ဒကာကြီးရေ့ အများကြီးပဲ၊ နေဖို့ရာ ထိုင်ဖို့ရာ အခက်အခဲတွေ၊ ကျောင်းအခက်အခဲရှိတာပေါ့ ဒကာကြီး၊ ကျောင်းက အခုမှ လိုက်လျှောက်ရအုံးမှာ ကျောင်းက မလျှောက်ရသေးဘူး၊ အဆင်ပြေမလား မပြေလား ဆိုတာတော့ မသိရသေးဘူး၊ လျှောက်ကြည့်မှ သိရမှာ၊ တိုင်းသံဃာ့နာယက အဖွဲ့ကလည်း သူတို့ကလည်း ဆင်းခိုင်းတာပဲ နေရာလည်း မပေးဘူး။' ပြောင်းရွှေ့ ဖယ်ရှားခိုင်းတာ ခံနေရတဲ့ ကျောင်းတိုက်တွေဟာ နှစ်ပေါင်း ၆ဝ ကျော် သက်တမ်း ရှိကြပြီး ဖြစ်သလို အုတ်နဲ့ဆောက်လုပ်ထားတဲ့ သုံးထပ်တိုက်ေ ကျာင်းဆောင်တွေ ဖြစ်ကြတယ်လို့လည်း သိရပါတယ်။ ပြောင်းရွှေ့ပေးကြရမှာမို့ ဝါဆိုကာလအတွက် သီတင်းသုံးဖို့ အခက်တွေ့နေကြရတဲ့ သံဃာစုစုပေါင်းကတော့ ၁၆ ပါး ဖြစ်တယ်လို့ သိရပါတယ်။
သတင်း။။RFA

ရှေးမြန်မာကြီးများ၏ရိုးရာဓလေ့ ရာဇ၀င်ပုံရိပ်များ





တောလက်ကျေးရွာမှာ ရှေးယခင်က ကြိမ်လုံးလေးတွေဖြင့် ကလေးပုခက်လေးတွေ လုပ်တတ်ကြပါသည်။ ထိုပုခက်လေးများကို ကြမ်းပြင်ပေါ်မှာတင်လျင်တင်၊ မတင်ချင်သည့်အခါ အိမ်ထုတ်တန်းမှာ ဆွဲပြီး လွှဲလေ့ရှိပါသည်။
ချမ်းသာသည့်လူတန်းစားအများစုကေ
တာ့ ကလေးပုခတ်ကို ကြိမ်ဖြင့် မယက်တော့ဘဲ လက်သမားဆရာကို စိတ်ကြိုက်မှာပြီး ကနှုတ်ပန်းဖြင့် ပြီးသော သစ်သားပုခတ်ကို ပြုလုပ်လေ့ရှိပါသည်။ တခြို့ကလေးပုခက်တွေမှာ မှန်စီရွှေချလေးများတောင် ပါကောင်းပါပါလိမ့်မည်။
ကလေးလေးတွေ ဆော့ကစားတတ်သည့်အချိန်မှာတော့ မိဘများက ရွှံ့ဖြင့်လုပ်သော နွားရုပ် ကျွဲရုပ်များ၊ စက္ကူဖြင့်ပုံဖော်ထားသော ဇီးကွက်၊ ပစ်တိုင်းထောင်ရုပ်များ ၀ယ်ပေးတတ်ကြသည်။ အထက်ကပုံမှာတော့ ကလေးလေးများ ဆော့ဖို့ လှည်းသေးသေးလေး တစ်ခုပါ။ တစ်ယောက်ကို တစ်ယောက်တင်ပြီး ဆွဲလို့ရပါသည်။ ကျွန်တော်တို့ငယ်ငယ်က အုန်းလက်ကို တစ်ယောက်ကထိုင်ပြီး နောက်တစ်ယောက်ကဆွဲရသည့် ဆော့ကစားနည်းလိုပေါ့။
မိန်းကလေးများ အရွယ်ရောက်လာသည့်အခါ သနပ်ခါးလိမ်း အလှပြင် တရုတ်စက္ကူနီများဖြင့် နှုတ်ခမ်းကိုရဲနေအောင် ဆိုးတတ်ကြပြန်သည်။ တရုတ်စက္ကူနီ မရှိလျင် ကွမ်းစားပြီး နှုတ်ခမ်းကို ရဲနေအောင် ပြင်တတ်ကြ၏။
အလှပြင်ပြီးသည့်အခါ လူပျိုလှည့်လာသည့် ကာလသားများကို ကွမ်းဆေးဖြင့် ဧည့်ခံကြရသည်။ ထိုသို့ဧည့်ခံရာတွင် မြန်မာမိန်းကလေးများက စကားပုံမျိုးစုံဖြင့် ထိုကာလသားကို ပညာစမ်းတတ်ကြသည်။
အမျိုးသမီးတစ်ယောက် အရွယ်ရောက်လာလျှင် အိမ်သုံးဖို့အတွက် သောက်ရေ သုံးရေ ခပ်ကြရသည်။ ရှေးယခင်အမျိုးသမီးတို့ ရေခပ်ဆင်းသည့်အခါ အပေါ်အကျီင်္မပါ။ ထမီရေလျားဖြင့် ရေအိုးရွက်ကြသည်။
အထက်က ပုံကတော့ အတော့်လေးကို ထူးခြား၏။ အမျိုးသမီးတစ်ယောက် ရေခပ်ဆင်းရာတွင် ထမီကို ခါးအထိသာ ၀တ်ထားပြီး အပေါ်ဗလာကျင်းနေသည့်ပုံဖြစ်သည်။ ဓါတ်ပုံဆရာအလိုကျလား ဒါမှမဟုတ် တချို့ရပ်ရွာတွေမှာ ထိုဓလေ့ရှိတတ်ကြသလား။ စဉ်းစားစရာပင်။
ရေခပ်ဆင်းပြီးသည့်အခါ ရေများကို အိုးငယ်လေးများဖြင့် ထည့်ပြီး သောက်ရေအတွက် သီးသန့်ဖယ်တတ်ကြသည်။
အိမ်ရှေ့မှာပဲဖြစ်ဖြစ်၊ အရိပ်ရသော အပင်အောက်မှာပဲ ဖြစ်ဖြစ် ခရီးသွားများအတွက် သောက်ရေဒါနပြုတတ်ကြတာ မြန်မာ့အစဉ်အလာတစ်ခုပင်ဖြစ်သည်။
မိန်းကလေးများက အိမ်မှာ နေလျှင်လည်း ချည်ယက်ကြရသည်။ ဓါတ်ပုံထဲကမိန်းကလေးတစ်ဦးသည် ပိုးထမီကို ၀တ်ထားပြီး အပေါ်အကျီင်္ကို ၀တ်ဆင်ထားခြင်း မရှိပါ။ ကျေးလက်နေ မိန်းမပျိုလေးများ၏ ဗလာထမီသည် နန်းတွင်းသူလေးများထက် တိုကြသည်။
တခါတရံ အခုလို အလုပ်ရှုပ်နေသည့်အခါမျိုးမှာ ကိုလူပျိုတစ်ချို့ ရစ်သီရစ်သီ လာလုပ်တတ်ကြပါသေးသည်။
၁၈၉၀၀န်းကျင်က မီးဖိုချောင်အထားအသိုပင် ဖြစ်သည်။ ယခုကျေးလက်များတွင် ယခုလိုပဲ တွေ့နိုင်သေးသည်။ နှစ်ပေါင်း၂၀၀ကျော်သော်လည်း ဘာမှ မပြောင်းလဲသေး။
ချမ်းသာသည့် မိသားစုတစ်စု၏ စားသောက်ဝိုင်းလေးပင်ဖြစ်သည်။ ကနှုတ်တွေဖြင့် တန်ဆာဆင်ထားသော စားပွဲခုံပုလေးတွင် ဟင်းခွက်များကို တင်ထားပြီး ထမင်းပုကန်များကို ကြမ်းပေါ်ချ၍စားကြသည်။
ဆင်းရဲသည့် ကျေးလက်နေတောသူတောင်သာများကတော့ ဒေါင်းလန်းကြီးပေါ်မှာပဲ ထမင်းရော ဟင်းရောပုံပြီး လက်ရည်တပြင်တည်း စားသောက်ကြသည်။ တချို့ဒေါင်းလန်းများမှာ ဟသာင်္ပြဒါး၊ သို့မဟုတ် ဒေါင်းရုပ်ခံသည့် ခြေထောက်များရှိတတ်ကြပါသည်။
အိမ်သို့သက်ကြီး အဖိုးအဖွားများ အလည်လာလျှင်ပဲ ဖြစ်ဖြစ် ဆွေမျိုးသားရင်းများ အလည်လာလျင်ပဲဖြစ်ဖြစ် ငယ်ရွယ်သူများက လက်ဖက် ကွမ်းဆေးဖြင့် ဧည့်ဝတ်ပြုကြရပါသည်။
သက်ကြီးရွယ်အိုအများစုက အိမ်ရှေ့မှာပဲ ဖြစ်ဖြစ် ခြံထဲမှာပဲဖြစ်ဖြစ် လက်ဖက်လေးစားလိုက် ကွမ်းလေးမြုံ့လိုက်ဖြင့် စကားဖောင်ဖွဲ့လေ့ရှိတတ်ကြသည်။ ပညာလိုချင်သော လူငယ်များက အနီးအပါးကနေ လာနားဆင်လေ့ ရှိကြပြန်သည်။ သက်ကြီးစကား သက်ငယ်ကြားဆိုတာ ဒီကနေစတယ်လို့ ထင်မိပါ၏။

ဆက်ပါဦးမည်။
ကျမ်းကိုး။
၁။ ၁၈၅၅-၂၉၂၅ သမိုင်းဝင်ပုံရိပ်များ၊ လေ့လာသူတစ်ဦး
၂။
Mandalay and other cities of the past Burma ၊V.C.scott o’connor
1987 white lotus co., ltd.
၃။ Burma၊ Max. and Bertha ferrars, AVA publishing house 1901
မေးလ်မှတဆင့်ပို့ပေးတဲ့ ငယ်လေးမအားကျေးဇူးပါ။

Thursday, July 22, 2010

ငြိမ်းချမ်းရေးကို ရှာဖွေခြင်း.

မိမိတို့သည် မွေးလာကတည်းက မျက်စိဖွင့်၍ အပြင်လောကကြီးကို မော်ကြည့်ကာ တဖြည်းဖြည်းနှင့် ကြီးပြင်းလာရသည်။ အပြင်လောကမှာ မတွေ့ဖူးတာတွေ မမြင်ဘူးတာတွေ မကြားဘူးတာတွေ များလွန်းလှတော့ အံ့သြစွာနှင့် အထင်ကြီးစွာနှင့် အပြင်လောက၏ ဖမ်းစားမှု နောက်ကို တဖြည်းဖြည်းနှင့် မသိမသာ မျောပါသွားရတော့သည်။ အပြင်လောကမှာ ကိုယ်မသိတာတွေ များလွန်းတော့ သိချင်စိတ်တွေက များလာသည်။ သိချင်စိတ်တွေက များလာတော့ လေ့လာမှု စူးစမ်းမှုတွေကလည်း များလာတော့သည်။ ပထမ အရွယ်မှာ ပညာရှာဆိုသည့် အတိုင်း ပထမအရွယ် အသက်အစိတ် သုံးဆယ်လောက်အထိ ပညာ တွေရှာကြရသည်။ ပညာခေတ်ဆိုတော့ ပညာကမရှာလို့မဖြစ်။ပညာမတတ်လေ ပညာမသိလေ ပညာမရှိလေ နောက်ကောက်ကျလေ ကျကျန်ရစ်မှာသေခြာသည်။ သည်တော့ ပညာတတ်ဘို့ ပညာလက်ဝယ်ရှိဖို့ လိုသည်။လိုတော့ရှာကြရသည်။ ပညာရှာတော့လည်း အပြင်လောကက ပညာတွေကိုပဲ မျက်စိဖွင့်၍ ရှာကြရသည်။ပညာကို အသံထွက်က ပြင်ညာဟု အသံထွက်ကြသည်။ပရမတ်နယ်ကကြည့်တော့  ပြင်ညာဟူ၍ အသံ ထွက်သည့်အတိုင်း အပြင်လောကကြီးက ပြင်ကြ ညာကြနှင့် ပြင်ပြင်ပြီး ညာနေကြတာတွေက များ ပါသည်။ ပရမတ်နယ်မဆိုက်နိုင်သေးလေတော့ သူကကိုယ့်ညာ ကိုယ်ကသူ့ညာနှင့် ပြင်လိုက် ညာ လိုက်နှင့်ပဲ အချိန်ကုန်သွားခဲ့ကြလို့ ယခုလို သံသရာရှည်နေရခြင်း ဖြစ်သည်။ ဒုတိယအရွယ်မှာ ဥစ္စာရှာဟုဆိုသည်။ ဥစ္စာရှာကြတော့လည်း အပြင်လောကမှာဘဲ မျက်စိ ဖွင့်၍ ရှာကြရသည်။ဆရာတို့ကလည်း “ မျက်စိကိုဖွင့်၊ နားကိုစွင့်” ဟု တပ်လှန့်ဆော်သြကြသည်။ မျက်စိကိုမဖွင့် နားကိုမစွင့်လျှင် ငတုံး ငအဖြစ်ရတော့မည့်ပုံစံမျိုး ခြောက်လှန့်ကြသည်။သည်တော့ မျက်စိကိုလည်း အစွမ်းကုန်ဖွင့်ကြရသည်။နားကိုလည်း အစွမ်းကုန် စွင့်ကြရသည်။မျက်စိကဖွင့်ရ ဖန်များတော့ ပြူးပြူးထွက်လာရသည်၊ နားကစွင့်ရဖန်များတော့ ကားကားထွက်လာသည်၊ သည် ခေတ်ထဲမှာ မျက်ပြူးလေးတွေ နားကားလေးတွေသာ လူရာဝင်ကြရတော့မည့် အနေအထားမျိုး ဖြစ်လာသည်။ သိပ္ပံပညာကို အဓိပ္ပါယ်ဖွင့်တော့ မျက်စိနှင့်နားကို အလုပ်ရှုပ်အောင် လုပ်လိုက်ခြင်းဟု ဆိုရ လိမ့်မည်၊ မျက်စိနှင့်ကြည့်စရာ အသစ်အဆန်းတွေကလည်း များများလာသည်၊ နားနှင့်ကြားစရာ အသစ်အဆန်းတွေ စိတ်ဝင်စားဖွယ်ရာတွေကလည်း များများလာလေသည်၊ သိပ္ပံခေတ်ကြီးကြောင့် မျက်စိနှင့် နားမှာ တော်တော်အလုပ်ရှုပ်ရသည်၊ မျက်စိနှင့်နားအလုပ်တွေများတော့ မျက်စိလည်း ပင်ပန်းသည်၊ နားလည်း ပင်ပန်းသည်၊ ထိုကြောင့် ယခုခေတ်မှာ မျက်မှန်တပ်ရသည့်လူတွေ များ များလာသည်၊ နောက်တဖြည်းဖြည်းနှင့် နားကြပ်တပ်ရမည့်သူတွေလည်း များလာဖွယ်ရှိသည်။ မျက်စိအကျင့်ဆိုသည့်အတိုင်း မျက်စိကကြည့်ဖန်များတော့ ကြည့်ချင်လာသည်၊ ဆာ လောင်မွတ်သိပ်သည်၊ နားကလည်းကြားဖန်များတော့ ကြားချင်လာသည်၊ ယခုခေတ်မှာ ပါးစပ်က ဆာလောင်မွတ်သိပ်မှုထက် မျက်စိနှင့်နားက ပို၍ဆာလောင်မွတ်သိပ်သည်ဟု ထင်သည်။ တတိယအရွယ်မှာ တရားရှာဟုဆိုသည်၊ သို့သော် မဟာဓနသူဋ္ဌေးသားဝတ္ထု၌ ဘုရားမိန့် သည်ကိုကြည့်တော့ ပညာရှာတာပဲဖြစ်ဖြစ် ဥစ္စာရှာတာပဲဖြစ်ဖြစ် တရားရှာတာပဲဖြစ်ဖြစ် ပထမ အရွယ်က အကောင်းဆုံး၊ ပထမအရွယ်ကအခွင့်အရေးအရှိဆုံးဆိုတာတွေ့ရသည်၊ ထိုဝတ္ထု၌ ဘုရားမိန့်သည်အတိုင်းဆိုလျှင် ဒုတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့သည် ပထမအရွယ်က ကံဥာဏ် ဝီရိယတို့ကို မမီတော့၊ တတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့သည် ဒုတိယအရွယ်က ကံ ဥာဏ် ဝီရိယတို့ကို မမီတော့၊ ထိုကြောင့် အတက်ကားကို ဦးစားပေးပါဟူသော စကားသည် မှန်ကန်မှုရှိသည်၊ အတက်ကားက စွမ်းဆောင်မှုတွေပိုနေတာတွေ့ရသည်။ နီတိဆရာတို့က အရွယ်သုံးပါးနှင့် အရှာသုံးမျိုးကို ယေဘုယျအားးဖြင့် ပိုင်းခြားထားခဲ့သော် လည်း အများစုက မွန်းတည့်ချိန်မှာ နေဝင်သည်ဟုဆိုရမလား၊ ဒုတိယအရွယ်မှာပဲ အချိန်ကုန်သွားကြတာက များသည်။ တတိယအရွယ်ကိုသိပ်မရောက်ဖြစ်လိုက်၊ အဘယ်ကြောင့် ဆိုသော် မျက်စိဖွင့်ရှာနေကြတာက များသောကြောင့်ဖြစ်သည်၊ နောက်ဆုံး အပြီးတိုင် မျက်စိမှိတ် သွားမှသာ မှိတ်လိုက်ကြသည်၊ ထိုသို့မမှိတ်မချင်းကတော့ ဖွင့်၍သာထားကြသည် ၊ ဖွင့်၍သာရှာ ကြသည်။ “ တရားပျောက်တော့ ကိုယ်မှာရှာ၊ တရားရှာတော့ ကိုယ်မှာတွေ့ ” ဟုဆိုသည်၊ ရှာခြင်းက နှစ်မျိုးရှိသည်၊ တရားရှာခြင်းနှင့် မတရားရှာခြင်း၊ တရားရှာကိုယ်မှာတွေ့ဆိုတော့ တရားကအပြင် မှာ မတွေ့နိုင်သည့်သဘော ဖြစ်သည်၊ အပြင်မှာမတွေ့နိုင်တာက အပြင်မှာမရှိလို့ဖြစ်လိမ့်မည်၊ အပြင်မှာရှိနေတာတွေက မတရားတာတွေပဲများနေပုံရသည်၊ သို့ဆိုလျှင် အပြင်မှာရှာနေခြင်းက တရားရှာခြင်းမဟုတ်၊ မတရားရှာခြင်းသာဖြစ်သည်ဟု ဆိုရလိမ့်မည်ထင်သည်။ အပြင်မှာတရားမရှိ အပြင်ကဟာတွေက မတရားလို့ဆိုတော့ လွန်များသွားလေမလားပဲ။ မတော်မတရားဟုဆိုသဖြင့် တော်မတရားဆိုတာကလည်း ရှိရမည်၊ ထိုကြောင့် မတော်မတ ရားနှင့် တော်မတရားဟူ၍ မတရားတာကနှစ်မျိုးရှိသည်။ ပုထုဇဉ်ဆိုတာက အကောင်းအဆိုး ဒွန်တွဲနေသည်၊ အဆိုးမရှိပါဘူး၊ အကောင်းချည်းပါဆိုလျှင် အရိယာဖြစ်သွားလိမ့်မည်၊ ပုထုဇဉ်တို့ ဆိုးရာ၌ ကိုယ့်အဆိုးက သူတပါးကိုထိခိုက်လျှင် “ မတော်မတရား” ဖြစ်သည်၊ ကိုယ့်အဆိုးက သူ တပါးကိုမထိခိုက်လျှင် “ တော်မတရား ” ဖြစ်သည် ။ ထို့်အပြင် ကိုယ်ကအကောင်းဟုခံယူထား သည်၊ အကောင်းဟုသိထားသည်၊ သို့သော် ကိုယ့်အကောင်းဆိုတာကြီးက သူတပါးအတွက် မကောင်းလျှင် ၊ သူတပါးမှာ ထိခိုက်နစ်နာနေလျှင် “ မတော်မတရား ”ဟူ၍သာသတ်မှတ်ရမည်။ အရက်ကြိုက်လို့အရက်သောက်သည်၊ သို့သော် သူတပါးကို ထိခိုက်အောင်မပြော၊ ထိ ခိုက်အောင်မလုပ်၊ ထို့အတူ အခြားအပျော်ကိစ္စ ဖျော်ဖြေရေးကိစ္စတွေလည်း မကင်းတတ်၊ သို့သော် သူတပါးအတွက် ဘာထိခိုက်နစ်နာမှုမှ မရှိလျှင် မတရားမှုမှန်သော်လည်း တော်သေး သည်၊ သို့ဆိုလျှင် “ တော်မတရား ”ဟုဆိုရမည်၊ ပုထုဇဉ်ဟူသည် မကောင်းမှုတွေမကင်းနိုင်သေး တော့ အဓမ္မခေါ် အကုသိုလ်ကိစ္စတွေက မကင်းနိုင်သေး ၊ ရှိနေလိမ့်ဦးမည် ။ အရေးကြီးတာက သူတပါးကို မထိခိုက်စေဖို့ မနစ်နာစေဖို့ဖြစ်သည်၊ မည်သို့သော အကြောင်းကြောင့်ဖြစ်စေ တဖက်သားမှာ ထိခိုက်နစ်နာသွားလျှင် တော်လည်းမတော် ၊ တရားလည်းမတရားတော့ ။ “ ရဟန်တို့ … အနရိယ ပရိယေသနာ - မမြတ်သောရှာခြင်း၊ အရိယပရိယေသနာ-မြတ်သောရှာခြင်းလို့ ရှာခြင်းနှစ်မျိုးရှိတယ်၊ မိမိကိုယ်တိုင်က အိုရ နာရ သေရတဲ့ သဘောရှိနေပါ လျှက် အအို အနာ အသေ မလွတ်တဲ့ မတရားတာတွေပဲ ရှာနေတယ်၊ မိမိကိုယ်တိုင်က စိတ်ညစ်နေရပါလျက်နဲ့ စိတ်ညစ်စရာတွေပဲ ရှာနေတယ်၊ ဒါဟာ မမြတ်သောရှာခြင်းပဲ၊ မိမိကိုယ် တိုင်မှာ အိုရ နာရ သေရတဲ့ သဘောရှိနေလို့ အအိုလွတ် အနာလွတ် အသေလွတ်တဲ့ တရားကိုရှာ တယ်၊ မိမိကိုယ်တိုင်က စိတ်ညစ်ရလွန်းလို့ စိတ်မညစ်ရမဲ့တရားကို ရှာတယ်၊ ဒါဟာ မြတ်သောရှာ ခြင်းပဲ ” ၊ ပရိယေသနသုတ္တန်၌ ဘုရားက ဤသို့မိန့်ခဲ့သည်။ ကမ္ဘာတစ်လွှားမှာ အားလုံးကတော့ အရှာသမားတွေချည်းပါပဲ၊ ဘာတွေရှာနေကြတာလဲ၊ ပညာ၊ ဥစ္စာ၊ အောင်မြင်မှု၊ ကျော်ကြားမှု၊ ချမ်းသာမှု၊ အဓိကကတော့ ငွေ၊ ငွေဆိုတာကလည်း ချမ်းသာဖို့ပါပဲ၊ ဒါတွေက ဘယ်အတိုင်းအတာအထိ မိမိပိုင်ဆိုင်ခွင့်ရနေရမှာလဲ၊ အားလုံးက အနိစ္စ၊ အားလုံးက ပုတိ၊ ဘင်္ဂ၊ မရဏ၊မိမိလက်ထဲမှာ အခိုက်အတန့်ပါပဲ၊ ထိုကြောင့် ဘုရားက ဒါတွေကို ရှာနေတာ အနရိယပရိယေသနာ-မမြတ်သောရှာခြင်းဟုမိန့်ခဲ့သည်။ တစ်ခါက ဥပတိဿနှင့် ကောလိတ သူငယ်ချင်းနှစ်ယောက်ပွဲကြည့်နေကြသည်၊ သူတို့နှစ် ယောက်ပွဲကြည့်ရင်း စဉ်းစားတာက “ ဒီပွဲ ကနေသူတွေရော ပွဲကြည့်နေသူရော အားလုံးဟာ အနှစ်တရာအတွင်း သေကြေပျက်စီးကြရမှာ၊ အနှစ်တရာလောက်ဆိုရင် နာမည်တောင်ကျန်မှာ မဟုတ်တော့ဘူး၊ အားလုံးဟာ “မတ” သေကြရမှာ၊ “မတ ”ဆိုတဲ့ သေခြင်းရှိရင် “ အမတ ”ဆိုတဲ့ မသေရာအမြိုက်တရားလည်းရှိရမှာပေါ့၊ အဲဒီ အမြိုက်တရားကို ငါတို့နှစ်ယောက် ရှာဖွေကြရ အောင် ” ဟု တိုင်ပင်ပြီး အရှာထွက်ခဲ့ကြသည်။ ကောလိတသည် အရှင်အဿဇိထံမှ တရားနာရသဖြင့် အမတခေါ် အမြိုက်တရား ရသွား သည်။ ဥပတိဿက ကောလိတထံမှတဆင့် တရားနာရသဖြင့် အမြိုက်တရားရသွားသည်၊ ဥပတိဿက အရှင်သာရိပုတ္တရာဖြစ်လာသည်၊ ကောလိတက အရှင်မောဂ္ဂလာန် ဖြစ်လာသည်၊ သူ တို့၏ ဆုတောင်းနှင့် ဖြည့်ကျင့်မှုကြောင့် အရှင်သာရိပုတ္တရာက ပညာအရာမှာ အမြတ်ဆုံးအဖြစ် နှင့် ဧတဒဂ်ရပြီး လင်္ကျာရံအဂ္ဂသာဝကကြီး ဖြစ်ရသည်၊ အရှင်မောဂ္ဂလာန်က တန်ခိုးအရာမှာ အမြတ်ဆုံး အဖြစ်နှင့် ဧတဒဂ်ရပြီး လက်ဝဲရံအဂ္ဂသာဝကကြီး ဖြစ်ရသည်။ သူတို့နှစ်ဦး ပထမတော့ မျက်စိဖွင့်ရှာကြသည်၊ မျက်စိဖွင့်ရှာနေတာတွေက သေခြာတွေး ကြည့်လိုက်တော့ စိတ်ညစ်စရာတွေချည်း ဖြစ်နေသည်၊ သူတို့လမ်းကြောင်းပြောင်းလိုက်ကြတော့ သည်၊ အာရုံပြောင်းလိုက်ကြသည်၊ အပြင်လောကထဲ မျက်စိဖွင့်ရှာနေရာကနေ မိမိရုပ် နာမ် ခန္ဓာ အတွင်းလောကထဲ စိတ်ပြန်ထည့်ပြီး မျက်စိမှိတ်၍ ရှာကြည့်ကြသည်၊ သူတို့လိုချင်သော ညစ်ညမ်း မှုတွေ ကင်စင်၍ သန့်ရှင်းသောစိတ်ကို တွေ့သွားကြသည်၊ ထိုစိတ်ကို တွေ့ရှိလိုက်သဖြင့် အမြိုက်တရားကိုလည်း တွေ့သွားကြသည်။ ဂေါတမဘုရားရှင် ဘုရားဖြစ်တော်မူကာစ ကျွတ်ထိုက်သည့် ဝေနေယျအများကို ကြည့် လိုက်တော့ ဘဒ္ဒဝဂ္ဂိယညီနောင် မင်းသားသုံးကျိပ် ကျွတ်တမ်းဝင်မည့် အရေးကို တွေ့ရသည်၊ ထိုကြောင့် တောထဲတစ်နေရာ မင်းသားတွေနှင့် တွေ့နိုင်မည့်နေရာက သွားကြိုနေသည်။ တစ်နေ့တော့ မင်းသားသုံးဆယ်သည် ပျော်ပွဲစား ထွက်လာကြသည်၊ ၂၉-ယောက်သော မင်းသားတွေက ကိုယ်ပိုင်ကြင်ယာတွေ ရှိကြသည်၊ တစ်ယောက်သောမင်းသားက ကိုယ်ပိုင်မရှိလို့ အမျိုးသမီးတစ်ယောက်ကို အခကြေးငွေနှင့် ခေါ်လာသည်၊ နေ့လည်ခင်း မင်းသားတွေ မူးရူးပြီး အိပ်ပျော်နေခိုက် အခပေးခေါ်လာသော အမျိုးသမီးက မင်းသားတွေ၏ လက်ဝတ်တန်ဆာ ရတနာ တွေကို ခိုးယူထွက်ပြေးလေတော့၏ ။ ညနေစောင်း မင်းသားတွေနိုးလာသောအခါ သူတို့ပစ္စည်းတွေလည်းပျောက်၊ ခေါ်လာ သော အမျိုးသမီးလည်း ပျောက်မို့ စိတ်ဆိုးဆိုးနှင့် တွေ့ရာသင်္ချိုင်း ဓားမဆိုင်း သတ်မယ်ဟဲ့ရယ် လို့ အမျိုးသမီးပျောက်လိုက်ရှာကြသည်၊ လမ်းတစ်နေရာ ဘုရားနှင့်တွေ့တော့ သူတို့က ဘုရားမှန်း လည်းမသိ သာမန်ရသေ့ပရဗိုဇ်တစ်ပါးမျှသာ ယူဆသည်။ မင်းသားတွေက “ အရှင်ဘုရား …. ဒီနားမှာ အမျိုးသမီးတစ်ယောက်များ ဖြတ်သွားတာ မတွေ့မိပါလားဘုရား ” ဟု မေးလျှောက်တော့ ဘုရားက “ နေစမ်းပါဦးကွယ် …မင်းတို့ကို ငါ စကားတစ်ခွန်းလောက် အရင်မေးစမ်းပါရစေ၊ ယခုလို အမျိုးသမီးပျောက်လို့ ရှာတာနဲ့ ကိုယ့်ကို ကိုယ်ရှာတာ နှစ်ခုမှာ ဘယ်ရှာတာက ပိုကောင်းပါသလဲ ” ဟု မေးခွန်းထုတ်သည်။ ပါရမီဓါတ်ခံ ရင့်သန်နေသော မင်းသားတွေဖြစ်တော့ ချက်ချင်းသဘောပေါက်သွားသည်၊ ဦးတွေညွတ်သွားကြသည်၊ ဒူးတွေ ကွေးသွားကြသည်၊ လက်ထဲကဓားတွေ လှံတွေ ဘေးလွှတ်ချ လိုက်သည်၊ ပုဆစ် ဒူးတုပ်လျက်သား ဖြစ်သွားသည်၊ လက်အုပ်က အလိုလိုချီပြီးသား ဖြစ်သွား သည်၊ သူတို့ပြန်ဖြေကြသည်၊ “ အရှင်ဘုရား … ကိုယ့်ကိုကိုယ် ပြန်ရှာတာက ပိုကောင်းပါတယ် ဘုရား ….” ။ “ ဒါဆိုလျှင်လည်း ငါပြောတာ နားစိုက်ကြ ” ဟု မိန့်ပြီး ဘုရားက ဒါန သီလ သဂ္ဂ မဂ္ဂကထာတို့ကို ဆက်ဟောသည်၊ မင်းသားတွေ မျက်စိမှိတ်ပြီး ခန္ဓာထဲ ဥာဏ်စိုက်ရှာဖွေလိုက်ကြ သည်၊ သစ္စာလေးပါးတရားကို တွေ့ရှိသွားကြသည်၊ မင်းသားတွေ အပြင်လောကကို မျက်စိဖွင့်ပြီး ရှာကြစဉ်ကတော့ ပူလွန်း၊ လောင်လွန်းလိုက်တာ၊ ဒေါသ၊ ဒေါမနဿတွေနှင့် စိတ်ဆိုးလိုက်ရတာ၊ စိတ်တွေညစ်လိုက်ရတာ၊ အခုတော့မျက်စိမှိတ်ပြီး အတွင်းလောကကို အာရုံပြုကာ ခန္ဓာဥာဏ်စိုက် ရှာလိုက်ကြတော့ အပူတွေ အလောင်တွေ အားလုံးလည်း ငြိမ်းသွား အေးသွားတော့သည်၊ အရှုပ်တွေအားလုံးလည်း ရှင်းသွားတော့သည်၊ အညစ်တွေအားလုံးလည်း သန့်ရှင်းစင်ကြယ်သွား တော့သည်။ မိမိတို့ မျက်စိဖွင့်ရှာခဲ့ကြတာ များနေပြီ၊ နောက်ဆုံး အပြီးတိုင် မျက်စိမမှိတ်ခင်လေး အတွင်းမှာ မျက်စိမှိတ်ပြီး ရှာကြည့်ဖို့တော့ လိုအပ်နေသေးသည်၊ ငြိမ်းချင် ၊ အေးချင်၊ သန့်ချင် ၊ ရှင်းချင် ၊ စင်ကြယ်ချင်လျှင်တော့ မျက်စိမှိတ်၍ ရှာကြရဦးမည်။ ကဲ….မျက်စိမှိတ်ပြီး -
ကိုယ့်စိတ်ကလေးကိုယ် - ကြည့်ကြည့်လိုက်စမ်းပါ- ဘာရှိလည်း ဘာမှမရှိဘူး - ဘယ်သူရှိလည်း ဘယ်သူမှမရှိဘူး ငါရှိလား ငါလည်းမရှိဘူး - မရှိတာကို အရှိလုပ်နေလို့ခက်နေတာ မရှိကို အရှိမှတ်နေလို့ - လောဘ ဒေါသ မာန်မာနတွေနဲ့ ခက်ထန်နေကြ - မောက်မာနေကြ - ရိုင်းစိုင်းနေကြ ပူလောင်နေကြတာ - မျက်စိဖွင့်ကြည့်နေသမျှတော့ ရှိနေမှာပဲ မျက်စိမှိတ် ကြည့်လိုက်လျှင်တော့ - ဘာမှမရှိပါလား ဘာမှမဟုတ်ပါလားဆိုတာ အမှန်အတိုင်း သိသွား မြင်သွားပြီ - လောဘ ဒေါသစသည် အားလုံး ချုပ်သွား
ငြိမ်းသွား ပျောက်သွားလေပြီ - ငြိမ်းချမ်းရေးဟူသည် အတွင်းမှာသာရှိသည် - မျက်စိမှိတ်ရှာမှတွေ့မည် ……. ( ဓမ္မပီယဆရာတော်..လွမ်းလို့သာ ကျန်ရစ်ခဲ့ပါစေလေ ….စာအုပ်မှ)

Tuesday, July 20, 2010

How To Solve The Problem / ပြဿနာတစ်ခုကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ

တစ်ခါက မုဆိုးကြီးတစ်ယောက်ဟာ သူ့သားကို အသိပညာတစ်ခုပေးချင်လို့ သူတောလိုက်သွားရာကို ခေါ်သွားသတဲ့။ တစ်နေရာလဲရောက်ရော တောင်ကမူလေးတစ်ခုမှာ ခွေးတစ်ကောင်က နေပူစာလှုံနေသတဲ့။ ဖခင်မုဆိုးကြီးက သူ့သားကို သေသေချာချာကြည့်ခိုင်းပြီး နေပူစာလှုံနေတဲ့ ခွေးကိုမထိစေပဲခွေးရဲ့ ဘေးနားရောက်အောင် ခဲလုံးတစ်လုံးနဲ့ ပစ်ပေါက်လိုက်တယ်။ ခွေးဟာ သူ့ဘေးနားကျလာတဲ့ ခဲလုံးကြောင့် လန့်ပြီး ငေါက်ကနဲ ထရပ်လိုက်တယ်။ ပြီးတော့ ဘာရယ်ညာရယ်မှန်း မသိပေမဲ့ (ခဲလုံးမှန်းတော့ သူသိတယ်) သူ့ကိုလာလန့်စေတဲ့ ခဲလုံးကို လိုက်ကိုက်နေတော့တယ်။ ခွေးဟာ ခဲလုံးကသူ့ကို လာလဲမထိဘူး၊ စားစရာလဲမဟုတ်ဘူးဆိုတာ သိသိကြီးနဲ့ ခဲလုံးကို ကိုက်နေတယ်။ ဒီမြင်ကွင်းကိုကြည့်ပြီး သားအဖနှစ်ယောက် ပြန်လာခဲ့ကြတယ်။ နောက်တစ်ပတ်လောက်နေတော့ ဖခင်မုဆိုးကြီးဟာ သူ့သားကိုခေါ်ပြီး တောထဲကို ထွက်လာခဲ့ပြန်တယ်။ ဒီတစ်ခါမှာတော့သူတို့ဟာ နေရာအချက်အချာကောင်းတဲ့ သစ်ပင်ပေါ်မှာနေရာယူကြတယ်။ သူတို့နေရာယူထားတဲ့ သစ်ပင်ရဲ့အရှေ့ဘက်မှာ ကျောက်ဂူတစ်ခုရှိတယ်။ ကျောက်ဂူဝမှာ ခြင်္သေ့တစ်ကောင် နေပူစာလှုံနေတယ်။ ဖခင်မုဆိုးကြီးက သူ့သားကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခြင်္သေ့ရဲ့ လက်နဲ့လည်ပင်းကြားထဲကို ခြင်္သေ့ကိုမထိစေပဲ မြှားတစ်စင်းပစ်လိုက်တယ်။ မြှားကလဲလိုရာနေရာကို ကွက်တိပဲ။ ခြင်္သေ့ရဲ့ လည်ပင်းနဲ့ လက်ကြားထဲသွားစိုက်တယ်။ စွပ်ခနဲလာစိုက်တဲ့မြှားကို ခြင်္သေ့ကဖျတ်ခနဲကြည့်ပါတယ်။ ဒါပေမဲ့ ခြင်္သေ့ကမြှားကို ဘာမှမလုပ်ပဲ လာစိုက်တဲ့မြှားကို သေသေချာချာကြည့်ပြီး ငြိမ်နေတယ်။ ခဏကြာတော့ မြှားလာရာလမ်းကြောင်းကို မျှော်ကြည့်တယ်။ ပြီးတော့ မြှားကိုတလှည့်၊ မြှားလာရာလမ်းကြောင်းကိုတလှည့် သေချာကြည့်တယ်။ မြှားတံကို ခြင်္သေ့ကဘာမှမလုပ်ပဲ မြှားလာရာလမ်းကြောင်းရဲ့ အဆုံးမှာရှိတဲ့ ရန်သူကို ရှာဖွေတိုက်ခိုက်ဖို့ရာ တလှမ်းချင်းလှမ်းပြီး လျှောက်လာတယ်။ ဒါကြောင့် .......... ကိုယ့်ကို ခြောက်လှန့်ခံရတဲ့ခဲလုံးကို လိုက်ကိုက်တဲ့ ခွေး၊ ကိုယ့်ကို ရန်ပြုလာတဲ့မြှားကို လျစ်လျူရှုပြီး မြှားလာရာလမ်းကြောင်းရဲ့ဟိုဘက်မှာရှိတဲ့ အဓိကရန်သူကို တိုက်ခိုက်တတ်တဲ့ ခြင်္သေ့ . . . . ခွေးကတော့ ခွေးပါပဲ ဒီလိုပဲ . . . ခြင်္သေ့ကလဲ ခြင်္သေ့ပါပဲ ဒါကြောင့်မို့လဲ ခြင်္သေ့ဆိုတာ တောဘုရင်ဖြစ်နေတာပေါ့။ လောကကြီးမှာလဲ ဒီလိုပါပဲ ... ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို အတင်းတွန်းထိုး တိုက်ခိုက်မှာလား ပြဿနာရဲ့အစကိုရှာပြီး ပြေလည်အောင်ရှင်းမှာလား ဆိုပြီး နစ်မျိုးကွဲ သွားပါတယ်။ အဲဒါကြောင့် ပြဿနာနဲ့တွေ့တိုင်း သင့်ကိုယ်သင် မေးကြည့်ပါ။ ငါဟာ ခြင်္သေ့လုပ်မှာလား / ခွေးလုပ်မှာလား အဖြေရလာပါလိမ့်မယ်။ “ ပညာတတ် နဲ့ ပညာမဲ့ ၊ ဘာကွာမယ်ထင်လဲ ? ဘာမှ မကွာဘူး ခြေ၊ လက်၊ ခေါင်း အတူတူပဲ တစ်ခုပဲကွာတယ် ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းတတ်တယ် ဆိုတာပဲ ” 
Ref: Heng Lee Zen ရဲ့ Which One? ကို ဘာသာပြန်ဆိုပါသည်။ 
forever friend မှ ကူးယူဖေါ်ပြပါသည် ။

Monday, July 19, 2010

၆၃နှစ်ပြည့်အထိမ်းအမှတ် ကျဆုံးသွားသော အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးအလှူဒါန ပြုလုပ်ပွဲ အခမ်းအနား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဋ္ဌာနခွဲမှ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရည်စူး၍ တိုကျိုနာကအိဘရှိ မြန်ဘုန်တော်ကြီးကျောင်းတွင်
နံနက်(၁၁)နာရီမှ နေ့လည်(၂xနာရီအထိ အလှူဒါန ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့ချုပ်အဖွဲ့ဝင်များမှ တဦးလျှင်ဆွမ်းတပွဲနှင့် ၀ထ္ထုငွေများစုပေါင်း ပါဝင်၍ သံဃာတော်အရှင်သူမြတ်များအား ဆွမ်းခဲဘွယ်များဆက်ကပ်လှူဒါန်းပြီး အာဇာနည်ခေါင်းဆောင်ကြီးများအား ရေစက်ချမေတ္တာပို့ခဲ့ကြောင်း  သိရပါတယ်။ ဓါတ်ပုံနှင့် ရုပ်သံမှတ်တမ်း။။ကိုပွား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ ဂျပန်ဌာနခွဲ၊ နဂိုယာစည်းရုံးရေးဒေသမှ (၆၃)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဆွမ်းကပ်လှူပွဲအခမ်းအနားကျင်းပ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ ဂျပန်ဌာနခွဲ၊ နဂိုယာစည်းရုံးရေးဒေသမှ (၆၃)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဆွမ်းကပ်လှူပွဲအခမ်းအနားကို ယနေ့(၁၈-၇-၂၀၁၀) တနင်္ဂးနွေနေ့၊ နံနက်(၈)နာရီတွင် နဂိုယာစည်းရုံးရေးဒေသ၏ ရုံးခန်းတွင်ကျင်းပခဲ့ကြသည်။ အဆိုပါ (၆၃)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်ဆွမ်းကပ်လှူပွဲအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)၊ ဂျပန်ဌာနခွဲ၊ နဂိုယာစည်းရုံးရေးဒေသမှအဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံသားဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအသင်း(ဂျပန်)မှအဖွဲ့ဝင်များ၊ စုစုပေါင်းအင်အား(၃၀)ခန့် တက်ရောက်ခဲ့ကြသည်။ နံနက်(၈း၃၀)တွင် ဆရာတော်အား မုန့်ဟင်းခါးဆွမ်းနှင့်အချိုပွဲများဆက်ကပ်လှူဒါန်းခြင်း၊ (ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး)စသည်တို့အတွက် အဖွဲ့ဝင်များမှပူးပေါင်းလှူတန်းထားသော နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခြင်းနှင့် ဆရာတော်မှဟောကြားတော်မူသော တရားဒေသနာတော်များကိုကြားနာခဲ့ကြသည်။ ဆက်လက်ပြီး (၁၉၄၇)ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့တွင်ကျဆုံးသွားသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများအားရည်စူးပြီး ရေစက်ချအမျှဝေခဲ့ကြသည်။ ထို့နောက် ကြွရောက်လာကြသော ဒီမိုကရေစီအင်အားစုများနှင့် ဧည့်သည်တော်များအား မုန့်ဟင်းခါးနှင့်တည်ခင်းဧည့်ခံပြီး နေ့လည်(၁၁း၃၀)ခန့်တွင် အခမ်းအနားကိုရုပ်သိမ်းခဲ့ကြသည်။
ပေးပို့သူ။ ။ကိုမျိုးသီဟန်

Friday, July 16, 2010

အာဇာနည်နေ့ ဒို့မမေ့ (63) နှစ်မြောက် အာဇာနည်နေ့၊အာဇာနည်ခေါင်းဆောင်ကြီးများကိုဂုဏ်ပြုပါ၏

(63) နှစ်မြောက် အာဇာနည်နေ့ အောင်ဆန်းဇာနည် ဖေဖေါ်ဝါရီ ဆယ့်သုံး မှာ ဗိုလ်ချုပ်မွေးနေ့ပါ၊ တစ်ထောင့်ကိုးရာတစ်ဆယ့်ငါး ရှေ့နေ ဦးဖာသား၊ ဇာတိ နတ်မောက် မကွေးခရိုင် သိကြများ ခုတိုင်၊ ကြံ့ကြံ့ခိုင်လို့ ဇာနည်ဘွား မိခင်ဒေါ်စုသား၊ တစ်ထောင့်ကိုးရာလေးဆယ့်ခွန် ပြောင်းကြွ တမလွန်၊ မျက်ရည်သွန်လို့ ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး။ ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ် တို့ဖခင်၊ ကောင်းစေချင်တဲ့ မှာစကား ငါတို့ မမေ့အား။ ၁၉၄၇ ဇူလိုင် ၁၉ ရက် နံနက် ၁၀း၃၀ ......................။ ထိုနေ့သည် မြန်မာပြည် အတွက် ကြီးစွာသော ဆုံးရှုံးမှု ကြီးတစ်ခု ဖြစ်ခဲ့လေသည်..အစည်းအဝေးများ ကျင်းပရာ ၀န်ကြီးများ ရုံးတွင် သေနတ်သံများကြားလိုက်ရပြီးမြန်မာပြည် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ၀န်ကြီးများဖြစ်သော သခင်ြမ ၊ဒီးဒုတ် ဦးဘချို ၊ ဦးရာဇတ် ၊ မန်းဘခိုင်၊ ဦးဘ၀င်း ၊ မန်းဘခိုင် ၊ မိုင်းပွန်စော်ဘွားစ၀်စံထွန်း ၊ဦးအုန်းမောင် ၊ ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော် ကိုထွေး တို့ လုပ်ကြံခံခဲ့ရ ပါသည်။ မြန်မာပြည်တစ်ဝှန်းလုံးရှိ ပြည်သူလူထုတို့ ၏ မျက်ဝန်းအိမ်မှ မယုံကြည်နိုင်သော အရိပ်အယောင် နှင့် အံ့သြမှု ၊ ၀မ်းနည်းမှု ၊ မှင်တက်မှု ၊ကြေကွဲမှု တို့ မှ ဖြစ်ပေါ်လာသော မျက်ရည်များကျဆင်းခဲ့ရပါသည်..။တိုင်းပြည်နှင့် လူမျိုး အကျိုးကို လုပ်ဆောင်နေ ကြသော ခေါင်းဆောင်ကြီးများကို မှ ဦးတည် လုပ်ကြံခဲ့ကြသော လူသတ်သမား တို့ ကို နာကျည်းမုန်းတီးလျက် ဖြေမဆည်နိုင် သော ၀မ်းနည်းမှုများ လူထု တစ်ရပ်လုံး၏စိတ်တွင် ဖြစ်ပေါ်လာခဲ့သည်..။ထိုသို့သော အာဇာနည် နေ့ထူးနေ့မြတ်ကို မမေ့သင့်ပေ.။ သမိုင်းဟူသည် မည်သည့် နိုင်ငံ ၊ မည်သည့် လူမျိုး အတွက်မဆို မရှိမဖြစ်သော အကြောင်းအရာ ဖြစ်သည်..။ ကိုယ့်သမိုင်း ကိုယ်ရေးတာပဲ ဟူ၍ ကောင်းရာမှန်ရာ လုပ်ကိုင်ပါက အနာဂတ် အတွက် နာမည်ကောင်းရသကဲ့သို့ မှားယွင်းသော လုပ်ဆောင်ချက်များဖြစ်ပါက သမိုင်းတွင် အမည်းစက် ကြီးသာ ဖြစ်နေပေလိမ့်မည်..။ထို့ကြောင့် သမိုင်းကြောင်းကောင်းအောင် ၀ိုင်းဝန်းဆောင်ရွက်ကြပါစို့...။
ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)။ ၁၉၁၅ ခု၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မကွေးတိုင်း၊ တောင်တွင်းကြီး ခရိုင်၊ နတ်မောက်မြို့၌ အမိန့်တော်ရ ရှေ့နေ ဦးဖာ - ဒေါ်စု တို့မှ နောင်တခေတ်တွင် ဗိုလ်ချုပ် အောင်ဆန်း ဟူ၍ မြန်မာ နိုင်ငံ သမိုင်း၌ တွင်စေမည့် သားရတနာကို ဖွားမြင် ခဲ့သည်။ ဇာတာ အမည်မှာ မောင်ထိန်လင်း ဖြစ်သော်လည်း ငယ်စဉ် ကပင် မောင်အောင်ဆန်းဟု တွင်သည်။ ငယ်စဉ်က နတ်မောက်မြို့ ဆရာတော် ဦးသောဘိတ ကျောင်း၌ နေခဲ့သည်။ ၁၉၂၈ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူ ခဲ့ပြီး၊ ယင်းကျောင်းမှ မြန်မာ၊ ပါဠိ ၂ ဘာသာ ဂုဏ်ထူးဖြင့် ၁ဝ တန်း အောင်မြင် ခဲ့သည်။ ပညာ ထူးချွန်သူ ဖြစ်၍ အထက်တန်း စကောလားရှစ်နှင့် ဦးရွှေခိုဆု ရရှိခဲ့ ဖူးသည်။ ထိုနောက် ရန်ကုန် တက္ကသိုလ်သို့ တက်ရောက်ပြီး ဆက်လက် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၅ - ၃၆ ပညာ သင်နှစ်မှ စ၍ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီး၊ သမဂ္ဂ၏ အာဘော် အိုးဝေ မဂ္ဂဇင်း အယ်ဒီတာလည်း လာခဲ့သည်။ ကိုအောင်ဆန်း အယ်ဒီတာ အဖြစ် ဆောင်ရွက်သော အိုးဝေ မဂ္ဂဇင်းတွင် ယမမင်း အမည် အိုးဝေ ညိုမြ ရေးသားသော “ငရဲခွေးကြီး လွတ်ပြီး သရမ်း နေသည် (The Hell Hound At Large)” ခေါင်းစဉ်ဖြင့် ပေးစာ တစောင် ဖော်ပြခဲ့ မှုသည်လည်း ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ် ဖြစ်ပွား စေခဲ့သော အဓိက အကြောင်းရင်း တချက် ဖြစ်သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်၏ သပိတ်မှောက် ကောင်စီ အဖွဲ့ဝင် တဦးလည်း ဖြစ်ခဲ့သည်။ ကုလား - ဗမာ အဓိကရုဏ်း ပေါ်ခဲ့သည်။ သမဂ္ဂသည် အဓိကရုဏ်းကြောင့် ဒုက္ခ ရောက်သူ များအား ကယ်ဆယ်ရေး လုပ်ငန်း များကို ဆောင်ရွက် ခဲ့သည်။ ၁၉၃၆ ခု သပိတ် အရေးတော်ပုံတွင် ဖွဲ့စည်း ပေးခဲ့သော ဆာမြဘူး ကော်မတီ အစီရင်ခံစာ ထွက်လာသည်၊ အစီရင် ခံစာကို တကသမှ ကန့်ကွက် ခဲ့သည်။ ဒေါက်တာ ဘမော် အစိုးရ တက္ကသိုလ် အက်ဥပဒေကြမ်း ပြုလုပ်ရန် စီစဉ်သည် ကိုလည်း လက်မခံခဲ့ပေ။ ၁၉၃၆ - ၃၇ ပညာ သင်နှစ်တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာပြီး၊ ၁၉၃၈ - ၃၉ တွင် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၆ တက္ကသိုလ် သပိတ် အပြီးတွင် ပေါ်ပေါက် လာသော ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂကြီးကို ဦးစီး တည်ထောင်သူ တဦးလည်း ဖြစ်ပြီး၊ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂတွင် ပထမဆုံး အတွင်းရေးမှူး ဖြစ်လေသည်။ ၁၉၃၇ - ၃၈ တွင် ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ အဖြစ် တာဝန် ယူခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဝိဇ္ဇာတန်းကို အောင်ပြီး၊ ဥပဒေ ဝိဇ္ဇာတန်းသို့ ဆက်တက် ခဲ့သည်။ ၁၉၃၈ - ၃၉ တွင် တကသ ဥက္ကဋ္ဌ ဖြစ်သည်။ တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေး ကော်မတီတွင် အဖွဲ့ဝင် အဖြစ်လည်း တာဝန် ယူခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဖြစ်သည့် တက္ကသိုလ် ကောင်စီဝင်တွင် ပထမဆုံး ကျောင်းသား ကိုယ်စားလှယ် အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် တကသ ဥက္ကဋ္ဌ အဖြစ် သက်တန်း ကုန်သည်ထိ မနေခဲ့ပေ။ ၁၉၃၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ပြီး သခင် ကိုယ်တော်မှိုင်း ကြီးမှူးသော တို့ဗမာ အစည်းအရုံးသို့ ဝင်ရောက်၍ သခင် အောင်ဆန်း အဖြစ် နိုင်ငံရေး နယ်ပယ်သို့ ခြေစုံပစ် ဝင်ခဲ့သည်။ ၁၉၃၉ တွင် တို့ဗမာ အစည်းအရုံး၏ အတွင်းရေးမှူး အဖြစ် တက်မြောက်ခြင်း ခံရသည်။ သခင် အောင်ဆန်းသည် ဒုတိယ ကမ္ဘာစစ် ဖြစ်လာ၍ မြန်မာ့ လွတ်လပ်ရေး အတွက် စည်းစည်းလုံးလုံး ဆောင်ရွက်နိုင်ရန် ဖွဲ့စည်း ခဲ့သော ဗမာ ထွက်ရပ်ဂိုဏ်းတွင် အတွင်းရေးမှူး အဖြစ်လည်း တာဝန် ယူခဲ့သည်။ မြန်မာ့ လွတ်လပ်ရေး အတွက် လက်နက်ကိုင် တော်လှန်ရေး ဆင်နွဲရန် ပေါ်ပေါက် ခဲ့သော ပြည်သူ့ အရေးတော်ပုံ ပါတီ (နောင် ဆိုရှယ်လစ် ပါတီ) ၏ ပြည်ပ ဆက်သွယ်ရေး ခေါင်းဆောင် တာဝန်ကိုလည်း ယူခဲ့သည်။ ၁၉၄ဝ မတ်လ အတွင်း အိန္ဒိယ နိုင်ငံ ရမ်းဂါးမြို့၌ ကျင်းပသော အိန္ဒိယ အမျိုးသား ကွန်ဂရက် ညီလာခံသို့ တက်ရောက် ခဲ့သည်။ သခင် အောင်ဆန်းအား အင်္ဂလိပ် နယ်ချဲ့ အစိုးရကို ဆန့်ကျင် ဟောပြော မှုဖြင့် ဖမ်းဆီးရန် ဟင်္သာတ ခရိုင် ရာဇဝတ်ဝန် ဆုငွေ ၅ ကျပ်ဖြင့် ဖမ်းဝရမ်း ထုတ်ခဲ့သည်။ ၁၉၄ဝ သြဂုတ်လ အတွင်း မြန်မာ့ လွတ်လပ်ရေး အတွက် အင်္ဂလိပ် နယ်ချဲ့ အစိုးရအား မြန်မာ့ မြေပေါ်မှ လက်နက် အားဖြင့် မောင်းထုတ် နိုင်ရန် အတွက် နိုင်ငံခြားမှ အကူအညီ ရယူရန် တရုတ်နိုင်ငံသို့ စွန့်စား ထွက်ခွာ ခဲ့သည်။ တရုတ်ပြည် အမွိုင်၌ သောင်တင် နေစဉ် မြန်မာနိုင်ငံမှ ရဲဘော်များ၏ စီစဉ် ဆောင်ရွက် ပေးမှုကြောင့် ဂျပန် အရာရှိ စူဖူကိကေအိချိနှင့် အဆက်အသွယ် ရကာ ဂျပန် နိုင်ငံသို့ ရောက်သွားသည်။ဂျပန်ပြည်တွင် ‘ဗမာ့ လွတ်လပ်ရေး စီမံကိန်း’ စာတမ်း တရပ်ကို ရေးဆွဲကာ ဂျပန် စစ်အာဏာပိုင် များနှင့် ညှိနှိုင်းခဲ့သည်။ ယင်း စီမံကိန်း အရ မြန်မာပြည် အတွင်းမှ မျိုးချစ် လူငယ် များကို စုစည်းကာ အလီလီ ခွဲလျက် ဂျပန်ပြည်သို့ ပို့ပေးခဲ့သည်။ ဤမျိုးချစ် လူငယ် တစုသည် ပင်လျှင် နောင်သော အခါတွင် ဗိုလ်တေဇ (ခေါ်) ဗိုလ်အောင်ဆန်း ခေါင်းဆောင်သည့် ရဲဘော် သုံးကျိပ် ဖြစ်လာ ခဲ့သည်။ ဤမျိုးချစ် လူငယ်များသည် ဗမာ့ လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ) ကို ယိုးဒယား (ယခု ထိုင်း) နိုင်ငံ ဘန်ကောက်တွင် ဖွဲ့စည်း တည်ထောင်ကာ မြန်မာနိုင်ငံ အတွင်းသို့ ဂျပန်များ နှင့်အတူ ဝင်ရောက် တိုက်ခိုက် ခဲ့သည်။ ဂျပန် တပ်မတော်က မြန်မာနိုင်ငံကို သိမ်းပြီးသော အခါ အင်အား ကြီးထွားပြီး ဗရမ်းဗတာ ဖြစ်လာသော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို အင်အား လျော့ချပြီး ဗမာ့ ကာကွယ်ရေး တပ်မတော် (ဘီဒီအေ) အဖြစ် ပြန်လည် ဖွဲ့စည်း သည့်အခါ ဗိုလ်ချုပ် အောင်ဆန်းသည် ဘီဒီအေ၏ စစ်သနာပတိ ဖြစ်လာသည်။ ၁၉၄၂ ခု စက်တင်ဘာလတွင် သူနာပြု ဆရာမ ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ မြန်မာနိုင်ငံကို ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေး ပေးသော အခါ ဗိုလ်ချုပ် အောင်ဆန်းသည် စစ်ဝန်ကြီးနှင့် စစ်သေနာပတိ ဖြစ်လာသည်။ ဖက်ဆစ် ဂျပန် စစ်အုပ်ချုပ်ရေး သမားများသည် မြန်မာ နိုင်ငံနှင့် ပြည်သူတို့အား ဖက်ဆစ်နိုင်ငံ၏ လက်အောက်ခံ နိုင်ငံ တနိုင်ငံ သဖွယ် သဘောထား လာကြသည်။ ထို့ကြောင့် ၁၉၄၄ ခုနှစ် သြဂုတ်လ အတွင်းမှာ ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် စိုးတို့ ဦးဆောင်ပြီး ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖတပလ) [ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး အဖွဲ့ချုပ် (ဖဆပလ)] ကို ဖွဲ့စည်း တည်ထောင်ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဗမာ့ ကာကွယ်ရေး တပ်မတော်သည် ဗိုလ်ချုပ် အောင်ဆန်း၏ တိုက်ရိုက် ကွပ်ကဲ ညွှန်ကြားမှုဖြင့် ဖက်ဆစ် ဂျပန် တို့ကို အတိအလင်း စစ်ကြေညာကာ ဖက်ဆစ် တော်လှန်ရေးကို ဆင်နွှဲ ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးနောက်တွင် ဗမာ့ တပ်မတော်ကို ဂန္ဒီ စာချုပ် အရ ဆက်လက် ဖွဲ့စည်း တည်ထောင် ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းသည် တပ်မတော်မှ နှုတ်ထွက်ကာ နိုင်ငံရေး ခေါင်းဆောင် ဖဆပလ ဥက္ကဋ္ဌ အဖြစ် တိုင်းပြည် တာဝန်ကို ဆက်လက် ထမ်းဆောင် ခဲ့သည်။ ဒုတိယ ကမ္ဘာစစ် အပြီးတွင် မြန်မာနိုင်ငံ ဘုရင်ခံ ဆာဒေါ်မန်စမစ်က ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် ဖဆပလ ခေါင်းဆောင်များအား ဘုရင်ခံ၏ အမှုဆောင် ကောင်စီတွင် ရာထူး လက်ခံရန် စကား ကမ်းလှမ်းသော်လည်း ဖဆပလမှ ချမှတ်ထားသော စည်းကမ်းချက်များ အတိုင်း မရ၍ ဗိုလ်ချုပ် အောင်ဆန်းတို့က လက်မခံခဲ့ဘဲ၊ ဘုရင်ခံရဲ့ စက္ကူဖြူ စီမံကိန်း တိုက်ဖျက်ရေး ကိုသာ ပြည်သူ လူထုအား စည်းရုံးကာ အင်တိုက်အားတိုက် ဆောင်ရွက် ခဲ့သဖြင့်၊ ပုလိပ် သပိတ် အပါအဝင် အထွေထွေ အမူထမ်း ပေါင်းစုံ သပိတ်ကြီး ပေါ်ပေါက် လာပြီး၊ နယ်ချဲ့ အင်္ဂလိပ် တို့၏ အုပ်ချုပ်ရေး ရပ်တန့် သွားခဲ့ရသည်။ ဗြိတိန် အစိုးရလည်း ဘုရင်ခံ ဆာဒေါ်မန်စမစ်ကို အင်္ဂလန်သို့ ပြန်ခေါ်ပြီး၊ ဘုရင်ခံ အသစ် အဖြစ် ဆာဟူးဘတ်ရန်စ်ကို ခန့်အပ် လိုက်သည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန်စ်က ဗိုလ်ချုပ်တို့ အလိုကျ အစိုးရ ဖွဲ့စည်းရန် စကား ကမ်းလှမ်း လာတော့သည်။ ထို ကမ်းလှမ်းချက် များကို ဖဆပလနှင့် ဆွေးနွေး ညှိနှိုင်း ကြပြီးနောက် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဖဆပလ ခေါင်းဆောင် များသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီဝင် ရာထူးကို ယူလိုက် ကြသည်။ ထိုကြောင့် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မှစ၍ ဗိုလ်ချုပ် အောင်ဆန်းသည် ဘုရင်ခံ၏ အမှုဆောင် ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဖြစ်လာသည်။ ထိုနောက် တနှစ် အတွင်း လုံးဝ လွတ်လပ်ရေး ရရှိရေး ဆောင်ပုဒ် အရ မြန်မာ့ လွတ်လပ်ရေး ကိစ္စ ဆွေးနွေးရန် ဗြိတိသျှ လေဘာ အစိုးရ၏ ဖိတ်ကြားချက် အရ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ခု ဇန်နဝါရီလတွင် လန်ဒန်သို့ သွားရောက် ခဲ့သည်။ ထိုဆွေးနွေးပွဲမှ မြန်မာနိုင်ငံအား တနှစ်အတွင်း လွတ်လပ်ရေး ပေးမည့် အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးရာတွင် ဗြိတိသျှတို့က တောင်တန်း ဒေသများကို ချန်ထား လိုသောကြောင့် ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်း ဒေသ ကိုပါ တပါတည်း လွတ်လပ်ရေး ပေးရန် တောင်းဆို ခဲ့ပြီး၊ တောင်တန်း ဒေသနှင့် မြန်မာပြည်ပ ပေါင်းစည်း အတွက် အားသွန် ကြိုးပမ်း ခဲ့ပြန်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ ကြိုးစား ရိုးသားမှုကြောင့် တောင်တန်း ဒေသ တိုင်းရင်းသား ခေါင်းဆောင်များ၏ ယုံကြည် ကိုးစားမှု ကိုပါ ရရှိခဲ့ပြီး၊ မြန်မာနိုင်ငံ သမိုင်းတွင် အရေးပါသော တိုင်းရင်းသား ပေါင်းစုံ သွေးစည်း ညီညွတ်ရေး သင်္ကေတ ဖြစ်ခဲ့သည့် ပင်လုံ စာချုပ် ချုပ်ဆို နိုင်ခဲ့သည်။ ထိုလုပ်ငန်းများ ပြီးစီး၍ လွတ်လပ်ရေး ရရန် သေချာသော အခြေအနေသို့ ရောက်သော အခါ လွတ်လပ်သော မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကြမည့် တိုင်းပြု ပြည်ပြု လွတ်တော် အတွက် ရွေးကောက်ပွဲ ကြီးကို ၁၉၄၇ ခု ဧပြီလတွင် အောင်မြင်စွာ ကျင်းပ နိုင်ခဲ့သည်။ ယင်းသို့ မြန်မာ့ လွတ်လပ်ရေး ဗိမာန်ကြီး ပြီးခါနီး အချိန် လွတ်လပ်သော မြန်မာနိုင်ငံ တည်ထောင်ရေး အားသွန် ကြိုးပမ်း နေဆဲတွင် နယ်ချဲ့ လက်ပါးစေ ဦးစောနှင့် အပေါင်းပါ တို့၏ ရက်စက် ယုတ်မာစွာ လုပ်ကြံ သတ်ဖြတ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် အခြားသော လုပ်ဖော်ကိုင်ဖက် တိုင်းပြည် ခေါင်းဆောင် အာဇာနည်ကြီးများ နှင့်အတူ ကျဆုံး ခဲ့ရ ပေသည်။
သခင် မြ (၁၈၉၇ - ၁၉၄၇)။ သခင် မြသည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဝန်ကြီး အဖွဲ့တွင် ပြည်ထဲရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ကွယ်လွန်သူ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး သခင်မြသည် ပြည်မြို့နယ် ထုံးဘိုရွာ ဇာတိ ဖြစ်သည်။ အဖ ဦးဘိုးချွန်နှင့် အမိ ဒေါ်သက်လယ် တို့မှ ၁၈၉၇ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ဖွားမြင်သည်။ ငယ်နာမည် မောင်ဘရွှေ ဖြစ်သည်။ နှမ မမြငွေ တဦးသာ ရှိ၍ နောင်အခါ သီလရှင် ဝတ်သွားပြီး ဒေါ်ခေမာဝတီ ဖြစ်လာ ခဲ့သည်။ သာယာဝတီ အေဘီအမ် ကျောင်းမှ သတ္တမတန်း အောင်ပြီး ဆယ်တန်းကို ရန်ကုန် ဘက်ပတစ် အထက်တန်း ကျောင်းမှ အောင်သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန် ကောလိပ်နှင့် ကာလတ္တား တက္ဗသိုလ် တို့မှ အိုင်အက်စ်စီ တန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အောင်သည်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်မှောက် ကောင်စီတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ယင်း သပိတ်နောက် ပေါ်လာသော အမျိုးသား ပညာရေး ကောင်စီ တွင်လည်း အဖွဲ့ဝင် တဦး ဖြစ်ရုံမက ကြည့်မြင်တိုင် အမျိုးသား အထက်တန်း ကျောင်းအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂၄ ခုနှစ်တွင် ဘီအက်စ်စီတန်းကို ဓာတုဗေဒ ဂုဏ်ထူးဖြင့် အမျိုးသား ကောလိပ်မှပင် အောင်သည်။ ၁၉၂၆ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်သည်။ ၁၉၂၇ ခုနှစ်တွင် ဥပဒေ ဝိဇ္ဇာဘွဲ့ အောင်ပြီးသော အခါ သာယာဝတီသို့ ပြန်၍ ရှေ့နေ အလုပ်ဖြင့် အသက် မွေးသည်။ ၁၉၃ဝ ပြည့်နှစ် တောင်သူ လယ်သမား အရေးတော်ပုံတွင် အရေးတော်ပုံ သားများ ဘက်မှ ရှေ့နေ လိုက်ရာမှ ထင်ရှား လာသည်။ ၁၉၃၆ ခုနှစ် ရောက်သော် တို့ ဗမာ အစည်းအရုံး ဝင်ရာမှ သခင် ဖြစ်လာပြီး သခင်မြဟု ထင်ရှား လာခဲ့သည်။ ထို့နောက် တို့ဗမာ အစည်းအရုံး၏ ကိုယ်ပွား ဖြစ်သော ‘ကိုယ်မင်း ကိုယ်ချင်း အဖွဲ့’ ၏ ဥက္ကဋ္ဌ ဖြစ်လာသည်။ ကိုယ်မင်း ကိုယ်ချင်း အဖွဲ့၏ တာဝန် ပေးချက် အရ သာယာဝတီ တောင်ပိုင်းမှ အမတ် အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရာ အရွှေး ခံရ၍ ၉၁ ဌာနခေတ် ဥပဒေပြု လွှတ်တော် အမတ် ဖြစ်လာသည်။ ထို့ကြောင့် ဥပဒေပြု လွှတ်တော် အတွက် ပထမဆုံး အရွေးခံ ရသော သခင် အမတ် သုံးဦး အနက် တစ်ဦး အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ အမတ် အဖြစ် အရွေးခံ ရသော်လည်း အင်္ဂလိပ် နယ်ချဲ့ အုပ်စိုးမှုကို ဆန့်ကျင်သည့် အနေဖြင့် အမတ်လစာ မယူသည့် သခင်အမတ်တစ်ဦးလည်း ဖြစ်သည်။ ပြည်သူ့ အရေးတော်ပုံပါတီ ဖွဲ့သော အခါတွင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ပ ဆက်သွယ်ရေး တာဝန် ယူပြီး သခင်မြက ပြည်တွင်း ခေါင်းဆောင် တာဝန် ယူခဲ့ ရသည်။ ၁၉၄၁ ခုတွင်မူ တို့ဗမာအစည်းအရုံး ဥက္ကဋ္ဌ အဖြစ် တင်မြှောက် ခံရသည်။ ရဲဘော် သုံးကျိပ် ဂျပန် နိုင်ငံသို့ စစ်ပညာသင် သွားနိုင်ရေး အတွက် စီစဉ် ဆောင်ရွက် ပေးခဲ့ရသူ တဦးလည်း ဖြစ်သည်။ ဒေါက်တာ ဘမော် ဦးဆောင်သော ဂျပန်ခေတ် လွတ်လပ်ရေး အစိုးရ အဖွဲ့တွင် ဒုတိယဝန်ကြီးချုပ် ဖြစ်သည်။ ဖက်ဆစ် တော်လှန်ရေး အတွက် ဖတပလကို ဖွဲ့သော အခါ ပြည်သူ့ အရေးတော်ပုံ ပါတီကို ကိုယ်စားပြု၍ သခင်မြလည်း ပါဝင် ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ပြည်သူ့ အရေးတော်ပုံ ပါတီကို မြန်မာပြည် ဆိုရှယ်လစ် ပါတီဟု ပြင်ဆင် ဖွဲ့စည်းသောအခါ သခင်မြပင် ဥက္ကဋ္ဌ ဖြစ်လာသည်။ စစ်ပြီးစ ဖဆပလ အဖွဲ့၏ ဗဟို အလုပ်အမှုဆောင် တဦးလည်း ဖြစ်ခဲ့သည်။ စစ်ပြီးခေတ် ဗိုလ်ချုပ် အောင်ဆန်း ဦးစီးသော ကြားဖြတ် အစိုးရ အဖွဲ့တွင် ဘဏ္ဍာရေးနှင့် အခွန်တော် ဌာန ဝန်ကြီး တာဝန်များ ယူခဲ့ရ သူလည်း ဖြစ်သည်။ ထို့နောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ ဥက္ကဋ္ဌနှင့် တိုင်းပြု ပြည်ပြု လွှတ်တော် ယာယီ သဘာပတိ တာဝန်များ အပေး ခံရသည်။ အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ဆိုရန် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သည့် လန်ဒန်သွား မြန်မာ ကိုယ်စားလှယ် အဖွဲ့တွင်လည်း ပါဝင် ခဲ့သည်။ လယ်သီစား ဥပဒေ ဋီကာ ကိုလည်း ရေးသား ခဲ့သေးသည်။ ဗိုလ်ချုပ် အောင်ဆန်းနှင့် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာ သူတို့ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အသက် ဆုံးရှုံး ခဲ့ရ ရှာသည်။
ဦးဘချို (၁၈၉၃ - ၁၉၄၇)။ ဒီးဒုတ် ဦးဘချိုမှာ မြောင်းမြ ဇာတိ ဖြစ်သည်။ အဖ မြန်မာဆေးဆရာကြီး ဦးဘိုးစာနှင့် အမိဒေါ်မြစ် တို့မှ ၁၈၉၃ ခု ဧပြီလ ၂၄ ရက်နေ့တွင် ဖွားမြင်သည်။ အသက် ၁၄ နှစ်တွင် မြောင်းမြမြို့ ဆရာ ဦးမောင်မောင် ကျောင်းမှ သတ္တမတန်းကို အထူး အောင်၍ စကောလားရှစ် ပညာသင်ဆု ရရှိ ခဲ့သည်။ ထိုနောက် ရန်ကုန်မြို့ရှိ စိန်ပေါလ်ကျောင်းတွင် ဆက်လက် ပညာ သင်ယူရာ ၁ဝ တန်းကို အထူး အောင်သောကြောင့် ပညာသင်ဆု ထပ်ရသည်။ ရန်ကုန် တက္ကသိုလ်တွင် ဘီအေ အထက်တန်း တက်နေဆဲ မျက်စိ ရောဂါကြောင့် တက္ကသိုလ်မှ ထွက်ခဲ့ ရသည်။ ပေါင်းတည်နှင့် ဟင်္သာတ မြို့များတွင် အစိုးရ ကျောင်းဆရာ အဖြစ် အမှုထမ်းခဲ့သည်။ ပညာအုပ်လည်း လုပ်ခဲ့ ဖူးသည်။ ၁၉၂ဝ တွင် ဒေါ်လှမေနှင့် လက်ထပ်သည်။ အမျိုးသား ကျောင်းများ ဖွင့်လာသော အခါ အစိုးရဝန်ထမ်းအဖြစ်မှ ထွက်ပြီး အမျိုးသားကောလိပ်တွင် မြန်မာစာ ဆရာ ဝင်လုပ်သည်။ အစိုးရ အထောက်အပံ့ မယူသော အမျိုးသား ကျောင်းဆရာလည်း လုပ်ခဲ့ ဖူးသည်။ တပတ် တကြိမ်ထုတ် ‘မြန်မာ့ ရီဗျူးဂျာနယ်’ ကို အယ်ဒီတာချုပ် အဖြစ် ဦးစီး ထုတ်ဝေ ခဲ့သည်။ ထိုနောက် ‘ဒီးဒုတ် ဂျာနယ်’ ကို ၁၉၂၅ ခုနှစ်တွင် ဦးစီး ထုတ်ဝေရာတွင် ဒီးဒုတ် ဦးဘချိုဟု ထင်ရှား လာသည်။ ဆရာကြီးသည် အင်္ဂလိပ် - မြန်မာနှင့် ပါဠိစာပေများတွင် နှံ့စပ်ပြီး ဆေးကျမ်း၊ ဗေဒင်၊ နက္ခတ်နှင့် အဂ္ဂရပ် ပညာ များကိုလည်း လိုက်စား ခဲ့သည်။ မြန်မာ သီချင်း ကြီးကိုလည်း စည်းစနစ် ကျစွာ တတ်မြောက်သူ တဦးဖြစ်သည်။ တူရိယာ၊ ကဗျာ၊ ဂီတကို မြတ်နိုးပြီး စောင်းကောက်ကိုလည်း ပိုင်နိုင်စွာ တီးတတ်သည်။ မြန်မာ သီချင်းကြီး သီချင်းခန့် များကို မူမှန် အတိုင်း ဖြစ်စေရန် ‘ဂီတဝိသောဓနိ’ ကျမ်းကိုလည်း တည်းဖြတ် ခဲ့သည်။ ၁၉၃၈ ခုနှစ် အတွင်း ဒီးဒုတ် နေ့စဉ် သတင်းစာကို ထုတ်ဝေ ခဲ့သည်။ ဆရာကြီးသည် သတင်းစာ ဆရာ၊ အယ်ဒီတာ၊ စာရေးဆရာ စသည့် စာပေ သမား တဦး အနေဖြင့် ပြည်သူလူထု နိုင်ငံရေး အသိတရား နိုးကြား စေသည့် စာပေ များကိုလည်း ရေးသား ခဲ့သည်။ အင်္ဂလိပ်တို့ ပေးသော ဒိုင်အာခီအုပ်ချုပ်ရေးနှင့် ၉၁ဌာနအုပ်ချုပ်ရေး တို့ကို ဆန့်ကျင် ခဲ့သည်။ ဖေဘီယန် (Fabian) ပါတီ ကိုလည်း တည်ထောင် ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန် ယူခဲ့သည်။ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌလည်း ဖြစ်ခဲ့ သေးသည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ် သပိတ်မှောက် ကျောင်းသားများ စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးလည်း အဖြစ်လည်း တာဝန် ယူခဲ့သည်။ ဂျပန်ခေတ် အဓိပတိ ဒေါက်တာ ဘမော် အစိုးရ လက်ထက်တွင် အတိုင်ပင်ခံ လွှတ်တော် အမတ် အဖြစ် ထမ်းဆောင် ခဲ့သည်။ စာရေး ဆရာ အသင်း နယကလည်း ဖြစ်သည်။ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိ ကြိုးပမ်းရန် အတွက် ဖဆပလ အဖွဲ့ချုပ် ဖွဲ့စည်းသော အခါ ဝင်ရောက် ဆောင်ရွက်သည်။ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ ကြားဖြတ် အစိုးရ အဖွဲ့တွင် ပြန်ကြားရေး ဝန်ကြီး အဖြစ် တာဝန် ယူခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်တွင် မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ အဖွဲ့ဝင် အဖြစ် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ တို့နှင့် အတူ အထူး အပင်ပန်း ခံ၍ ဆောင်ရွက် ခဲ့သည်။ ချင်းပြည်နယ် ထီးလင်း မြို့တွင် ကျင်းပသော ချင်း - ဗမာ ချစ်ကြည်ရေး ကျောက်တိုင် ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်စား အဖြစ် လည်းကောင်း၊ ပြန်ကြားရေး ဝန်ကြီး အနေဖြင့် လည်းကောင်း တက်ရောက် ခဲ့သည်။ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံ ခံရပြီး၊ မွန်းလွဲ ၁ နာရီ ၄၅ မိနစ် အချိန်တွင် ကွယ်လွန်သည်။
အောက်မှာဆက်ဖတ်ပါခင်ဗျာ။ ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)။ အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်သည် အငြိမ်းစား တိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ညိမ်းလှ တို့၏ သားဖြစ်သည်။ ဆရာကြီးကို မိတ္ထီလာ၌ ၁၈၉၈ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နေ့တွင် ဖွားမြင်သည်။ မန္တလေး စက်စလီ ယောက်ျားလေးကျောင်းမှ ဆယ်တန်းကို ပါဠိ၊ အင်္ဂလိပ်စာ ဂုဏ်ထူးတို့ဖြင့် အောင်မြင်ခဲ့သည်။ တက္ကသိုလ်တွင် ပညာ သင်နေစဉ် ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ် သပိတ်တွင် ပါဝင် ခဲ့သည်။ အစ္စလာမ် ဘာသာ ကိုးကွယ်သည်။ ၁၉၂၁ ခုတွင် မန္တလေး ဗဟိုအမျိုးသားအထက်တန်း ကျောင်းကြီးကို ဦးစီး ဖွင့်လှစ်ခဲ့ပြီး ထိုကျောင်း၌ အထက်တန်းပြဆရာ လုပ်သည်။ ၁၉၂၂ ခုတွင် အမျိုးသား ပညာရေး အဖွဲ့ကြီး၏ ဘီအေ စာမေးပွဲကြီးကို အောင်ခဲ့၍ အေရာဇတ် ဘီအေ (နယ်ရှင်နယ်) အမည် ခံခဲ့သည်။ ၁၉၂၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်တိုင် ဗဟို အမျိုးသား အထက်တန်း ကျောင်းတွင် ကျောင်းအုပ်ဆရာကြီး အဖြစ် ထမ်းရွက်ခဲ့သည်။ ဗဟိုအမျိုးသားအထက်တန်း ကျောင်းအုပ် အဖြစ် ဆောင်ရွက်စဉ် ရဲညွန့်တပ် ဖွဲ့စည်းပြီး ကျောင်းသား လူငယ် များကို စစ်ပညာသင်ပေးရုံမက မျိုးချစ်စိတ်လည်း သွင်းပေးသည်။ ၁၉၃၈ ခုတွင် ရွှေဘိုသူ ဒေါ်ခင်ခင်နှင့် လက်ထပ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းက ပိတ်ထား ခဲ့ရသော အမျိုးသား ကျောင်းကြီးကို ပြန်လည် ဖွင့်လှစ်သော အခါ အမျိုးသား ကျောင်းတွင် ဆရာ ပြန်လုပ်သည်။ အထက် မြန်မာ နိုင်ငံလုံး ဆိုင်ရာ ဖဆပလ အဖွဲ့ ဥက္ကဋ္ဌလည်း ဖြစ်လာသည်။ ဗမာမွတ်စလင် ကွန်ဂရက် (ဗ.မ.က) ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ မြန်မာ နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီဝင် တဦးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်း ဌာန ဝန်ကြီး အဖြစ် တာဝန် ယူနေစဉ် အခြား ခေါင်းဆောင်ကြီးများ နှင့်အတူ မသမာသူ တို့၏ လက်ချက်ဖြင့် ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက် စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရပြီး အသက် ဆုံးရှုံး ခဲ့သည်။
မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)။ ကရင် အမျိုးသား အာဇာနည် ခေါင်းဆောင်ကြီး မန်းဘခိုင်သည် ဟင်္သာတမြို့နယ် ယုန်တလင်းရွာ ဇာတိ ဖြစ်သည်။ အဖ ယုန်တလင်း ရွာသူကြီး မန်းပေကုန်းနှင့် အမိ ဒေါ်ပု ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉ဝ၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်ဖြစ်သည်။ ဟင်္သာတမြို့ အေဘီအမ် ကျောင်းတွင် ပညာ သင်ယူ ခဲ့ရာ ၁၉၂ဝ ပြည့်နှစ်တွင် သတ္တမတန်း အောင်သည်။ ကရင်ဘာသာသင်ကျောင်း တစ်ကျောင်းကို ဦးစီးဖွင့်လှစ်ခဲ့သူတစ်ဦး ဖြစ်သည်။ ၁၉၃၇ ခုတွင် ပုသိမ် မြောက်ပိုင်းမှ အမတ် အဖြစ် အရွေး ခံရသည်။ ၁၉၃၈ ခုတွင် ပဲခူးသူ ဒေါ်ခင်နီနှင့် လက်ထပ်သည်။ ၁၉၄၁ ခုတွင် တရားရေး ဌာန အတွင်းဝန် ဖြစ်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့ရုံမက ကရင် - ဗမာ ချစ်ကြည်ရေးကို အထူး ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ စစ်ပြီး ခေတ်တွင် ဖဆပလ ဗဟိုအမှုဆောင် လူကြီးတစ်ဦး ဖြစ်လာသည်။ ကရင်လူငယ်များအစည်းအရုံး ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခြင်းခံရသည်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီး ဌာန ဝန်ကြီးလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ လုပ်ကြံ ခံရ၍ ၁၉၄၇ ခု ဇူလိုင်လ ၁၉ ရက်နေ့တွင် ကွယ်လွန် ခဲ့သည်။
မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)။ မိုင်းပွန် စော်ဘွားကြီး စပ်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေဝီ နန်းစိန်ဥ တို့၏ သား စပ်စံထွန်းသည် ၁၉ဝ၇ မေလ ၃၁ ရက်နေ့ဖွား ဖြစ်သည်။ တောင်ကြီးမြို့ ရှမ်းစော်ဘွား သားများ အထက်တန်း ကျောင်းမှ ဆယ်တန်း အောင်သည်။ မန္ဈလေး ပုလိပ် အတတ်သင် ကျောင်းလည်း တက်ခဲ့ ဖူးသည်။ ထို့နောက် ပုလိပ် အရာရှိ အဖြစ် ခေတ္တ အမှု ထမ်းခဲ့သည်။ ၁၉၂၈ ခုတွင် စော်ဘွား အဖြစ် ခံယူ လိုက်၍ မိုင်းပွန် စော်ဘွားကြီး ဖြစ်လာသည်။ ၁၉၃၂ ခုတွင် မိုးမိတ် စော်ဘွားကြီး၏ သမီး စပ်ခင်သောင်းနှင့် လက်ထပ်သည်။ ရှမ်းပြည်နယ်တွင် သိပ္ပံနည်းကျ စိုက်ပျိုးရေး လုပ်ငန်းများ ထွန်းကား လာစေရန် ကြိုးပမ်း ခဲ့သူ တဦးလည်း ဖြစ်သည်။ အင်္ဂလန် နိုင်ငံမှ စိုက်ပျိုးရေး ဆိုင်ရာ ခေတ်မီ စာအုပ်များ၊ ကိရိယာ တန်ဆာ ပလာများနှင့် သီးနှံ မျိုးစေ့များ ကိုပင် မှာယူ ခဲ့ဖူးသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီး၍ အင်္ဂလိပ်များ မြန်မာ နိုင်ငံသို့ ပြန်ဝင် လာသော် ယင်းနှင့် အတူ ပါလာသော စက္ကူဖြူ အုပ်ချုပ်ရေးကို ဆန့်ကျင် ခဲ့သူ ဖြစ်သည်။ တောင်တန်းနှင့် မြေပြန့် သွေးခွဲ၍ အုပ်ချုပ် သည်ကို မလိုလား၍ မြေပြန့်နှင့် တောင်တန်း စည်းလုံး ညီညွတ်ရေး အတွက် လုံးပမ်းခဲ့သူ ဖြစ်သည်။ ထို့ကြောင့်လည်း ပင်လုံ စာချုပ်ကို လက်မှတ် ရေးထိုး ခဲ့သည့် စော်ဘွားလည်း ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်သော ကြားဖြတ် အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်း ဒေသရေးရာ ဝန်ကြီး ဖြစ်လာသည်။ ထို့ပြင် တိုင်းပြု ပြည်ပြု လွှတ်တော်၏ ပြည်ထောင်စုနှင့် ပြည်နယ် ဆိုင်ရာ ဆပ် ကော်မတီ၊ လူနည်းစု ဆိုင်ရာ ဆပ် ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ များတွင် အဖွဲ့ဝင်လည်း ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လုပ်ကြံ ခံရပြီး၊ ဇူလိုင်လ ၂ဝ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ကွယ်လွန် ခဲ့သည်။
ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)။ နတ်မောက်မြို့ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သားသမီး ၉ ယောက် အနက် ဦးဘဝင်းသည် အကြီးဆုံးသား ဖြစ်သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်ပြီး၊ ၁၉ဝ၁ ခု၊ ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်သည်။ ၁၉၁၄ ခုတွင် နတ်မောက် အလယ်တန်း ကျောင်းမှ သတ္တမတန်း အောင်သည်။ မြန်မာလို ကိုးတန်း အောင်ပြီးနောက် အလယ်တန်း ဆရာဖြစ် စာမေးပွဲလည်း အောင်သော အခါ နတ်မောက်၌ပင် ကျောင်းအုပ် ခေတ္တ လုပ်သည်။ ထို့နောက် ရေနံချောင်း၌ ကျောင်းဆရာ၊ ဘီအိုစီ စာရေး ဘဝဖြင့် ကျင်လည်ရင်း အင်္ဂလိပ်စာ အလွတ် ပညာသင်ကျောင်း တက်သည်။ ၁၉၂၄ ခုတွင် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းမှ ဆယ်တန်းကို သုံးဘာသာ ဂုဏ်ထူးဖြင့် အောင်ရုံမက ပထမလည်း ရသည်။ ၁၉၂၉ ခုတွင် ရန်ကုန် တက္ကသိုလ်မှ သင်္ချာ ဂုဏ်ထူးတန်း အောင်၍ ဘီအက်စ်စီ ဘွဲ့ရသည်။ ပထမဆုံး တက္ကသိုလ် ဘွဲ့ရ နတ်မောက်သားလည်း ဖြစ်သည်။ ဘွဲ့ရပြီးနောက် ရေနံချောင်း အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်းပြ ဆရာ အဖြစ် လည်းကောင်း၊ ဖြူးမြို့ အမျိုးသား အထက်တန်း ကျောင်းတွင် အထက်တန်း ကျောင်းအုပ် အဖြစ်လည်းကောင်း ဆောင်ရွက် ခဲ့သည်။ ၁၉၃၅ ခုတွင် တောင်တွင်းကြီး မြို့မှ ဦးစံ၊ ဒေါ်ရွှေမေ တို့၏ သမီး ဒေါ်ခင်စောနှင့် လက်ထပ်သည်။ စစ်ပြီးခေတ်တွင် ရေနံချောင်း မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်လာသည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံ့ရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး အဖြစ် တာဝန် ထမ်းဆောင်သည်။ တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီ တွင်လည်း ပါဝင် ခဲ့သည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ် အချိန်တွင် လုပ်ကြံ ခံရပြီး ကွယ်လွန်သည်။
ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)။ ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ခ်ျဒဗလျူတရပ်(တ်)ဝန်း၊ ဒေါ်ရွှေမြင့် တို့၏ ဒုတိယသား ဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝက ရန်ကုန် တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်း အောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲ ဖြေသူ ၃ ဦး အနက် ပထမ ရသည်။ ၁၉၃၉ ခုတွင် မန္ဈလေးမြို့၊ အရှေ့နယ်ပိုင် ဝန်ထောက် အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ထို့နောက် လမ်းပန်း ဆက်သွယ်ရေး အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံ ခံရသည်။
ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)။ မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာ စိုက်ပျိုးရေး ဝန်ထောက် ဦးကိုကိုလေး၊ ဒေါ်မင်းရီ တို့၏ ဆဋ္ဌမမြောက် သားဖြစ်သည်။ နဝမတန်း အထိ ပညာ သင်ကြား ခဲ့သည်။ အသက် ၁၈ နှစ် အရွယ်တွင် ပညာရေး ဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့် အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့၊ နံနက် ၁ဝ နာရီ ၄၅ မိနစ်တွင် အာဇာနည် ခေါင်းဆောင်ကြီး များကို လုပ်ကြံသော မသမာ သူတို့၏ လက်ချက်ဖြင့် ကျဆုံး ရသည်။
အထက်ပါ အကြောင်းအရာများကို အာဇာနည်နေ့ အထိန်းအမှတ် စာအုပ်များမှ ကူးယူဖော်ပြခြင်းဖြစ်သည်။